DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်အရေး အိန္ဒိယမှာ ဆန္ဒပြ
DVB
·
December 18, 2012
Donate to DVB

လက်ပန်းတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေးနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့လုပ်ရပ်တွေကို လူသားအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ အနေနဲ့ ပြည်ပရောက် မြန်မာတွေက အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ၅ ရက်တာ ထိုင်သပိတ်ဆန္ဒပြပွဲ ပြုလုပ်နေပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၅ ရက်တာ ထိုင်သပိတ်ဆန္ဒပြပွဲကို အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုတွေက နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံအနီးမှာ စတင် ပြုလုပ်နေကြတာပါ။

အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတော်တွေ အပေါ် တောင်းပန်ရုံတင်မက ထိခိုက်နစ်နာခဲ့ကြတဲ့ ပြည်သူတွေအပေါ်မှာပါ ၀န်ချတောင်းပန်ဖို့ လက်ပန်းတောင်း စီမံကိန်းအတွက် ဆုံးဖြတ်ချက်ချရာမှာ ဒေသခံပြည်သူတွေ ပါဝင်လာနိုင်တဲ့အထိ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ စတဲ့အချက်တွေကို ဆန္ဒပြသမားတွေက  မြန်မာနဲ့ တရုတ်အစိုးရထံ တိုက်တွန်း တောင်းဆိုထားပါတယ်။

ထိုင်သပိတ်မှာ အိန္ဒိယပြည်သူတွေ သိရှိနိုင်ကြဖို့ လက်ပန်းတောင်း ကြေးနီစီမံကိန်း နောက်ခံသမိုင်းကြောင်း အကျဉ်းချုပ်နဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆန္ဒပြသပိတ်အပေါ် မြန်မာအစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲခဲ့ပုံတွေပါဝင်တဲ့ စာရွက်စာတမ်းတွေကို ဖြန့်ဝေခဲ့ကြသလို ၈၈၈၈ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေကိုလည်း ခင်းကျင်း ပြသထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013