DVB Logo
Home
မြန်မာသတင်း
စာသင်ခန်းအတွင်း ၄ တန်းကျောင်းသူအား အတင်းအဓမ္မဝင်ခေါ်သူ ၂ ဦးကို ရွာသားများ ဝိုင်းဖမ်း
DVB
·
August 31, 2019
စာသင်ခန်းအတွင်း ၄ တန်းကျောင်းသူအား အတင်းအဓမ္မဝင်ခေါ်သူ ၂ ဦးကို ရွာသားများ ဝိုင်းဖမ်း
Donate to DVB

နတ္တလင်းမြို့နယ်မှာ ကျောင်းစာသင်ခန်းအတွင်း ဝင်ရောက်ပြီး ၄ တန်းကျောင်းသူအား အတင်းအဓမ္မ ဝင်ရောက်ခေါ်ယူသူ နှစ်ဦးကို ကျေးရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်​ ​ဖလံပင်​​ကျေးရွာအုပ်​စု ဖလံပင်​​ကျေးရွာ မူလတန်းကျောင်းမှာ​ သြဂုတ်​ ၃၀ ရက်​ ​နေ့လယ် ၂ နာရီလောက်က ၄ တန်း ကျောင်းသူတဦးကို အိမ်​က​ ခေါ်ခိုင်းတယ်ဆိုကာ စာသင်ခန်းထဲအထိ ဝင်ရောက်ပြီး အတင်းဆွဲခေါ်တဲ့ အမျိုးသားနဲ့ အပြင်မှာ စောင့်နေသူတဦးကို တောင်​ညိုရဲကင်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တရားလို ပြုလုပ်တိုင်တန်းထားတဲ့ ဆရာမ ဒေါ်သင်းသင်းဆွေက “ကျမတို့ ထမင်းစား ​ကျောင်းဆင်း​ချိန် က​လေး​တွေနဲ့ အတူထိုင်​​နေတုန်း စာသင်​ခန်းထဲက လူစိမ်းအသံ ကြားလို့ သွားကြည့်​တော့ ၄ တန်းက မနှင်းသီရိ​ဇော်​ကို လက်​ကိုင်​ပြီး ​ခေါ်​နေတာ ​တွေ့ရလို့ အဲဒါနဲ့ နင် ​ဘာလုပ်​တာလဲ၊ တို့​ကျောင်းသားကို၊ မိဘကလွဲပြီး ဘယ်သူမှ မခေါ်ရဘူးလို့ ​ပြောတော့ ကျုပ်​က ​ကျောင်းသားမိဘလို့ ​ပြောတယ်​။ ကျမက နယ်​ခံဆရာမ ဆို​တော့ မိဘ မဟုတ်​မှန်း သိတယ်​။ က​လေးကို ​မေးကြည့်​တော့လည်း မသိဘူးလို့​ ပြောပါတယ်​။ သူက ထွက်​မသွားဘဲ ကျမကို ရန်​ပြုမယ့်အတိုင်း​ ပေ​စောင်း​စောင်းနဲ့ ကြည့်နေတာနဲ့ ရွာသား​တွေကို လှမ်း​ခေါ်ပြောပြတော့ ရွာသား​တွေက ဝိုင်းဖမ်းကြတာပါ” လို့ ပြောပါတယ်။ ​

ကျောင်းစာသင်ခန်းအတွင်း ကျောင်းသူအား ဝင်ရောက်ဆွဲခေါ်သူ ကိုသက်​(ခ)အာကာထက်​နဲ့ ​ကျောင်းဝင်းအပြင်မှာ ဆိုင်ကယ်နဲ့ စောင့်နေသူ ကိုဥက္ကာတို့ဟာ နတ္တလင်းမြို့နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စတုတ္ထတန်း​ကျောင်းသူကို ကျောင်းစာသင်ခန်းထဲ့အထိ ဝင်ရောက်ပြီး အတင်းအဓမ္မ ခေါ်ယူသူတွေကို အမှုဖွင့် အရေးယူပေးဖို့ ဆရာမ ​ဒေါ်သင်းသင်း​ဆွေက တရားလို ပြုလုပ်​တိုင်​ကြားခဲ့တာပါ။

တောင်ညိုရဲကင်းက  ကိုသက်(ခ)အာကာထက်နဲ့ ဥက္ကာတို့ကို ဖမ်းဆီးပြီး ရာဇသတ်​ကြီးပုဒ်မ ၄၄၇/၃၅၄/၁၁၄ တို့နဲ့ အမှု​ဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စာသင္ခန္းအတြင္း ၄ တန္းေက်ာင္းသူအား အတင္းအဓမၼဝင္ေခၚသူ ၂ ဦးကို ႐ြာသားမ်ား ဝိုင္းဖမ္း

