DVB Logo
Home
ကျန်းမာရေး
ကွန်ပျူတာ၊ ဖုန်းတွေကြောင့်ဖြစ်တဲ့(Digital eye strain) မျက်စိအောင့်တာကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ
DVB
·
August 31, 2019
ကွန်ပျူတာ၊ ဖုန်းတွေကြောင့်ဖြစ်တဲ့(Digital eye strain) မျက်စိအောင့်တာကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ
Donate to DVB

အရင်တုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ မျက်စိ ဆေးခန်းသွားရ မျက်မှန်တပ်ရတာမျိုးတွေ မရှိပေမယ့် ခုနောက်ပိုင်း ဖုန်းခေတ် ကွန်ပျူတာခေတ်ရောက်မှ မျက်စိဆေးခန်းတွေလူပြည့်၊ ငယ်ငယ်လေးနဲ့ မျက်မှန်သမားတွေဖြစ် မျက်လုံးဝေဒနာတွေတစ်ပုံကြီခံစားနေရတဲ့ သူတွေ အများကြီးပါ။ ဒီထဲကမှ အများဆုံးကတော့ Digital eye strain လို့ခေါ်တဲ့ ကွန်ပျုတာ ဖုန်းတွေက ထွက်လာတဲ့ရောင်ခြည်ကြောင့် မျက်လုံးညောင်း မျက်လုံးကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့သူတွေက ပိုများပါတယ်။

ဘာ့ကြောင့် ဒီ ကွန်ပျူတာ ဖုန်း တွေက မျက်လုံးညောင်းတာကိုဖြစ်စေရတာလဲ။

မျက်လုံးမခြောက်အောင်လို့ ပုံမှန်ဆို တစ်မိနစ်ကို ၁၅ ကြိမ်ကနေအကြိမ်၂၀လောက် မျက်တောင်ခတ်တတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့် ဖုန်းပွတ် ကွန်ပျူတာသုံးတဲ့အချိန်တွေမှာဆို မျက်တောင်ခတ်နှုန်းက တစ်ဝက်လောက် လျော့ကျသွားတယ်လို့ လေ့လာချက်တွေ အရသိရပါတယ်။ နောက်ပြီး ဖန်သားပြင်ရဲ့ အလင်းအမှောင်၊ ရောင်ခြည်တွေနဲ့ စာလုံးတွေကလည်း မျက်လုံးညောင်း မျက်လုံးအောင့်တာကို ဖြစ်စေတဲ့ တရားခံတွေပါ။

ဘယ်လိုကာကွယ်ကြမလဲ။

အလုပ်ကလည်း ကွန်ပျူတာကိုင်ရတဲ့အလုပ်၊ ဖုန်းမပွတ်ဘဲနဲ့လည်း မနေနိုင် တီဗွီကြည့်ပြီး အပန်းကလည်းဖြေချင်သေး မျက်လုံးအောင့်မှာလည်း ကြောက်နေဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ဘာမှ မကြည့်ဘဲနေရတော့မှာလား။

Digital eye strain မဖြစ်အောင်လို့ ကိုယ်လုပ်ချင်တာတွေအားလုံးကို စွန့်လွှတ်လိုက်စရာမလိုပါဘူး။

