DVB Logo
Home
မြန်မာသတင်း
ပေါက်ခေါင်းတွင် ရေကြီးရေလျှံ၍ နေအိမ် ၆ လုံးနှင့်တံတား ၂ စင်း ရေထဲမျောပါ
DVB
·
September 1, 2019
ပေါက်ခေါင်းတွင် ရေကြီးရေလျှံ၍ နေအိမ် ၆ လုံးနှင့်တံတား ၂ စင်း ရေထဲမျောပါ
1 / 3
Donate to DVB

မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်ထဲက အိမ် ၆ လုံးလောက်နဲ့ တံတားတစင်း ရေထဲ မျောပါသွားပြီး မြို့ထဲရပ်ကွက်တချို့ ရေနစ်မြုပ်နေပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်ညနေ့ ရွာတဲ့ မိုးရေတွေကြောင့် ပေါက်ခေါင်းမြို့နယ်ထဲက ညောင်ဝိုင်းကျေးရွာက အိမ် ၆ လုံး ရေထဲ မျောပါသွားခဲ့ကာ ရွာအထွက်က တံတားတစင်းနဲ့ အလယ်ရွာက လူကူးကြိုးတံတားတစင်း ရေထဲ မျောပါသွားတယ်လို့ မိုးမေတ္တာ ပရဟိတအသင်းကနေ သိရပါတယ်။

ပြည်နဲ့ ပေါက်ခေါင်းလမ်းမှာလဲ အင်ငါးဂွ ကျေးရွာနဲ့ တာဂေါက်ကျေးရွာကြားမှာ ရေကျော်တခု၊ နောက် တောင်ဇင်းဝတောင် ၃ နေရာလောက်မှာ တောင်ပြိုကျမှုတွေ ဖြစ်နေခဲ့ပြီး ပေါက်ခေါင်းအဝင် သဖန်းချိုကျေးရွာကနေ ပေါက်ခေါင်းမြို့နယ်ပညာရေးမှူးရုံးအထိ ရေကျော်နေတာ တမိုင်ကျော်လောက် ရှည်ပါတယ်။

“ရေကျော်နေတာ များနေတဲ့အတွက် ကားအငယ်လေးတွေ ဖြတ်မရပါဘူး။ ပေါက်ခေါင်းမြို့ တောင်ဘက်မှာရှိတဲ့ ကြိုးကြာကန် တာကျိုးသွားပြီ။ ရေက ဒီကို လှိမ့်ဆင်းလာတာ။ ကားလေးတွေတော့ လုံးဝ မဖြတ်ရဲဘူး။ နောက်ကြောင်း လှည့်ပြန်နေရတယ်။ ရေပြင်ကြီးက တမိုင်လောက်တော့ ရှိမယ်။ မြို့ပတ်လမ်းဘက်မှာလည်း ရေက ရင်ခေါင်းလောက် ရှိတယ်”လို့ ပေါက်ခေါင်းမြို့ခံ ကိုမြင့်ဦးက ပြောပါတယ်။

“လတ်တလောတော့ အခြေအနေဆိုးတဲ့ ညောင်ဝိုင်းကျေးရွာကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သိပ်မသွားနိုင်သေးတော့ အိမ်ဘယ်နှလုံး ပါသွားတာလဲဆိုတာ အတိအကျ ပြောလို့မရသေးဘူး။ မြို့ထဲမှာလည်း အိမ်တွေက ဆက်တိုက်ရေတက်နေလို့ ညဘက်ကိုတောင် လူတွေ ဘယ်မှာ သွားအိပ်ရမလဲ မသိဘူး”လို့ ဒေသခံ ကိုစန်းဌေးက ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က “အဓိက အကူအညီက အုတ်ဖိုကျေးရွာဘက်မှာ လိုအပ်နေတယ်။ ညောင်ဝိုင်းကျေးရွာကတော့ ပေါက်ခေါင်းက မီးသတ်တွေ Rescue တွေ ဒေသခံတွေရဲ့အားနဲ့ အဆင်ပြေနေပြီ။ ရေကတော့ ရွာထဲမှာ ရှိတုန်းပဲ။ အုတ်ဖိုကတော့ ရေက အတော်တက်နေတော့ သူတို့အတွက် လိုအပ်တယ်။ ပေါက်ခေါင်းမြို့အထွက်က တရားရုံး၊ ထွေအုပ်၊ စိုက်ပျိုးရေး စတဲ့ဌာနတွေလည်း အကုန် ရေနစ်နေပြီ” လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိတော့ ရေက ထပ်မကြီးတော့ဘဲ ရေတန့်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေပါက္ေခါင္းတြင္ ေရႀကီးေရလွ်ံ၍ ေနအိမ္ ၆ လုံးႏွင့္တံတား ၂ စင္း ေရထဲေမ်ာပါ

