DVB Logo
Home
မြန်မာသတင်း
ဂူတာပြင်ရွာဖြစ်စဉ် တာဝန်ရှိသူများကို စစ်စည်းကမ်းအရ အရေးယူမည့် အခြေအနေရှိဟုဆို
DVB
·
September 1, 2019
ဂူတာပြင်ရွာဖြစ်စဉ် တာဝန်ရှိသူများကို စစ်စည်းကမ်းအရ အရေးယူမည့် အခြေအနေရှိဟုဆို
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာက ဖြစ်စဉ်တချို့ကြောင့် လုံခြုံရေး တာဝန်ရှိသူတွေကို စစ်စည်းကမ်းအရ အရေးယူရမယ့် အခြေအနေရှိနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ဂူတာပြင် ဖြစ်စဉ်ဆိုတာဟာ ရွာပတ်ဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ မြှုပ်ထားတယ်လို့ AP သတင်းဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်နည်းဥပဒေတွေအရ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ်လ ၅ ရက်အထိ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးခဲ့တဲ့ ၂ ကြိမ်အတွင်း တွေ့ရှိချက်တွေအရ ဂူတာပြင်ရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေ ပေါ်ပေါက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တရားရုံး (Court- Martial) နဲ့ ဆက်လက်စစ်ဆေးနိုင်ဖို့ စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လုပ်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးအနေနဲ့ ကျန်တဲ့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရွာပတ်ဝန်းကျင် နေရာ ၅ ခုမှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို မြှုပ်နှံထားတယ်လို့ အေပီ သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ သတင်းဖော်ပြအပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက အဲဒီသတင်းဟာ မဟုတ်မှန်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇၊ သြဂုတ် ၂၈ ရက်က အဲဒီရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA တို့ တိုက်ခိုက်ခဲ့ကြပြီး ARSA  ဘက်က ၁၉ ယောက် သေဆုံးခဲ့လို့ စနစ်တကျ မြှုပ်နှံခဲ့တယ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အစီရင်ခံစာတွေ ထွက်လာပြီးနောက်မှာတော့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးဖို့ စတင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာတွေအပေါ် ထပ်ပြီး စိစစ်ဖို့အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး ၂၀၁၉၊ မတ် ၁၈ မှာ စတင်စစ်ဆေးမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေရဲ့အပေါ် စုံစမ်းစစ်ဆေးခဲ့တဲ့ အဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြုတင်ပြချက်တွေ၊ Human Rights Watch အဖွဲ့၊ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) နဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တို့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြု တင်ပြချက်တွေကြောင့် အစီရင်ခံစာအသီးသီးရဲ့ ရေးသားဖော်ပြချက်တွေကို ထပ်ပြီး စိစစ်အတည်ပြုဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်တချို့ကြောင့် တပ်မတော်အရာရှိတွေ အပါအဝင် တပ်သားတွေကို အရေးယူ ထောင်ချခဲ့တာတွေလည်း ရှိခဲ့ပြီး သူတို့ဟာ ထောင်ကျပြီး မကြာခင်မှာပဲ ပြန်လွတ်ခဲ့တာတွေလည်း ရှိခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဂူတာျပင္႐ြာျဖစ္စဥ္ တာဝန္ရွိသူမ်ားကို စစ္စည္းကမ္းအရ အေရးယူမည့္ အေျခအေနရွိဟုဆို

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္႐ြာက ျဖစ္စဥ္တခ်ိဳ႕ေၾကာင့္ လုံၿခဳံေရး တာဝန္ရွိသူေတြကို စစ္စည္းကမ္းအရ အေရးယူရမယ့္ အေျခအေနရွိေနတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က မေန႔က ထုတ္ျပန္ပါတယ္။

ဂူတာျပင္ ျဖစ္စဥ္ဆိုတာဟာ ႐ြာပတ္ဝန္းက်င္မွာ ရာနဲ႔ခ်ီတဲ့ ႐ုပ္အေလာင္းေတြ ျမႇဳပ္ထားတယ္လို႔ AP သတင္းဌာနက ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

