DVB Logo
Home
မြန်မာသတင်း
ကိုးရီးယားနိုင်ငံက မွန်ပြည်နယ် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူအတွက် ဆန်လှူဒါန်း
DVB
·
August 30, 2019
ကိုးရီးယားနိုင်ငံက မွန်ပြည်နယ် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူအတွက် ဆန်လှူဒါန်း
1 / 4
Donate to DVB

တောင်ကိုးရီးယားနိုင်ငံကနေ ထောက်ပံ့လှူဒါန်းတဲ့ဆန်တွေကို မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေဘေးသင့်ပြည်သူကို ပေးသွားမယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်

အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာအစီအစဉ်အရ ကိုရီးယားနို်ငငံကနေ သဘာဝဘေး ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ဆန်တန်ချိန် ၁၇ ဒသမ ၇၉တန်  ပေးအပ်လှူဒါန်းထားတာပါ။

လတ်တလော ရေးမြို့နယ်က ရေဘေးသင့် မြို့ပေါ်ရပ်ကွက်  ၆ ရပ်ကွက်နဲ့ ရွာပေါင်း ၄ ရွာရှိ အိမ်ထောင်စု ၇၆၇ စု၊ လူဦးရေ ၃၅၅၈ ဦးအတွက်  တဦးကို ၅ ကီလိုဂရမ်နှုန်းနဲ့ ဆန်အိတ်ပေါင်း ၄၄၅အိတ်ကို သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှဝင်းက ပြောပါတယ်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကနေတဆင့် သတ်မှတ်ပေးထားတဲ့အတိုင်း ရေဘေးသင့်ပြည်သူတွေဆီ ပေးအပ်သွားမယ်လို့ လည်း  ဦးစီးမှူး ဒေါ်လှလှဝင်း က ပြောပါတယ်။

ရေးမြို့နယ်မှာ မြစ်ရေကြီးမှုတွေ သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့ပြီး အနယ်နယ်အရပ်ရပ်က လည်း လာရောက်လှူဒါန်းနေရာမှာ ကျပ်ငွေသိန်းပေါင်း သောင်းဂဏန်းလောက်ရရှိတယ်လို့ မြို့နယ်သဘာဝဘေး အန္တရအာယ်စီမံခန့်ခွဲရေးကော်မတီ ကပြောပါတယ်။

ရေးမြို့နယ် ရေကြီးမှုဖြစ်စဉ်တွေထဲမှ လူ ၅ ဦးသေဆုံးခဲ့ရပြီး ရေဘေးသင့်ပြည်သူ ၄၁၀၀၀ ကျော်ရေဘေးသင့်ရာ နေအိမ်ပေါင်း ၆၀၀ ကျော်ခန့် မျောပါ ထိခိုက်ပျက်စီးခဲ့ရသလို လယ်ယာဥယျာဉ်ခြံ၊ လမ်း၊ တံတား၊ ကုန်သိုလှောင်ရောင်းချသူတွေပါ ဆုံးရှုံးမှုအများဆုံးရှိခဲ့တယ် လို႔   မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ သိရပါတယ်။

သတင်း- နေမျိုးထွဋ် 




ကိုးရီးယားႏိုင္ငံက မြန္ျပည္နယ္ ေရးၿမိဳ႕နယ္က ေရေဘးသင့္ျပည္သူအတြက္ ဆန္လႉဒါန္း
DVB

ေတာင္ကိုးရီးယားႏိုင္ငံကေန ေထာက္ပံ့လႉဒါန္းတဲ့ဆန္ေတြကို မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္က ေရေဘးသင့္ျပည္သူကို ေပးသြားမယ္လို႔ ၿမိဳ႕နယ္သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးေကာ္မတီ တာဝန္ရွိသူက ေျပာပါတယ္။

အာဆီယံ+၃ အေရးေပၚ အရန္ဆန္ရိကၡာအစီအစဥ္အရ ကိုရီးယားႏို္ငငံကေန သဘာဝေဘး ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအတြက္ ဆန္တန္ခ်ိန္ ၁၇ ဒသမ ၇၉တန္ ေပးအပ္လႉဒါန္းထားတာပါ။

လတ္တေလာ ေရးၿမိဳ႕နယ္က ေရေဘးသင့္ ၿမိဳ႕ေပၚရပ္ကြက္ ၆ ရပ္ကြက္နဲ႔ ႐ြာေပါင္း ၄ ႐ြာရွိ အိမ္ေထာင္စု ၇၆၇ စု၊ လူဦးေရ ၃၅၅၈ ဦးအတြက္ တဦးကို ၅ ကီလိုဂရမ္ႏႈန္းနဲ႔ ဆန္အိတ္ေပါင္း ၄၄၅အိတ္ကို ၾသဂုတ္ ၃၀ ရက္ မြန္းလြဲပိုင္းက ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ၿမိဳ႕နယ္စိုက္ပ်ိဳးေရး ဦးစီးဌာန ဦးစီးမႉး ေဒၚလွလွဝင္းက ေျပာပါတယ္။

ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနနဲ႔ ခ်ိတ္ဆက္ၿပီး သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ကေနတဆင့္ သတ္မွတ္ေပးထားတဲ့အတိုင္း ေရေဘးသင့္ျပည္သူေတြဆီ ေပးအပ္သြားမယ္လို႔ လည္း ဦးစီးမႉး ေဒၚလွလွဝင္း က ေျပာပါတယ္။

ေရးၿမိဳ႕နယ္မွာ ျမစ္ေရႀကီးမႈေတြ ၾသဂုတ္လအတြင္းမွာ ျဖစ္ပြားခဲ့ၿပီး အနယ္နယ္အရပ္ရပ္က လည္း လာေရာက္လႉဒါန္းေနရာမွာ က်ပ္ေငြသိန္းေပါင္း ေသာင္းဂဏန္းေလာက္ရရွိတယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး အႏၲရအာယ္စီမံခန႔္ခြဲေရးေကာ္မတီ ကေျပာပါတယ္။

ေရးၿမိဳ႕နယ္ ေရႀကီးမႈျဖစ္စဥ္ေတြထဲမွ လူ ၅ ဦးေသဆုံးခဲ့ရၿပီး ေရေဘးသင့္ျပည္သူ ၄၁၀၀၀ ေက်ာ္ေရေဘးသင့္ရာ ေနအိမ္ေပါင္း ၆၀၀ ေက်ာ္ခန႔္ ေမ်ာပါ ထိခိုက္ပ်က္စီးခဲ့ရသလို လယ္ယာဥယ်ာဥ္ၿခံ၊ လမ္း၊ တံတား၊ ကုန္သိုေလွာင္ေရာင္းခ်သူေတြပါ ဆုံးရႈံးမႈအမ်ားဆုံးရွိခဲ့တယ္ လို႔ ၿမိဳ႕နယ္သဘာဝ ေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေကာ္မတီမွ သိရပါတယ္။
သတင္း- ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013