DVB Logo
Home
မြန်မာသတင်း
မျက်နှာဖုံးတပ်ပြီး ဘဏ်လုယက်ခဲ့သူများကို ၂ နှစ်ခန့်အကြာတွင် ဖမ်းမိ
DVB
·
September 1, 2019
မျက်နှာဖုံးတပ်ပြီး ဘဏ်လုယက်ခဲ့သူများကို ၂ နှစ်ခန့်အကြာတွင် ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘဏ်ကနေ ငွေလုခဲ့သူတွေကို ကျူးလွန်ပြီး ၂ နှစ်လောက်အကြာမှာ ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ် ဩဂုတ် ၆ ရက်နေ့မှာဖြစ်ခဲ့တဲ့ ဓားထောက်လုယက်တာကို စုံစမ်းဖမ်းဆီးပြီးနောက် အရင်အမှုကို မိတာလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေ၊ ဒေါ်ဇုံးဝမ်ဟာ သြဂုတ် ၆ ရက်နေ့က ကမ္ဘောဇဘဏ်ခွဲ ၁ ကနေ ငွေကျပ်သိန်း ၂၃၀ ထုတ်ယူပြီး အိမ်ကို ညနေဘက် ပြန်အရောက်မှာ လူငယ် ၃ ယောက်က ဟွန်ဒါဖစ်ကားနဲ့ရောက်လာပြီး ၂ ယောက်က ဒေါ်ဇုံးဝမ်ကို ဓားနဲ့ထောက်လို့ ငွေထုပ်ကို လုယူသွားခဲ့ပါတယ်။

မြစ်ကြီးနားမြို့မရဲစခန်းမှာ ဒေါ်ဇုံးဝမ်က တိုင်တန်းခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာမှာ မသင်္ကာတရားခံ မတူးမာ(ခ) တိုးတိုးလွင်ကို ဖော်ထုတ်ရမိပြီး စစ်ဆေးခဲ့ရာတော့ သူ့ရဲ့ ခင်ပွန်း အသက် ၃၁ နှစ်အရွယ် ခင်မောင်ဇင်နဲ့ အသက် ၂၆ နှစ်အရွယ် ရဲဇော်ထွန်း(ခ)ဘိုဘို၊ အသက် ၂၉ နှစ်အရွယ် သက်ထွေးတို့ဟာ ငွေတွေ လုယူခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သူတို့ ၃ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးရာမှာတော့ ပြစ်မှုကျူးလွန်ခဲ့တာကို ဝန်ခံ ထွက်ဆိုပြီး ပြစ်မှုကျူးလွန်တုန်းက သုံးခဲ့တဲ့ ဟွန်ဒါဖစ်ကားနဲ့ သက်သေခံပစ္စည်း တချို့ကိုလည်း ပြန်သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဟာ တခြားပြစ်မှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အမှတ် ၁ ဈေးအပေါ်ထပ်က ကမ္ဘောဇမီနီဘဏ်ကို လုယူခဲ့တာလည်း ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီတုန်းက မျက်နှာဖုံးတပ်ထားတဲ့ လူငယ် ၄ ယောက်ဟာ သေနတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဘဏ်လုံခြုံရေးဝန်ထမ်းတွေကို ရိုက်နှက်လို့ ဘဏ်ကောင်တာထဲက ငွေကျပ် သိန်း ၉၂၀ ကို ယူသွားခဲ့တာပါ။

လုယက်မှုမှာတော့ သက်ထွေး၊ ခင်မောင်ဇင်တို့နဲ့အတူ ဦးကဲ(ခ) အောင်ဆန်းထွေး၊ နိုင်မင်းထွန်းတို့တို့ ပါဝင်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။

