DVB Logo
Home
သတင်းတို
အင်တာနက်သုံးစွဲခ ဒေတာနဲ့ ကောက်ခံမယ့် အစီအစဉ် ရွှေ့ဆိုင်း
DVB
·
December 18, 2012
Donate to DVB

လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့ကစ မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးစွဲခတွေကို လက်ရှိ မိနစ်အလိုက် ကောက်ခံနေတဲ့အစား အသုံးပြုတဲ့ ဒေတာ ပမာဏအလိုက် ပြောင်းလဲ ကောက်ခံမယ့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။

နိုဝင်ဘာလ အတွင်းက ကြေညာခဲ့တဲ့ အသုံးပြုမယ့် ဒေတာ ပမာဏအလိုက် ကောက်ခံမယ့်နှုန်းထားတွေဟာ နဂို နှုန်းထားထက် ၃ ဆ ကနေ ၆ ဆ အထိ မြင့်မားနေတာကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ပေါ်ထွက်ခဲ့ပြီး ဆန္ဒပြမယ့် အနေအထား အထိ ရောက်ရှိခဲ့တာမို့ အစီအစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကောက်ခံနေတဲ့ အင်တာနက် အသုံးပြုခနှုန်းထားတွေကတော့ ဂျီအက်စ်အမ် ဖုန်းနဲ့ ဆိုရင် ၁ မိနစ် ၂ ကျပ်၊ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်(ဇ်)၊ ဒဗလျူစီဒီအမ်အေ ဖုန်းတွေနဲ့ ဆိုရင် ၁ မိနစ် ၄ ကျပ်နှုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013