DVB Logo
Home
မြန်မာသတင်း
ဇေယျဝတီမြို့တွင် ရေကြီးရေလျှံ ဖြစ်ပွား၍ လူဦးရေ ၄၀၀ ခန့် ပြောင်းရွှေ့
DVB
·
September 1, 2019
ဇေယျဝတီမြို့တွင် ရေကြီးရေလျှံ ဖြစ်ပွား၍ လူဦးရေ ၄၀၀ ခန့် ပြောင်းရွှေ့
1 / 5
Donate to DVB

ပဲခူးတိုင်း ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ သြဂုတ် ၃၁ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေအတွင်း လူဦးရေ ၄၀၀ လောက် ရေလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုလက်ရှိတော့ လူဦးရေ ၃၈၀ ကျော်ရှိသွားပြီ။ ရေလွတ်တဲ့ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းမှာ ကူညီကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ရေက ထပ်တက်လာနေသေးတယ်။ လူဦးရေကတော့ ထပ်တိုးလာနိုင်တယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။

မိုး အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြို့နယ်အတွင်းရှိ ‌ကျေးရွာချင်းဆက် တံတားတွေလည်း ရေကျော်နေတယ်လို့ ဆိုပါတယ်။

ကျော်အောင်(ကညွတ်ကွင်း)

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေဇယ်ဝတီၿမိဳ႕တြင္ ေရႀကီးေရလွ်ံ ျဖစ္ပြား၍ လူဦးေရ ၄၀၀ ခန႔္ ေျပာင္းေ႐ႊ႕

ပဲခူးတိုင္း ျဖဴးၿမိဳ႕နယ္၊ ေဇယ်ဝတီၿမိဳ႕မွာ ၾသဂုတ္ ၃၁ ရက္ေန႔က မိုးအဆက္မျပတ္႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈ ျဖစ္ပြားခဲ့တာေၾကာင့္ ေနအိမ္ေတြအတြင္း လူဦးေရ ၄၀၀ ေလာက္ ေရလြတ္ရာ ေျပာင္းေ႐ႊ႕ခဲ့ရတယ္လို႔ ၿမိဳ႕နယ္တာဝန္ရွိသူတဦးက ေျပာပါတယ္။

“အခုလက္ရွိေတာ့ လူဦးေရ ၃၈၀ ေက်ာ္ရွိသြားၿပီ။ ေရလြတ္တဲ့ ဘုန္းေတာ္ႀကီးေက်ာင္း ၂ ေက်ာင္းမွာ ကူညီကယ္ဆယ္ေရးစခန္း ဖြင့္ထားတယ္။ ေရက ထပ္တက္လာေနေသးတယ္။ လူဦးေရကေတာ့ ထပ္တိုးလာႏိုင္တယ္” လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဇာ္ဦးက ေျပာပါတယ္။

မိုး အဆက္မျပတ္ ႐ြာသြန္းခဲ့တာေၾကာင့္ ၿမိဳ႕နယ္အတြင္းရွိ ‌ေက်း႐ြာခ်င္းဆက္ တံတားေတြလည္း ေရေက်ာ္ေနတယ္လို႔ ဆိုပါတယ္။

ေက်ာ္ေအာင္(ကၫြတ္ကြင္း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013