DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့တွင် အင်အား ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
September 1, 2019
ရွှေဘိုမြို့တွင် အင်အား ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဩဂုတ် ၃၁ ရက်နေ့ ညက အင်အား ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၃၁ ရက်နေ့ ည ၂၁ နာရီ၊ ၃၉ မိနစ်၊ ၂၂  စက္ကန့်အချိန်မှာ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၇၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၅၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုကို စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ မုံရွာ၊ ကျွန်းလှ၊ မင်းကင်း၊ ဝက်လက်၊ အရာတော်၊ ဒီပဲယင်း စတဲ့မြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာလည်း သိသိသာသာ ခံစားခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု အနေအထားတွေတော့ မသိရသေးပါဘူး။

ဒီနေ့မနက် ၇ နာရီ၊ ၄၁ မိနစ်၊ ၅၆ စက္ကန့်အချိန်ကလည်း ရေဦးမြို့ရဲ့ မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၃ ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေ႐ႊဘိုၿမိဳ႕တြင္ အင္အား ၆ ဒသမ ၀ အဆင့္ရွိ ေျမငလ်င္လႈပ္ခတ္

စစ္ကိုင္းတိုင္း ေ႐ႊဘိုၿမိဳ႕မွာ ဩဂုတ္ ၃၁ ရက္ေန႔ ညက အင္အား ၆ ဒသမ ၀ အဆင့္ရွိ ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလက သတင္းထုတ္ျပန္ပါတယ္။

ၾသဂုတ္ ၃၁ ရက္ေန႔ ည ၂၁ နာရီ၊ ၃၉ မိနစ္၊ ၂၂  စကၠန္႔အခ်ိန္မွာ ေ႐ႊဘိုၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၁၄ မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ ၂၂.၇၃ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၅.၅၆ ဒီဂရီ၊ အနက္ ၁၀ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္)တာ စေကး ၆ ဒသမ ၀ အဆင့္ရွိ အင္အားအသင့္တင့္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ သိရပါတယ္။

ငလ်င္လႈပ္ခတ္မႈကို စစ္ကိုင္းတိုင္းအတြင္းရွိ ေ႐ႊဘို၊ မုံ႐ြာ၊ ကြၽန္းလွ၊ မင္းကင္း၊ ဝက္လက္၊ အရာေတာ္၊ ဒီပဲယင္း စတဲ့ၿမိဳ႕နယ္ေတြအျပင္ တျခားၿမိဳ႕နယ္ေတြမွာလည္း သိသိသာသာ ခံစားခဲ့ရပါတယ္။ ငလ်င္လႈပ္ခတ္မႈနဲ႔ ပတ္သက္လို႔ ပ်က္စီးဆုံးရႈံးမႈ အေနအထားေတြေတာ့ မသိရေသးပါဘူး။

ဒီေန႔မနက္ ၇ နာရီ၊ ၄၁ မိနစ္၊ ၅၆ စကၠန္႔အခ်ိန္ကလည္း ေရဦးၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၇ မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ ၂၂.၈၆ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၅.၄၃ ဒီဂရီ၊ အနက္ ၁၅ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္)တာ စေကး ၃ ဒသမ ၈ အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013