DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် ရဲတပ်သားအချင်းချင်း ထိုးကြိတ်ရာက ၁ ဦး သေဆုံး
DVB
·
August 30, 2019
မိတ္ထီလာမြို့နယ်တွင် ရဲတပ်သားအချင်းချင်း ထိုးကြိတ်ရာက ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အလည်ရွာ ရဲကင်းစခန်းမှာ မနေ့ညနေက ရဲတပ်သားအချင်းချင်း ထိုးကြိတ်ကြရာက  တဦး သေဆုံးသွားလို့ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ အလည်ရွာရဲကင်းစခန်းက ပြောပါတယ်။

အလည်ရွာ ရဲကင်းစခန်းတပ်ကြပ်ကြီးက "ကင်းစောင့်နေတဲ့ ရဲတပ်သားကို ကင်းရုံဘေး လာအိပ်တဲ့ ရဲတပ်သားက လက်သီးနဲ့ ထိုးလိုက်တာ၊ ပြန်တွန်းလိုက်တော့ မေ့ပြီးသေဆုံးသွားတယ်။ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရပါဘူး။ ဆေးရုံမှာ ခွဲစိပ်စစ်ဆေး နေပါတယ်။ အမှုဖွင့်ထားပါတယ်" လို့ ပြောပါတယ်။

ရဲတပ်သားတင်စိုးဝေဟာ လက်နက်မှုတရားခံကို မိတ္ထီလာမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ပြီး ထမင်းဆိုင်မှာ အရက်သောက်ကာ ရဲစခန်းကို ပြန်လာခဲ့ပြီး ရဲစခန်းအရောက် ကင်းရုံဘေးမှာ အိပ်ပျော်နေလို့ ဇနီးဖြစ်သူက နေအိမ်မှာ ပြန်အိပ်ဖို့ နှိုးခဲ့ပါတယ်။ 

ရဲတပ်သား တင်စိုးဝေဟာ အိပ်ယာနိုးပြီး ကင်းစောင့်နေတဲ့ ရဲတပ်သားအောင်စိုးမင်းကို လက်သီးနဲ့ ထိုးတဲ့အတွက် ရဲတပ်သားအောင်စိုးမင်းက ရဲတပ်သားတင်စိုးဝေရဲ့ နောက်ကျောကို လက်သီးနဲ့တချက်ထိုးလိုက်ရာ မှောက်ရက်လဲကျပြီး သတိမေ့သွားခဲ့တာ ဖြစ်ပါတယ်။

သတိမေ့နေတဲ့ ရဲတပ်သားတင်စိုးဝေကို အလည်ရွာတိုက်နယ်ဆေးရုံကနေ မိတ္ထီလာဆေးရုံ ပြောင်းရွေ့ခဲ့ရာ မိတ္ထီလာဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။

အလည်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းနိုင်က "ဟုတ်ပါတယ် ရဲတပ်သားတဦးကတော့ သေဆုံးသွားတယ်။ အလည်ရွာတိုက်နယ်ဆေးရုံကို ရောက်လာတော့ သွားကြည့်ဖြစ်တယ်။ အဲဒီက တဆင့် မိတ္ထီလာဆေးရုံ ပြောင်းသွားတယ်" လို့ပြောပါတယ်။

ရဲတပ်သားတင်စိုးဝေရဲ့ ဇနီးဖြစ်သူက တရားလိုလုပ်ပြီး ရဲတပ်သားအောင်စိုးမင်းကို လူသတ်မှုရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ မိတ္ထီလာမြို့နယ် အလည်ရွာ ရဲကင်းစခန်းမှာ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း




