DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးခဲ့ရသည့် ရွာသား ၅ ဦး၏ ဈာပန ကျင်းပ
DVB
·
September 1, 2019
လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးခဲ့ရသည့် ရွာသား ၅ ဦး၏ ဈာပန ကျင်းပ
1 / 3
Donate to DVB

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့အတွင်း သြဂုတ် ၃၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကြား နေအိမ်အတွင်း လက်နက်ကြီးကျရောက်လို့ သေဆုံးခဲ့ရတဲ့ မော်ဟစ်ရွာသား ၅ ဦးရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

သေဆုံးသွားတဲ့ ရွာသား ၅ ဦးထဲမှာ အသက် ၄ လ၊ ၉ နှစ်၊ ၁၄ နှစ်အရွယ် ကလေးသူငယ်တွေနဲ့ ၁၈ နှစ်နဲ့ ၃၄ နှစ်အရွယ် ကလေးမိခင်တွေ ပါဝင်နေပါတယ်။

သြဂုတ် ၁၅ ရက်နေ့က စတင်ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့ တပ်မတော်တို့ကြားက တိုက်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာက သေဆုံးမှုတွေဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။

တိုက်​ပွဲ​ကြောင့် စစ်​​ဘေး​ရှောင်​ ပြည်​သူ​တွေ ​ထောင်​နဲ့ချီပြီး ထွက်​​ပြေး တိမ်းရှောင်​​နေရတယ်​လို့ သိရပါတယ်​။

ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်းမှာ သြဂုတ်​လ ၉ ရက်​​နေ့ကစပြီး ​မြောက်​ပိုင်းမဟာမိတ်ဖြစ်​တဲ့ တီအန်အယ်အေ၊ အေအေ၊ အမ်အန်ဒီအေအေတပ်တွေနဲ့ တပ်​မ​တော်​ကြား တိုက်​ပွဲတွေ ဖြစ်​ပွားနေတာပါ။

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လက္နက္ႀကီး က်ေရာက္မႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ႐ြာသား ၅ ဦး၏ ဈာပန က်င္းပ

ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕အတြင္း ၾသဂုတ္ ၃၁ ရက္ေန႔က ပစ္ခတ္တိုက္ခိုက္မႈေတြၾကား ေနအိမ္အတြင္း လက္နက္ႀကီးက်ေရာက္လို႔ ေသဆုံးခဲ့ရတဲ့ ေမာ္ဟစ္႐ြာသား ၅ ဦးရဲ႕ ဈာပနအခမ္းအနားကို ဒီကေန႔ က်င္းပခဲ့ပါတယ္။

ေသဆုံးသြားတဲ့ ႐ြာသား ၅ ဦးထဲမွာ အသက္ ၄ လ၊ ၉ ႏွစ္၊ ၁၄ ႏွစ္အ႐ြယ္ ကေလးသူငယ္ေတြနဲ႔ ၁၈ ႏွစ္နဲ႔ ၃၄ ႏွစ္အ႐ြယ္ ကေလးမိခင္ေတြ ပါဝင္ေနပါတယ္။

ၾသဂုတ္ ၁၅ ရက္ေန႔က စတင္ၿပီး ေျမာက္ပိုင္းမဟာမိတ္ညီေနာင္ သုံးဖြဲ႕နဲ႔ တပ္မေတာ္တို႔ၾကားက တိုက္ပြဲေတြအတြင္းမွာ အရပ္သားျပည္သူေတြ ထိခိုက္ဒဏ္ရာက ေသဆုံးမႈေတြဟာ ေန႔စဥ္နဲ႔အမွ် ျမင့္တက္လာေနပါတယ္။

တိုက္​ပြဲ​ေၾကာင့္ စစ္​​ေဘး​ေရွာင္​ ျပည္​သူ​ေတြ ​ေထာင္​နဲ႔ခ်ီၿပီး ထြက္​​ေျပး တိမ္းေရွာင္​​ေနရတယ္​လို႔ သိရပါတယ္​။

ရွမ္းျပည္​နယ္​ ​ေျမာက္​ပိုင္းမွာ ၾသဂုတ္​လ ၉ ရက္​​ေန႔ကစၿပီး ​ေျမာက္​ပိုင္းမဟာမိတ္ျဖစ္​တဲ့ တီအန္အယ္ေအ၊ ေအေအ၊ အမ္အန္ဒီေအေအတပ္ေတြနဲ႔ တပ္​မ​ေတာ္​ၾကား တိုက္​ပြဲေတြ ျဖစ္​ပြားေနတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013