အဲဒီတုန်းက ပါသွားတဲ့ သက်သေခံပစ္စည်းတွေ ပြန်လည်သိမ်းဆည်းရမိရေးနဲ့ တခြားအမှုတွေ ကျူးလွန်ခဲ့တာ ရှိ၊ မရှိကို ဆက်ပြီး စိစစ်ဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

~~~~~~~~~~~~~~~~

Zawgyi_version

မ်က္ႏွာဖုံးတပ္ၿပီး ဘဏ္လုယက္ခဲ့သူမ်ားကို ၂ ႏွစ္ခန႔္အၾကာတြင္ ဖမ္းမိ

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ဘဏ္ကေန ေငြလုခဲ့သူေတြကို က်ဴးလြန္ၿပီး ၂ ႏွစ္ေလာက္အၾကာမွာ ဖမ္းမိၿပီလို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

၂၀၁၉ ခုႏွစ္ ဩဂုတ္ ၆ ရက္ေန႔မွာျဖစ္ခဲ့တဲ့ ဓားေထာက္လုယက္တာကို စုံစမ္းဖမ္းဆီးၿပီးေနာက္ အရင္အမႈကို မိတာလို႔ ဆိုပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္ေန၊ ေဒၚဇုံးဝမ္ဟာ ၾသဂုတ္ ၆ ရက္ေန႔က ကေမာၻဇဘဏ္ခြဲ ၁ ကေန ေငြက်ပ္သိန္း ၂၃၀ ထုတ္ယူၿပီး အိမ္ကို ညေနဘက္ ျပန္အေရာက္မွာ လူငယ္ ၃ ေယာက္က ဟြန္ဒါဖစ္ကားနဲ႔ေရာက္လာၿပီး ၂ ေယာက္က ေဒၚဇုံးဝမ္ကို ဓားနဲ႔ေထာက္လို႔ ေငြထုပ္ကို လုယူသြားခဲ့ပါတယ္။

ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းမွာ ေဒၚဇုံးဝမ္က တိုင္တန္းခဲ့တာေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၃၈၂/၁၁၄ ျဖင့္ အမႈဖြင့္ၿပီး ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕က စုံစမ္းေဖာ္ထုတ္ခဲ့ရာမွာ မသကၤာတရားခံ မတူးမာ(ခ) တိုးတိုးလြင္ကို ေဖာ္ထုတ္ရမိၿပီး စစ္ေဆးခဲ့ရာေတာ့ သူ႔ရဲ႕ ခင္ပြန္း အသက္ ၃၁ ႏွစ္အ႐ြယ္ ခင္ေမာင္ဇင္နဲ႔ အသက္ ၂၆ ႏွစ္အ႐ြယ္ ရဲေဇာ္ထြန္း(ခ)ဘိုဘို၊ အသက္ ၂၉ ႏွစ္အ႐ြယ္ သက္ေထြးတို႔ဟာ ေငြေတြ လုယူခဲ့တယ္ဆိုတာ စစ္ေဆးေပၚေပါက္တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

သူတို႔ ၃ ေယာက္ကို ဖမ္းဆီးၿပီး စစ္ေဆးရာမွာေတာ့ ျပစ္မႈက်ဴးလြန္ခဲ့တာကို ဝန္ခံ ထြက္ဆိုၿပီး ျပစ္မႈက်ဴးလြန္တုန္းက သုံးခဲ့တဲ့ ဟြန္ဒါဖစ္ကားနဲ႔ သက္ေသခံပစၥည္း တခ်ိဳ႕ကိုလည္း ျပန္သိမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔ဟာ တျခားျပစ္မႈေတြကိုလည္း က်ဴးလြန္ခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္ခ်က္အရ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၂၃ ရက္ေန႔ ေန႔လယ္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕၊ မင္းရပ္ရပ္ကြက္၊ အမွတ္ ၁ ေဈးအေပၚထပ္က ကေမာၻဇမီနီဘဏ္ကို လုယူခဲ့တာလည္း ေပၚေပါက္ခဲ့ပါတယ္။

အဲဒီတုန္းက မ်က္ႏွာဖုံးတပ္ထားတဲ့ လူငယ္ ၄ ေယာက္ဟာ ေသနတ္ေတြနဲ႔ ၿခိမ္းေျခာက္ၿပီး ဘဏ္လုံၿခဳံေရးဝန္ထမ္းေတြကို ႐ိုက္ႏွက္လို႔ ဘဏ္ေကာင္တာထဲက ေငြက်ပ္ သိန္း ၉၂၀ ကို ယူသြားခဲ့တာပါ။

လုယက္မႈမွာေတာ့ သက္ေထြး၊ ခင္ေမာင္ဇင္တို႔နဲ႔အတူ ဦးကဲ(ခ) ေအာင္ဆန္းေထြး၊ ႏိုင္မင္းထြန္းတို႔တို႔ ပါဝင္ခဲ့တယ္လို႔ ရဲက ဆိုပါတယ္။

အဲဒီတုန္းက ပါသြားတဲ့ သက္ေသခံပစၥည္းေတြ ျပန္လည္သိမ္းဆည္းရမိေရးနဲ႔ တျခားအမႈေတြ က်ဴးလြန္ခဲ့တာ ရွိ၊ မရွိကို ဆက္ၿပီး စိစစ္ေဖာ္ထုတ္ေနတယ္လို႔လည္း ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013