ကိုယ်လုပ်နေတဲ့ အမူအကျင့်လေးတွေ နည်းနည်းလေး ပြောင်းလိုက်တာနဲ့တင် ရပါပြီ။

  • မျက်လုံးနဲ့ တီဗွီဖန်သားပြင်နဲ့ ၂၅ လက်မလောက် အကွာ( လက်တစ်ဆန့် အကွာအဝေး) လောက်မှာထားပါ။ TV ဖန်သားပြင်ကို မျက်လုံးနဲ့တစ်တန်းတည်းမဟုတ်ဘဲ အောက်ဘက်ကို ၁၅ ဒီဂရီလောက်စောင်းထားပါ။
  • ၂၀-၂၀-၂၀ rule အတိုင်းလုပ်ပါ။ တစ်ခုခုကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာအဝေးက အရာတစ်ခုခုကို ၂၀ စက္ကန့်လောက် ကြည့်ပါ။
  • ၂ နာရီကြာ ကြည့်ပြီးတိုင်း ၁၅ မိနစ်လောက် မျက်လုံးကိုအနားပေးပါ။
  • မျက်လုံးခြောက်ပြီး စပ်တယ်လို့ ခံစားလာရတိုင်း မျက်ရည်တုထည့်ပါ။
  • အဲယားကွန်း ရှေ့တည့်တည့်မှာ မနေပါနဲ့။ အဲယားကွန်းက လေတွေက မျက်လုံကိုခြောက်စေတတ်လို့ပါ။
  • အခန်းအတွင်းက အလင်းအမှောင်နဲ့ ဖန်သားပြင်က အလင်းအမှောင်ကို ချိန်ဆပါ။ ဖန်သားပြင်က အလင်းက ပိုလင်းနေတာမျိုး မဖြစ်ပါစေနဲ့။
  • ဖန်သားပြင်က အလင်းအမှောင်တွေကို သေချာချိန်သုံးပါ။ ပတ်ဝန်းကျင်က အလင်းထက် လျော့နေလို့လည်း မကောင်းသလို အရမ်းကြီးလင်းနေပြန်ရင်လည်း အဆင်မပြေပါဘူး။
  • စာလုံး မမြင်ရရင် အကြီးချဲ့ထားပါ။
  • ဖန်သားပြင်ရဲ့ အရောင်ကို လျှော့ထားပါ။ အဖြူတို့ အပြာတို့အစား အဝါဘက်ရောက်တဲ့ အရောင်တွေ ပိုသုံးပေးပါ။
  • မျက်ကပ်မှန်အစား မျက်မှန်သုံးပြီး ကွန်ပျူတာ ကြည့်တာက ပိုအဆင်ပြေပါလိမ့်မယ်။
  • မျက်လုံးကို ပုံမှန် စမ်းသပ်ပါ။ ကွန်ပျူတာသုံးမျက်မှန် သပ်သပ်ထားဖို့လည်း လိုရင်လိုပါလိမ့်မယ်။

ဒီနည်းအတိုင်းသာ သေချာလိုက်နာပြီးလုပ်သွားရင် Digital eyestrain ဝေဒနာ သက်သာသွားမယ့်အပြင် ဖုန်းတို့ ကွန်ပျူတာတို့ကြောင့် နောက်ပိုင်း ထိခိုက်မယ့်မျက်လုံး ပြဿနာတွေနဲ့ပါ ကင်းဝေးပြီးသား ဖြစ်မှာပါ ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကြန္ပ်ဴတာ၊ ဖုန္းေတြေၾကာင့္ျဖစ္တဲ့(Digital eye strain) မ်က္စိေအာင့္တာကို ဘယ္လိုသက္သာေအာင္ လုပ္ၾကမလဲ

အရင္တုန္းကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မ္ကၥိ ေဆးခန္းသြားရ မ်က္မွန္တပ္ရတာမ်ိဳးေတြ မရွိေပမယ့္ ခုေနာက္ပိုင္း ဖုန္းေခတ္ ကြန္ပ်ဴတာေခတ္ေရာက္မွ မ်က္စိေဆးခန္းေတြလူျပည့္၊ ငယ္ငယ္ေလးနဲ႔ မ်က္မွန္သမားေတြျဖစ္ မ်က္လုံးေဝဒနာေတြတစ္ပုံႀကီခံစားေနရတဲ့ သူေတြ အမ်ားႀကီးပါ။ ဒီထဲကမွ အမ်ားဆုံးကေတာ့ Digital eye strain လို႔ေခၚတဲ့ ကြန္ပ်ဳတာ ဖုန္းေတြက ထြက္လာတဲ့ေရာင္ျခည္ေၾကာင့္ မ်က္လုံးေညာင္း မ်က္လုံးကိုက္တဲ့ေဝဒနာကို ခံစားေနရတဲ့သူေတြက ပိုမ်ားပါတယ္။

ဘာ့ေၾကာင့္ ဒီ ကြန္ပ်ဴတာ ဖုန္း ေတြက မ်က္လုံးေညာင္းတာကိုျဖစ္ေစရတာလဲ။

မ်က္လုံးမေျခာက္ေအာင္လို႔ ပုံမွန္ဆို တစ္မိနစ္ကို ၁၅ ႀကိမ္ကေနအႀကိမ္၂၀ေလာက္ မ်က္ေတာင္ခတ္တတ္ၾကပါတယ္။ ဒါေပမယ့္ ႐ုပ္ရွင္ၾကည့္ ဖုန္းပြတ္ ကြန္ပ်ဴတာသုံးတဲ့အခ်ိန္ေတြမွာဆို မ်က္ေတာင္ခတ္ႏႈန္းက တစ္ဝက္ေလာက္ ေလ်ာ့က်သြားတယ္လို႔ ေလ့လာခ်က္ေတြ အရသိရပါတယ္။ ေနာက္ၿပီး ဖန္သားျပင္ရဲ႕ အလင္းအေမွာင္၊ ေရာင္ျခည္ေတြနဲ႔ စာလုံးေတြကလည္း မ်က္လုံးေညာင္း မ်က္လုံးေအာင့္တာကို ျဖစ္ေစတဲ့ တရားခံေတြပါ။

