DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ၇ မြို့နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အန်ဒီအက်ဖ်ပြော
DVB
·
August 31, 2019
ကယားပြည်နယ် ၇ မြို့နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အန်ဒီအက်ဖ်ပြော
Donate to DVB

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်လုံးကနေ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)ပါတီက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ လွိုင်ကော်မြို့ အန်ဒီအက်ဖ်ပါတီ မြို့နယ်ကော်မတီရုံး ဆိုင်းဘုတ်တင် ဖွင့်ပွဲနဲ့ ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားမှာ ပြည်နယ်ဥက္ကဋ္ဌ ဦးဟန်သာက ပြောပါတယ်။

“တိုင်းရင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုကြီးကို ဥမကွဲ သိုက်မပျက် စည်းလုံးခြင်းနဲ့အတူ ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲပြိုင်ပွဲကြီးကို ကျနော်တို့ရဲ့ ကယားပြည်နယ်မှာ ရှိတဲ့ ၇ မြို့နယ်မှာ ပါဝင်ယှဉ်ပြိုင်မည့်အကြောင်းကိုလည်း အတိအလင်း ကြေညာအပ်ပါတယ်။ ကျနော်တို့ဟာ လုံ့လ၊ ဇွဲ၊ စိတ်ဓာတ် ယုံကြည်မှုဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကြီးကို ယှဉ်ပြိုင် အနိုင်ရရေးအတွက် အရှိန်နဲ့အမျှဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားလိုပါတယ် ”

အန်ဒီအက်ဖ်ပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ၂၀၁၀ ဇူလိုင်လ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်အမှတ် ၃၈ နဲ့ တရားဝင်ပါတီတရပ် ဖြစ်လာခဲ့ပါတယ်။

အန်ဒီအက်ဖ်ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင်တော့ ကယားပြည်နယ်က မြို့နယ် ၇ မြို့နဲ့ ကျန်တိုင်းဒေသကြီးက မြို့ နယ် ၃၀ ကျော်မှာသာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီနာယာက ဦးတိုးပိုက ပြောပါတယ်။

“၂၀၂၀ ကို ကျနော်တို့ဝင်မယ်။ ဝင်တဲ့နေရာမှာ ကယားပြည်နယ်မှာ ၇ မြို့နယ်လုံး ဝင်မယ်။ နေရာတိုင်း ဝင်မယ်။ ဝင်တဲ့နေရာမှာ လူမျိုပေါင်းစုံပါမှာပဲ။ ဒီမှာရှိတဲ့ ဗမာရော၊ ရှမ်း၊ ကချင်၊ ကယားရော၊ ကရင် အားလုံးဟာ ကျနော်တို့ ပါတီဝင်ဖြစ်တယ်ဆိုရင် အဲဒီက သင့်တော်တဲ့နေရာ ဝင်မှာပဲ။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်းပဲ ကျနော်တို့က အရင် ၂၀၁၀၊ ၂၀၁၅ လို အများကြီး မဝင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အခု နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှုနည်းတယ်။ စိတ်ဝင်စားပြီး ထိထိရောက်ရောက် လုပ်နိုင်တဲ့သူက ပိုနည်းသွားလို့ အဲတော့ အဲဒီနေရာမှာ ကျနော်တို့ အကြမ်းဖျင်း ခန့်မှန်းထားတာကတော့ ဟိုဘက်မှာ မြို့နယ် ၃၀ လောက်ပဲ အပြည့်ဝင်နိုင်အောင် ကြိုးစားမယ်။ ”

အန်ဒီအက်ဖ်ပါတီအနေနဲ့ ကယားပြည်နယ်ရဲ့ စည်းရုံးရေးကော်မတီက အရမ်းတက်ကြွလှုပ်ရှားတဲ့အတွက် ၇ မြို့နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။

ကယားပြည်နယ်မှာ ပြည်နယ်အခြပြုတိုင်းရင်းသားပါတီ ၂ ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကျော် ရှိနေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကယားျပည္နယ္ ၇ ၿမိဳ႕နယ္လုံးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု အန္ဒီအက္ဖ္ေျပာ

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကယားျပည္နယ္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္လုံးကေန ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမယ္လို႔ အမ်ိဳးသားဒီမိုကေရစီအင္အားစု (အန္ဒီအက္ဖ္)ပါတီက ေျပာဆိုလိုက္ပါတယ္။

ဒီကေန႔ လြိဳင္ေကာ္ၿမိဳ႕ အန္ဒီအက္ဖ္ပါတီ ၿမိဳ႕နယ္ေကာ္မတီ႐ုံး ဆိုင္းဘုတ္တင္ ဖြင့္ပြဲနဲ႔ ပါတီဝင္ အဆိုျပဳလႊာ ေပးအပ္ပြဲ အခမ္းအနားမွာ ျပည္နယ္ဥကၠ႒ ဦးဟန္သာက ေျပာပါတယ္။