နတၱလင္းၿမိဳ႕နယ္မွာ ေက်ာင္းစာသင္ခန္းအတြင္း ဝင္ေရာက္ၿပီး ၄ တန္းေက်ာင္းသူအား အတင္းအဓမၼ ဝင္ေရာက္ေခၚယူသူ ႏွစ္ဦးကို ေက်း႐ြာသားေတြက ဝိုင္းဝန္းဖမ္းဆီးၿပီး အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

ပဲခူးတိုင္းေဒသႀကီး၊ နတၱလင္းၿမိဳ႕နယ္​ ​ဖလံပင္​​ေက်း႐ြာအုပ္​စု ဖလံပင္​​ေက်း႐ြာ မူလတန္းေက်ာင္းမွာ​ ၾသဂုတ္​ ၃၀ ရက္​ ​ေန႔လယ္ ၂ နာရီေလာက္က ၄ တန္း ေက်ာင္းသူတဦးကို အိမ္​က​ ေခၚခိုင္းတယ္ဆိုကာ စာသင္ခန္းထဲအထိ ဝင္ေရာက္ၿပီး အတင္းဆြဲေခၚတဲ့ အမ်ိဳးသားနဲ႔ အျပင္မွာ ေစာင့္ေနသူတဦးကို ေတာင္​ညိဳရဲကင္းမွာ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

တရားလို ျပဳလုပ္တိုင္တန္းထားတဲ့ ဆရာမ ေဒၚသင္းသင္းေဆြက “က်မတို႔ ထမင္းစား ​ေက်ာင္းဆင္း​ခ်ိန္ က​ေလး​ေတြနဲ႔ အတူထိုင္​​ေနတုန္း စာသင္​ခန္းထဲက လူစိမ္းအသံ ၾကားလို႔ သြားၾကည့္​ေတာ့ ၄ တန္းက မႏွင္းသီရိ​ေဇာ္​ကို လက္​ကိုင္​ၿပီး ​ေခၚ​ေနတာ ​ေတြ႕ရလို႔ အဲဒါနဲ႔ နင္ ​ဘာလုပ္​တာလဲ၊ တို႔​ေက်ာင္းသားကို၊ မိဘကလြဲၿပီး ဘယ္သူမွ မေခၚရဘူးလို႔ ​ေျပာေတာ့ က်ဳပ္​က ​ေက်ာင္းသားမိဘလို႔ ​ေျပာတယ္​။ က်မက နယ္​ခံဆရာမ ဆို​ေတာ့ မိဘ မဟုတ္​မွန္း သိတယ္​။ က​ေလးကို ​ေမးၾကည့္​ေတာ့လည္း မသိဘူးလို႔​ ေျပာပါတယ္​။ သူက ထြက္​မသြားဘဲ က်မကို ရန္​ျပဳမယ့္အတိုင္း​ ေပ​ေစာင္း​ေစာင္းနဲ႔ ၾကည့္ေနတာနဲ႔ ႐ြာသား​ေတြကို လွမ္း​ေခၚေျပာျပေတာ့ ႐ြာသား​ေတြက ဝိုင္းဖမ္းၾကတာပါ” လို႔ ေျပာပါတယ္။ ​

ေက်ာင္းစာသင္ခန္းအတြင္း ေက်ာင္းသူအား ဝင္ေရာက္ဆြဲေခၚသူ ကိုသက္​(ခ)အာကာထက္​နဲ႔ ​ေက်ာင္းဝင္းအျပင္မွာ ဆိုင္ကယ္နဲ႔ ေစာင့္ေနသူ ကိုဥကၠာတို႔ဟာ နတၱလင္းၿမိဳ႕ေနသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

စတုတၳတန္း​ေက်ာင္းသူကို ေက်ာင္းစာသင္ခန္းထဲ့အထိ ဝင္ေရာက္ၿပီး အတင္းအဓမၼ ေခၚယူသူေတြကို အမႈဖြင့္ အေရးယူေပးဖို႔ ဆရာမ ​ေဒၚသင္းသင္း​ေဆြက တရားလို ျပဳလုပ္​တိုင္​ၾကားခဲ့တာပါ။

ေတာင္ညိဳရဲကင္းက  ကိုသက္(ခ)အာကာထက္နဲ႔ ဥကၠာတို႔ကို ဖမ္းဆီးၿပီး ရာဇသတ္​ႀကီးပုဒ္မ ၄၄၇/၃၅၄/၁၁၄ တို႔နဲ႔ အမႈ​ဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013