တပ္မေတာ္နည္းဥပေဒေတြအရ ဖြဲ႕စည္းခဲ့တဲ့ ဥကၠ႒ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရးခုံ႐ုံး (Court of Inquiry) ဟာ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမကို ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၅ ရက္ကေန ၾသဂုတ္လ ၅ ရက္အထိ ဒုတိယအႀကိမ္ သြားေရာက္စစ္ေဆးခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္ေဆးခဲ့တဲ့ ၂ ႀကိမ္အတြင္း ေတြ႕ရွိခ်က္ေတြအရ ဂူတာျပင္႐ြာ ျဖစ္စဥ္တခ်ိဳ႕မွာ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ဖို႔ အားနည္းခဲ့တာေၾကာင့္ စစ္စည္းကမ္းအရ အေရးယူဖို႔ အေျခအေန ေပၚေပါက္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ စစ္တရား႐ုံး (Court- Martial) နဲ႔ ဆက္လက္စစ္ေဆးႏိုင္ဖို႔ စစ္ဘက္တရားစီရင္ေရး လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ဆက္လုပ္သြားမွာျဖစ္ၿပီး စုံစမ္းစစ္ေဆးေရးခုံ႐ုံးအေနနဲ႔ က်န္တဲ့ စုံစမ္းစစ္ေဆးတာေတြ ဆက္လုပ္သြားမယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

႐ြာပတ္ဝန္းက်င္ ေနရာ ၅ ခုမွာ ရာနဲ႔ခ်ီတဲ့ ႐ုပ္အေလာင္းေတြကို ျမႇဳပ္ႏွံထားတယ္လို႔ ေအပီ သတင္းဌာနက ေဖေဖာ္ဝါရီ ၁ ရက္မွာ သတင္းေဖာ္ျပအၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး သတင္းထုတ္ျပန္ေရးေကာ္မတီက အဲဒီသတင္းဟာ မဟုတ္မွန္ဘူးလို႔ ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၇၊ ၾသဂုတ္ ၂၈ ရက္က အဲဒီ႐ြာမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ARSA တို႔ တိုက္ခိုက္ခဲ့ၾကၿပီး ARSA  ဘက္က ၁၉ ေယာက္ ေသဆုံးခဲ့လို႔ စနစ္တက် ျမႇဳပ္ႏွံခဲ့တယ္လို႔ပဲ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ရခိုင္ျပည္နယ္ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ အစီရင္ခံစာေတြ ထြက္လာၿပီးေနာက္မွာေတာ့ တပ္မေတာ္ဘက္က စုံစမ္းစစ္ေဆးဖို႔ စတင္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ARSA အဖြဲ႕နဲ႔ပတ္သက္ၿပီး တပ္မေတာ္က ေဆာင္႐ြက္ခဲ့တဲ့ အစီရင္ခံစာေတြအေပၚ ထပ္ၿပီး စိစစ္ဖို႔အတြက္ စုံစမ္းစစ္ေဆးေရးခုံ႐ုံးဖြဲ႕ၿပီး ၂၀၁၉၊ မတ္ ၁၈ မွာ စတင္စစ္ေဆးမယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီျဖစ္စဥ္ေတြရဲ႕အေပၚ စုံစမ္းစစ္ေဆးခဲ့တဲ့ အဖြဲ႕ရဲ႕ အစီရင္ခံစာေတြအေပၚ စစ္ဥပေဒခ်ဳပ္႐ုံးက ေလ့လာသုံးသပ္ အႀကံျပဳတင္ျပခ်က္ေတြ၊ Human Rights Watch အဖြဲ႕၊ Amnesty International (ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕) နဲ႔ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕တို႔ရဲ႕ အစီရင္ခံစာေတြအေပၚ စစ္ဥပေဒခ်ဳပ္႐ုံးက ေလ့လာသုံးသပ္အႀကံျပဳ တင္ျပခ်က္ေတြေၾကာင့္ အစီရင္ခံစာအသီးသီးရဲ႕ ေရးသားေဖာ္ျပခ်က္ေတြကို ထပ္ၿပီး စိစစ္အတည္ျပဳဖို႔ လိုအပ္လာတယ္လို႔ ဆိုပါတယ္။

ျဖစ္စဥ္တခ်ိဳ႕ေၾကာင့္ တပ္မေတာ္အရာရွိေတြ အပါအဝင္ တပ္သားေတြကို အေရးယူ ေထာင္ခ်ခဲ့တာေတြလည္း ရွိခဲ့ၿပီး သူတို႔ဟာ ေထာင္က်ၿပီး မၾကာခင္မွာပဲ ျပန္လြတ္ခဲ့တာေတြလည္း ရွိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013