“တိုင္းရင္းသားမ်ားနဲ႔ ဖြဲ႕စည္းထားတဲ့ျပည္ေထာင္စုႀကီးကို ဥမကြဲ သိုက္မပ်က္ စည္းလုံးျခင္းနဲ႔အတူ ၂၀၂၀ ပါတီစုံ ေ႐ြးေကာက္ပြဲၿပိဳင္ပြဲႀကီးကို က်ေနာ္တို႔ရဲ႕ ကယားျပည္နယ္မွာ ရွိတဲ့ ၇ ၿမိဳ႕နယ္မွာ ပါဝင္ယွဥ္ၿပိဳင္မည့္အေၾကာင္းကိုလည္း အတိအလင္း ေၾကညာအပ္ပါတယ္။ က်ေနာ္တို႔ဟာ လုံ႔လ၊ ဇြဲ၊ စိတ္ဓာတ္ ယုံၾကည္မႈျဖင့္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးကို ယွဥ္ၿပိဳင္ အႏိုင္ရေရးအတြက္ အရွိန္နဲ႔အမွ်ေဆာင္႐ြက္ေနေၾကာင္း ထပ္ေလာင္းေျပာၾကားလိုပါတယ္ ”

အန္ဒီအက္ဖ္ပါတီဟာ ၂၀၁၀ ခုႏွစ္မွာ စတင္ထူေထာင္ခဲ့ၿပီး ၂၀၁၀ ဇူလိုင္လ ၉ ရက္ေန႔မွာ ပါတီမွတ္ပုံတင္အမွတ္ ၃၈ နဲ႔ တရားဝင္ပါတီတရပ္ ျဖစ္လာခဲ့ပါတယ္။

အန္ဒီအက္ဖ္ပါတီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲက်ရင္ေတာ့ ကယားျပည္နယ္က ၿမိဳ႕နယ္ ၇ ၿမိဳ႕နဲ႔ က်န္တိုင္းေဒသႀကီးက ၿမိဳ႕ နယ္ ၃၀ ေက်ာ္မွာသာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ပါတီနာယာက ဦးတိုးပိုက ေျပာပါတယ္။

“၂၀၂၀ ကို က်ေနာ္တို႔ဝင္မယ္။ ဝင္တဲ့ေနရာမွာ ကယားျပည္နယ္မွာ ၇ ၿမိဳ႕နယ္လုံး ဝင္မယ္။ ေနရာတိုင္း ဝင္မယ္။ ဝင္တဲ့ေနရာမွာ လူမ်ိဳေပါင္းစုံပါမွာပဲ။ ဒီမွာရွိတဲ့ ဗမာေရာ၊ ရွမ္း၊ ကခ်င္၊ ကယားေရာ၊ ကရင္ အားလုံးဟာ က်ေနာ္တို႔ ပါတီဝင္ျဖစ္တယ္ဆိုရင္ အဲဒီက သင့္ေတာ္တဲ့ေနရာ ဝင္မွာပဲ။ က်န္တဲ့ ျပည္နယ္နဲ႔ တိုင္းေတြမွာလည္းပဲ က်ေနာ္တို႔က အရင္ ၂၀၁၀၊ ၂၀၁၅ လို အမ်ားႀကီး မဝင္ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုရင္ အခု ႏိုင္ငံေရးအေပၚမွာ စိတ္ဝင္စားမႈနည္းတယ္။ စိတ္ဝင္စားၿပီး ထိထိေရာက္ေရာက္ လုပ္ႏိုင္တဲ့သူက ပိုနည္းသြားလို႔ အဲေတာ့ အဲဒီေနရာမွာ က်ေနာ္တို႔ အၾကမ္းဖ်င္း ခန႔္မွန္းထားတာကေတာ့ ဟိုဘက္မွာ ၿမိဳ႕နယ္ ၃၀ ေလာက္ပဲ အျပည့္ဝင္ႏိုင္ေအာင္ ႀကိဳးစားမယ္။ ”

အန္ဒီအက္ဖ္ပါတီအေနနဲ႔ ကယားျပည္နယ္ရဲ႕ စည္း႐ုံးေရးေကာ္မတီက အရမ္းတက္ႂကြလႈပ္ရွားတဲ့အတြက္ ၇ ၿမိဳ႕နယ္လုံး ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဆုံးျဖတ္တာလို႔ ဆိုပါတယ္။

ကယားျပည္နယ္မွာ ျပည္နယ္အျချပဳတိုင္းရင္းသားပါတီ ၂ ပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ ၁၀ ပါတီေက်ာ္ ရွိေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013