DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန် ရေလယ်ဘုရားတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ ဦး သေဆုံး
DVB
·
August 31, 2019
မိတ္ထီလာကန် ရေလယ်ဘုရားတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ မိတ္ထီလာကန် ရေလယ်ဘုရားရင်ပြင်မှာ သြဂုတ် ၃၀ ရက် နေ့လယ်က အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ၁ ဦး အတက်ရောဂါနဲ့ သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်စိုးမိုးကျော်က "အဝေးသင်တက္ကသိုလ်တွေက အောက်တိုဘာလထဲမှာ တက်ရတော့မယ်၊ အဲဒီအတွက် အဆောင်လာငှားတာတဲ့ စိတ်ပညာ ဒုတိယနှစ် ကျောင်းသားပါ။ ဘုရားလာဖူးရင်း ဖြစ်သွားတာပါ။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး"လို့ ပြောပါတယ်။

ပျော်ဘွယ်မြို့နယ် စန်းတောရွာနေ နိုင်ရဲဦး (၂၀-နှစ်) ဟာ မိတ္ထီလာကန် ရေလယ်ဘုရား ရင်ပြင်ရှိ အမွှေးတိုင် ဖယောင်းတိုင်များ တင်ထွန်းရန် စင်အောက်တန်းပေါ်မှာ အရှေ့မြောက်အရပ်ခ ခေါင်းပြုပြီး ပက်လက်အနေအထားနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက နိုင်ရဲဦး သေဆုံးခြင်းဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-Aung Sun(ရန်အောင်မြင် လူမှုကူညီရေးအသင်း)

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မိတၳီလာကန္ ေရလယ္ဘုရားတြင္ အေဝးသင္တကၠသိုလ္ေက်ာင္းသား ၁ ဦး ေသဆုံး

မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕ နန္းေတာ္ကုန္းရပ္ကြက္ရွိ မိတၳီလာကန္ ေရလယ္ဘုရားရင္ျပင္မွာ ၾသဂုတ္ ၃၀ ရက္ ေန႔လယ္က အေဝးသင္တကၠသိုလ္ ဒုတိယႏွစ္ေက်ာင္းသား ၁ ဦး အတက္ေရာဂါနဲ႔ ေသဆုံးသြားတယ္လို႔ မိတၳီလာၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

မိတၳီလာၿမိဳ႕မရဲစခန္း ဒုရဲအုပ္စိုးမိုးေက်ာ္က "အေဝးသင္တကၠသိုလ္ေတြက ေအာက္တိုဘာလထဲမွာ တက္ရေတာ့မယ္၊ အဲဒီအတြက္ အေဆာင္လာငွားတာတဲ့ စိတ္ပညာ ဒုတိယႏွစ္ ေက်ာင္းသားပါ။ ဘုရားလာဖူးရင္း ျဖစ္သြားတာပါ။ ျပင္ပဒဏ္ရာ မေတြ႕ရပါဘူး"လို႔ ေျပာပါတယ္။

ေပ်ာ္ဘြယ္ၿမိဳ႕နယ္ စန္းေတာ႐ြာေန ႏိုင္ရဲဦး (၂၀-ႏွစ္) ဟာ မိတၳီလာကန္ ေရလယ္ဘုရား ရင္ျပင္ရွိ အေမႊးတိုင္ ဖေယာင္းတိုင္မ်ား တင္ထြန္းရန္ စင္ေအာက္တန္းေပၚမွာ အေရွ႕ေျမာက္အရပ္ခ ေခါင္းျပဳၿပီး ပက္လက္အေနအထားနဲ႔ ေသဆုံးေနတာလို႔ ဆိုပါတယ္။

မိတၳီလာၿမိဳ႕မရဲစခန္းက ႏိုင္ရဲဦး ေသဆုံးျခင္းဟာ ဓမၼတာအတိုင္း ေသဆုံးတာ ဟုတ္၊ မဟုတ္ စုံစမ္းစစ္ေဆးဖို႔ ေသမႈေသခင္း အမွတ္စဥ္ ၂၀/၂၀၁၉ နဲ႔ အမႈဖြင့္ထားပါတယ္။

သတင္း-ေမာင္ေမာင္လင္း၊ ဓာတ္ပုံ-Aung Sun(ရန္ေအာင္ျမင္ လူမႈကူညီေရးအသင္း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013