DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ရွှေဘိုမြို့ နေအိမ်အဆောက်အဦအချို့ ပျက်စီး
DVB
·
September 1, 2019
ငလျင်ကြောင့် ရွှေဘိုမြို့ နေအိမ်အဆောက်အဦအချို့ ပျက်စီး
1 / 3
Donate to DVB

ရွှေဘိုမြို့တွင် ငလျင်ကြောင့် ငလျင်ဗဟိုနဲ့နီးတဲ့ နေရာတွေမှာ နေအိမ်အဆောက်အဦ တချို့ ပျက်စီးပြီး လူအချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အား အင်အားရစ်(ခ်)တာ ၆ အဆင့်ရှိတဲ့ အင်အားအသင့်အတင့် ငလျင်တခု သြဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်မှာ လှုပ်ခတ်သွားခဲ့ပါတယ်။ 

ငလျင်လှုပ်ခတ်တာကို နေရာတော်တော်များများ သိရှိခံစားခဲ့ရပြီး ငလျင်ဗဟိုနဲ့ နီးတဲ့ နေရာတွေမှာတော့ နေအိမ်အဆောက်အဦတွေ အပါအဝင် စေတီတွေ အက်ကွဲပြိုကျခဲ့သလို လူတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က ရရှိထားတဲ့ သတင်းတွေအရ ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ ထန်းတပင်ကျောင်း၊ ချမ်းသာရစေတီနှင့် အောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာကျောင်း၊ ဆုတောင်းပြည့်စေတီတို့မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အောင်ဆန်းရပ်ကွက် ၂ လမ်းနေ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်လေးစီဆိုသူမှာ နေအိမ် အုတ်နံရံပြိုကျလို့ ပေါင်နှင့် ကျောတို့မှာ ဖူးရောင်နာကျင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ခင်ဦးမြို့နယ်အတွင်းက သာဝတ္ထိရွာ၊ ဗအိုးရွာ၊ လောင်းရှည်ရွာ၊ ကံသာယာရွာ၊ အင်ကြင်းပင်ရွာ၊ ပေါင်းလဲကုန်းရွာ၊ ကင်းပြစ်ရွာ၊ ဆီဆုံလေးရွာ၊ ရွာသန်းရွာ၊ သာဂရရွာတို့မှာ စေတီတွေ အက်ကွဲပြိုကျတာတွေ ဖြစ်ပေါ်ခဲ့သလို တချို့ စေတီစိန်ဖူးတော်တွေပါ မြေခခဲ့ပါတယ်။

ဒါ့အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ နေအိမ်၊ မုခ်ဦးတွေလည်း အက်ကွဲပြိုကျခဲ့သလို တယ်ဖိုပင်ရွာက ဗလီကျောင်းမှာလည်း မျက်နှာကြက်ပြိုကျခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ည ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင်တွေမှာလည်း အင်အား ၂.၅ ကနေ ၃ ဒသမ ၅ အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း လှုပ်ခတ်ခဲ့သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၇ နာရီ၊ ၄၁ မိနစ်၊ ၅၆ စက္ကန့်အချိန်ကလည်း ရေဦးမြို့ရဲ့ မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၃ ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ငလ်င္ေၾကာင့္ ေ႐ႊဘိုၿမိဳ႕ ေနအိမ္အေဆာက္အဦအခ်ိဳ႕ ပ်က္စီး

ေ႐ႊဘိုၿမိဳ႕တြင္ ငလ်င္ေၾကာင့္ ငလ်င္ဗဟိုနဲ႔နီးတဲ့ ေနရာေတြမွာ ေနအိမ္အေဆာက္အဦ တခ်ိဳ႕ ပ်က္စီးၿပီး လူအခ်ိဳ႕ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၁၄ မိုင္ခန႔္အကြာကို ဗဟိုျပဳကာ အင္အား အင္အားရစ္(ခ္)တာ ၆ အဆင့္ရွိတဲ့ အင္အားအသင့္အတင့္ ငလ်င္တခု ၾသဂုတ္လ ၃၁ ရက္ေန႔ ည ၉ နာရီ ၄၀ မိနစ္အခ်ိန္မွာ လႈပ္ခတ္သြားခဲ့ပါတယ္။

ငလ်င္လႈပ္ခတ္တာကို ေနရာေတာ္ေတာ္မ်ားမ်ား သိရွိခံစားခဲ့ရၿပီး ငလ်င္ဗဟိုနဲ႔ နီးတဲ့ ေနရာေတြမွာေတာ့ ေနအိမ္အေဆာက္အဦေတြ အပါအဝင္ ေစတီေတြ အက္ကြဲၿပိဳက်ခဲ့သလို လူတခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က ရရွိထားတဲ့ သတင္းေတြအရ ေရဦးၿမိဳ႕၊ ဗိုလ္ေအာင္ေဇယ်ရပ္ကြက္၊ ထန္းတပင္ေက်ာင္း၊ ခ်မ္းသာရေစတီႏွင့္ ေအာင္မဂၤလာရပ္ကြက္၊ မဂၤလာေက်ာင္း၊ ဆုေတာင္းျပည့္ေစတီတို႔မွာ အက္ကြဲေၾကာင္းေတြ ျဖစ္ေပၚခဲ့ၿပီး ေအာင္ဆန္းရပ္ကြက္ ၂ လမ္းေန အသက္ ၆၈ ႏွစ္အ႐ြယ္ ေဒၚခင္ေလးစီဆိုသူမွာ ေနအိမ္ အုတ္နံရံၿပိဳက်လို႔ ေပါင္ႏွင့္ ေက်ာတို႔မွာ ဖူးေရာင္နာက်င္ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ခင္ဦးၿမိဳ႕နယ္အတြင္းက သာဝတၳိ႐ြာ၊ ဗအိုး႐ြာ၊ ေလာင္းရွည္႐ြာ၊ ကံသာယာ႐ြာ၊ အင္ၾကင္းပင္႐ြာ၊ ေပါင္းလဲကုန္း႐ြာ၊ ကင္းျပစ္႐ြာ၊ ဆီဆုံေလး႐ြာ၊ ႐ြာသန္း႐ြာ၊ သာဂရ႐ြာတို႔မွာ ေစတီေတြ အက္ကြဲၿပိဳက်တာေတြ ျဖစ္ေပၚခဲ့သလို တခ်ိဳ႕ ေစတီစိန္ဖူးေတာ္ေတြပါ ေျမခခဲ့ပါတယ္။

ဒါ့အျပင္ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း၊ ေနအိမ္၊ မုခ္ဦးေတြလည္း အက္ကြဲၿပိဳက်ခဲ့သလို တယ္ဖိုပင္႐ြာက ဗလီေက်ာင္းမွာလည္း မ်က္ႏွာၾကက္ၿပိဳက်ခဲ့ပါတယ္။

ငလ်င္လႈပ္ခတ္ၿပီးေနာက္ပိုင္း ည ၁၀ နာရီ၊ ၁၁ နာရီဝန္းက်င္ေတြမွာလည္း အင္အား ၂.၅ ကေန ၃ ဒသမ ၅ အဆင့္ရွိတဲ့ ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြလည္း လႈပ္ခတ္ခဲ့ေသးတယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ဒီေန႔မနက္ ၇ နာရီ၊ ၄၁ မိနစ္၊ ၅၆ စကၠန္႔အခ်ိန္ကလည္း ေရဦးၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၇ မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ ၂၂.၈၆ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၅.၄၃ ဒီဂရီ၊ အနက္ ၁၅ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္)တာ စေကး ၃ ဒသမ ၈ အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013