မိတၳီလာၿမိဳ႕နယ္တြင္ ရဲတပ္သားအခ်င္းခ်င္း ထိုးႀကိတ္ရာက ၁ ဦး ေသဆုံး
DVB

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္ အလည္႐ြာ ရဲကင္းစခန္းမွာ မေန႔ညေနက ရဲတပ္သားအခ်င္းခ်င္း ထိုးႀကိတ္ၾကရာက တဦး ေသဆုံးသြားလို႔ လူသတ္မႈနဲ႔ အမႈဖြင့္ထားတယ္လို႔ အလည္႐ြာရဲကင္းစခန္းက ေျပာပါတယ္။

အလည္႐ြာ ရဲကင္းစခန္းတပ္ၾကပ္ႀကီးက "ကင္းေစာင့္ေနတဲ့ ရဲတပ္သားကို ကင္း႐ုံေဘး လာအိပ္တဲ့ ရဲတပ္သားက လက္သီးနဲ႔ ထိုးလိုက္တာ၊ ျပန္တြန္းလိုက္ေတာ့ ေမ့ၿပီးေသဆုံးသြားတယ္။ ျပင္ပဒဏ္ရာ တစုံတရာ မေတြ႕ရပါဘူး။ ေဆး႐ုံမွာ ခြဲစိပ္စစ္ေဆး ေနပါတယ္။ အမႈဖြင့္ထားပါတယ္" လို႔ ေျပာပါတယ္။

ရဲတပ္သားတင္စိုးေဝဟာ လက္နက္မႈတရားခံကို မိတၳီလာၿမိဳ႕နယ္ တရား႐ုံးသို႔ တရားစြဲတင္ပို႔ၿပီး ထမင္းဆိုင္မွာ အရက္ေသာက္ကာ ရဲစခန္းကို ျပန္လာခဲ့ၿပီး ရဲစခန္းအေရာက္ ကင္း႐ုံေဘးမွာ အိပ္ေပ်ာ္ေနလို႔ ဇနီးျဖစ္သူက ေနအိမ္မွာ ျပန္အိပ္ဖို႔ ႏႈိးခဲ့ပါတယ္။

ရဲတပ္သား တင္စိုးေဝဟာ အိပ္ယာႏိုးၿပီး ကင္းေစာင့္ေနတဲ့ ရဲတပ္သားေအာင္စိုးမင္းကို လက္သီးနဲ႔ ထိုးတဲ့အတြက္ ရဲတပ္သားေအာင္စိုးမင္းက ရဲတပ္သားတင္စိုးေဝရဲ႕ ေနာက္ေက်ာကို လက္သီးနဲ႔တခ်က္ထိုးလိုက္ရာ ေမွာက္ရက္လဲက်ၿပီး သတိေမ့သြားခဲ့တာ ျဖစ္ပါတယ္။

သတိေမ့ေနတဲ့ ရဲတပ္သားတင္စိုးေဝကို အလည္႐ြာတိုက္နယ္ေဆး႐ုံကေန မိတၳီလာေဆး႐ုံ ေျပာင္းေ႐ြ႕ခဲ့ရာ မိတၳီလာေဆး႐ုံမွာပဲ ေသဆုံးသြားခဲ့ပါတယ္။

အလည္႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မင္းႏိုင္က "ဟုတ္ပါတယ္ ရဲတပ္သားတဦးကေတာ့ ေသဆုံးသြားတယ္။ အလည္႐ြာတိုက္နယ္ေဆး႐ုံကို ေရာက္လာေတာ့ သြားၾကည့္ျဖစ္တယ္။ အဲဒီက တဆင့္ မိတၳီလာေဆး႐ုံ ေျပာင္းသြားတယ္" လို႔ေျပာပါတယ္။

ရဲတပ္သားတင္စိုးေဝရဲ႕ ဇနီးျဖစ္သူက တရားလိုလုပ္ၿပီး ရဲတပ္သားေအာင္စိုးမင္းကို လူသတ္မႈရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ မိတၳီလာၿမိဳ႕နယ္ အလည္႐ြာ ရဲကင္းစခန္းမွာ အမႈဖြင့္ထားပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013