မိုးသည္းထန္႐ြာသြန္းၿပီး ေရႀကီးေရလွ်ံတာေၾကာင့္ ပဲခူးတိုင္း ေပါက္ေခါင္းၿမိဳ႕နယ္ထဲက အိမ္ ၆ လုံးေလာက္နဲ႔ တံတားတစင္း ေရထဲ ေမ်ာပါသြားၿပီး ၿမိဳ႕ထဲရပ္ကြက္တခ်ိဳ႕ ေရနစ္ျမဳပ္ေနပါတယ္။

ၾသဂုတ္လ ၃၀ ရက္ေန႔နဲ႔ ၃၁ ရက္ညေန႔ ႐ြာတဲ့ မိုးေရေတြေၾကာင့္ ေပါက္ေခါင္းၿမိဳ႕နယ္ထဲက ေညာင္ဝိုင္းေက်း႐ြာက အိမ္ ၆ လုံး ေရထဲ ေမ်ာပါသြားခဲ့ကာ ႐ြာအထြက္က တံတားတစင္းနဲ႔ အလယ္႐ြာက လူကူးႀကိဳးတံတားတစင္း ေရထဲ ေမ်ာပါသြားတယ္လို႔ မိုးေမတၱာ ပရဟိတအသင္းကေန သိရပါတယ္။

ျပည္နဲ႔ ေပါက္ေခါင္းလမ္းမွာလဲ အင္ငါးဂြ ေက်း႐ြာနဲ႔ တာေဂါက္ေက်း႐ြာၾကားမွာ ေရေက်ာ္တခု၊ ေနာက္ ေတာင္ဇင္းဝေတာင္ ၃ ေနရာေလာက္မွာ ေတာင္ၿပိဳက်မႈေတြ ျဖစ္ေနခဲ့ၿပီး ေပါက္ေခါင္းအဝင္ သဖန္းခ်ိဳေက်း႐ြာကေန ေပါက္ေခါင္းၿမိဳ႕နယ္ပညာေရးမႉး႐ုံးအထိ ေရေက်ာ္ေနတာ တမိုင္ေက်ာ္ေလာက္ ရွည္ပါတယ္။

“ေရေက်ာ္ေနတာ မ်ားေနတဲ့အတြက္ ကားအငယ္ေလးေတြ ျဖတ္မရပါဘူး။ ေပါက္ေခါင္းၿမိဳ႕ ေတာင္ဘက္မွာရွိတဲ့ ႀကိဳးၾကာကန္ တာက်ိဳးသြားၿပီ။ ေရက ဒီကို လွိမ့္ဆင္းလာတာ။ ကားေလးေတြေတာ့ လုံးဝ မျဖတ္ရဲဘူး။ ေနာက္ေၾကာင္း လွည့္ျပန္ေနရတယ္။ ေရျပင္ႀကီးက တမိုင္ေလာက္ေတာ့ ရွိမယ္။ ၿမိဳ႕ပတ္လမ္းဘက္မွာလည္း ေရက ရင္ေခါင္းေလာက္ ရွိတယ္”လို႔ ေပါက္ေခါင္းၿမိဳ႕ခံ ကိုျမင့္ဦးက ေျပာပါတယ္။

“လတ္တေလာေတာ့ အေျခအေနဆိုးတဲ့ ေညာင္ဝိုင္းေက်း႐ြာကို ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြ သိပ္မသြားႏိုင္ေသးေတာ့ အိမ္ဘယ္ႏွလုံး ပါသြားတာလဲဆိုတာ အတိအက် ေျပာလို႔မရေသးဘူး။ ၿမိဳ႕ထဲမွာလည္း အိမ္ေတြက ဆက္တိုက္ေရတက္ေနလို႔ ညဘက္ကိုေတာင္ လူေတြ ဘယ္မွာ သြားအိပ္ရမလဲ မသိဘူး”လို႔ ေဒသခံ ကိုစန္းေဌးက ေျပာပါတယ္။

ေပါက္ေခါင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းႏိုင္က “အဓိက အကူအညီက အုတ္ဖိုေက်း႐ြာဘက္မွာ လိုအပ္ေနတယ္။ ေညာင္ဝိုင္းေက်း႐ြာကေတာ့ ေပါက္ေခါင္းက မီးသတ္ေတြ Rescue ေတြ ေဒသခံေတြရဲ႕အားနဲ႔ အဆင္ေျပေနၿပီ။ ေရကေတာ့ ႐ြာထဲမွာ ရွိတုန္းပဲ။ အုတ္ဖိုကေတာ့ ေရက အေတာ္တက္ေနေတာ့ သူတို႔အတြက္ လိုအပ္တယ္။ ေပါက္ေခါင္းၿမိဳ႕အထြက္က တရား႐ုံး၊ ေထြအုပ္၊ စိုက္ပ်ိဳးေရး စတဲ့ဌာနေတြလည္း အကုန္ ေရနစ္ေနၿပီ” လို႔ ေျပာပါတယ္။

ဒီေန႔မနက္ပိုင္းအထိေတာ့ ေရက ထပ္မႀကီးေတာ့ဘဲ ေရတန႔္ေနတဲ့ အေနအထားမွာ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013