DVB Logo
Home
မြန်မာသတင်း
မော်ချီးသတ္တုတွင်းတွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
August 31, 2019
မော်ချီးသတ္တုတွင်းတွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ကဘ ၃၂ အမှတ် ၃ ကျင်းအတွင်းက လုပ်ကွက်တခုမှာ ဒီကနေ့မနက်ပိုင်းက  မြေစာပုံဟောင်း ပြိုကျခဲ့လို့ ကျင်းလုပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီကနေ့ မနက် ၈ နာရီလောက် အဆိုပါလုပ်ကွက်အတွင်း အလုပ်ဝင်လုပ်ရာကနေ မတော်မဆမှု ဖြစ်ပွားခဲ့တာလို့ ကျင်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ကျင်းပြိုတာ မဟုတ်ဘူး။ အပေါက်ဟောင်းနဲ့တိုးတော့ လူများ စားပြီးသားနေရာဖြစ်မှာပေါ့။ ရေတွေ လှောင်ထားတဲ့နေရာ သွားတိုးတာ။ အဲဒီမှာ ရေဝိတ်နဲ့ မြေဇာဝိတ်နဲ့ ဖိကျလာတော့ လူကို ထိတာပဲလေ။ အမှန်တော့ ကျတဲ့နေရာက သတ်သတ်ပဲ၊ ဒါပေမဲ့ အဲနေရာထောင့်က လူပေါ် ပြုတ်ကျသွားတယ်။ တယောက်တော့ ပွဲချင်းပြီးလို့ ပြောရမှာပေါ့၊ ပြန်ထွက်လာတော့ ရေးရေးလေးပဲ ကျန်တော့တာကော။ ဒဏ်ရာရတဲ့ ၂ ယောက်ကို မော်ချီးဆေးရုံ ပို့ထားတယ်”

မော်ချီးသတ္တုတွင်း လုပ်ကွက်တွေမှာ မကြာခဏ မတော်တဆမှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေပါတယ်။ 

မော်ချီးသတ္တုတွင်း ကဘ ၃၂ အမှတ် ၃ ကျင်းအတွင်းမှာ လုပ်ကွက် ၄၀ ခန့်ရှိပါတယ်။ 

မနေ့ညကလည်း  ၉ နာရီလောက်ကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်ချီးသတ္တုတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ၁၃ ကုန်း မြောက်ဘက် KB1 ကျောက်တောင်ဘက်မှာ တောင်ပြိုကျခဲ့လို့ လူနေအိမ်တချို့နဲ့  ကျေးရွာသုံး သောက်သုံးရေပေါက် ပျက်စီးသွားခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေမာ္ခ်ီးသတၱဳတြင္းတြင္ ေျမစာပုံၿပိဳက်၍ ၁ ဦးေသ၊ ၂ ဦးဒဏ္ရာရ

ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးသတၱဳတြင္း ကဘ ၃၂ အမွတ္ ၃ က်င္းအတြင္းက လုပ္ကြက္တခုမွာ ဒီကေန႔မနက္ပိုင္းက  ေျမစာပုံေဟာင္း ၿပိဳက်ခဲ့လို႔ က်င္းလုပ္သား ၁ ဦး ေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီကေန႔ မနက္ ၈ နာရီေလာက္ အဆိုပါလုပ္ကြက္အတြင္း အလုပ္ဝင္လုပ္ရာကေန မေတာ္မဆမႈ ျဖစ္ပြားခဲ့တာလို႔ က်င္းတာဝန္ရွိသူတဦးက ဒီဗြီဘီကို ေျပာပါတယ္။

“သူက က်င္းၿပိဳတာ မဟုတ္ဘူး။ အေပါက္ေဟာင္းနဲ႔တိုးေတာ့ လူမ်ား စားၿပီးသားေနရာျဖစ္မွာေပါ့။ ေရေတြ ေလွာင္ထားတဲ့ေနရာ သြားတိုးတာ။ အဲဒီမွာ ေရဝိတ္နဲ႔ ေျမဇာဝိတ္နဲ႔ ဖိက်လာေတာ့ လူကို ထိတာပဲေလ။ အမွန္ေတာ့ က်တဲ့ေနရာက သတ္သတ္ပဲ၊ ဒါေပမဲ့ အဲေနရာေထာင့္က လူေပၚ ျပဳတ္က်သြားတယ္။ တေယာက္ေတာ့ ပြဲခ်င္းၿပီးလို႔ ေျပာရမွာေပါ့၊ ျပန္ထြက္လာေတာ့ ေရးေရးေလးပဲ က်န္ေတာ့တာေကာ။ ဒဏ္ရာရတဲ့ ၂ ေယာက္ကို ေမာ္ခ်ီးေဆး႐ုံ ပို႔ထားတယ္”

ေမာ္ခ်ီးသတၱဳတြင္း လုပ္ကြက္ေတြမွာ မၾကာခဏ မေတာ္တဆမႈေတြျဖစ္ၿပီး ထိခိုက္ဒဏ္ရာရ ေသဆုံးတာေတြ ရွိေနပါတယ္။

ေမာ္ခ်ီးသတၱဳတြင္း ကဘ ၃၂ အမွတ္ ၃ က်င္းအတြင္းမွာ လုပ္ကြက္ ၄၀ ခန႔္ရွိပါတယ္။

မေန႔ညကလည္း  ၉ နာရီေလာက္ကလည္း မိုးအဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္ ေမာ္ခ်ီးသတၱဳတြင္း အႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ထားတဲ့ ၁၃ ကုန္း ေျမာက္ဘက္ KB1 ေက်ာက္ေတာင္ဘက္မွာ ေတာင္ၿပိဳက်ခဲ့လို႔ လူေနအိမ္တခ်ိဳ႕နဲ႔  ေက်း႐ြာသုံး ေသာက္သုံးေရေပါက္ ပ်က္စီးသြားခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မော်ချီးသတ္တုတွင်းတွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