ဘယ္လိုကာကြယ္ၾကမလဲ။

အလုပ္ကလည္း ကြန္ပ်ဴတာကိုင္ရတဲ့အလုပ္၊ ဖုန္းမပြတ္ဘဲနဲ႔လည္း မေနႏိုင္ တီဗြီၾကည့္ၿပီး အပန္းကလည္းေျဖခ်င္ေသး မ်က္လုံးေအာင့္မွာလည္း ေၾကာက္ေနဆိုေတာ့ ဘယ္လိုလုပ္ၾကမလဲ။ ဘာမွ မၾကည့္ဘဲေနရေတာ့မွာလား။

Digital eye strain မျဖစ္ေအာင္လို႔ ကိုယ္လုပ္ခ်င္တာေတြအားလုံးကို စြန႔္လႊတ္လိုက္စရာမလိုပါဘူး။

ကိုယ္လုပ္ေနတဲ့ အမူအက်င့္ေလးေတြ နည္းနည္းေလး ေျပာင္းလိုက္တာနဲ႔တင္ ရပါၿပီ။

မ်က္လုံးနဲ႔ တီဗြီဖန္သားျပင္နဲ႔ ၂၅ လက္မေလာက္ အကြာ( လက္တစ္ဆန႔္ အကြာအေဝး) ေလာက္မွာထားပါ။ TV ဖန္သားျပင္ကို မ်က္လုံးနဲ႔တစ္တန္းတည္းမဟုတ္ဘဲ ေအာက္ဘက္ကို ၁၅ ဒီဂရီေလာက္ေစာင္းထားပါ။
၂၀-၂၀-၂၀ rule အတိုင္းလုပ္ပါ။ တစ္ခုခုကို မိနစ္ ၂၀ ၾကည့္ၿပီးတိုင္း ေပ ၂၀ အကြာအေဝးက အရာတစ္ခုခုကို ၂၀ စကၠန႔္ေလာက္ ၾကည့္ပါ။
၂ နာရီၾကာ ၾကည့္ၿပီးတိုင္း ၁၅ မိနစ္ေလာက္ မ်က္လုံးကိုအနားေပးပါ။
မ်က္လုံးေျခာက္ၿပီး စပ္တယ္လို႔ ခံစားလာရတိုင္း မ်က္ရည္တုထည့္ပါ။
အဲယားကြန္း ေရွ႕တည့္တည့္မွာ မေနပါနဲ႔။ အဲယားကြန္းက ေလေတြက မ်က္လုံကိုေျခာက္ေစတတ္လို႔ပါ။
အခန္းအတြင္းက အလင္းအေမွာင္နဲ႔ ဖန္သားျပင္က အလင္းအေမွာင္ကို ခ်ိန္ဆပါ။ ဖန္သားျပင္က အလင္းက ပိုလင္းေနတာမ်ိဳး မျဖစ္ပါေစနဲ႔။
ဖန္သားျပင္က အလင္းအေမွာင္ေတြကို ေသခ်ာခ်ိန္သုံးပါ။ ပတ္ဝန္းက်င္က အလင္းထက္ ေလ်ာ့ေနလို႔လည္း မေကာင္းသလို အရမ္းႀကီးလင္းေနျပန္ရင္လည္း အဆင္မေျပပါဘူး။
စာလုံး မျမင္ရရင္ အႀကီးခ်ဲ႕ထားပါ။
ဖန္သားျပင္ရဲ႕ အေရာင္ကို ေလွ်ာ့ထားပါ။ အျဖဴတို႔ အျပာတို႔အစား အဝါဘက္ေရာက္တဲ့ အေရာင္ေတြ ပိုသုံးေပးပါ။
မ်က္ကပ္မွန္အစား မ်က္မွန္သုံးၿပီး ကြန္ပ်ဴတာ ၾကည့္တာက ပိုအဆင္ေျပပါလိမ့္မယ္။
မ်က္လုံးကို ပုံမွန္ စမ္းသပ္ပါ။ ကြန္ပ်ဴတာသုံးမ်က္မွန္ သပ္သပ္ထားဖို႔လည္း လိုရင္လိုပါလိမ့္မယ္။

ဒီနည္းအတိုင္းသာ ေသခ်ာလိုက္နာၿပီးလုပ္သြားရင္ Digital eyestrain ေဝဒနာ သက္သာသြားမယ့္အျပင္ ဖုန္းတို႔ ကြန္ပ်ဴတာတို႔ေၾကာင့္ ေနာက္ပိုင္း ထိခိုက္မယ့္မ်က္လုံး ျပႆနာေတြနဲ႔ပါ ကင္းေဝးၿပီးသား ျဖစ္မွာပါ ။ ။

ေရးသားသူ Dr. Thin Yadanar @ Frances

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013