DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဈေးများတွင် ဖော်မလင်နှင့် ဆိုးဆေးအသုံးပြုမှု ၉၀ ရာခိုင်နှုန်းလျော့ကျဟု FDA ပြော
DVB
·
August 30, 2019
ရန်ကုန်ဈေးများတွင် ဖော်မလင်နှင့် ဆိုးဆေးအသုံးပြုမှု ၉၀ ရာခိုင်နှုန်းလျော့ကျဟု FDA ပြော
1 / 6
Donate to DVB

ရန်ကုန်မြို့က စျေးတွေမှာ ဖော်မလင်နဲ့ဆိုးဆေးအသုံးပြုတာတွေဟာ ၉၀ ရာခိုင်နှုန်း လောက်ထိ လျော့ကျလာပြီလို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြောပါတယ်။

ရန်ကုန်မြို့က စျေးတွေကို FDA က စီမံချက်အလိုက် စစ်ဆေးနေပြီး လက်ရှိမှာ အရင်နှစ်နဲ့ ယှဉ်ရင် ဖော်မလင်၊ဆိုးဆေးသုံးစွဲတာ လျော့ကျလာတယ်လို့ဆိုပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခင်ချစ်က “ဖော်မလင်သုံးစွဲမှုဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ထိ လျော့ကျသွားပြီ။ ဖော်မလင်အစားထိုးသုံးစွဲရမှာတွေကိုလဲ ကျမတို့က အသိပညာပေးတာတွေ လုပ်ပေးတယ်။ ဆိုးဆေးကလည်း ပြည်တွင်းထုတ်တွေမှာ အတော်နည်းသွားပြီး။ နယ်စပ်က ဝင်တာတွေကတော့ ရှိသေးတယ်။ အမည်မသိရတဲ့ အစားအသောက်တွေ ကပိုဆိုးတယ်”လို့ပြောပါတယ်။

FDA အနေနဲ့ ပထမအကြိမ် စစ်ဆေးထားတဲ့ စျေးတွေမှာ တားမြစ်ဆိုးဆေး၊စားသောက်ကုန် သုံးစွဲရောင်းချတာတွေကို အသိပညာပေး၊သတိပေးထားပြီး နောက်တကြိမ်ကို ရှောင်တခင်အနေနဲ့ ထပ်မံစစ်ဆေးကာ ဆက်လက် သုံးစွဲရောင်းချရင်ဥပဒေအရ အရေးယူတာတွေ လုပ်နေပါတယ်။




အာကာ

ရန်ကုန်မြို့က ဈေးတွေမှာ ဖော်မလင်နဲ့ဆိုးဆေးအသုံးပြုတာတွေဟာ ၉၀ ရာခိုင်နှုန်း လောက်ထိ လျော့ကျလာပြီလို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြောပါတယ်။

ရန်ကုန်မြို့က ဈေးတွေကို FDA က စီမံချက်အလိုက် စစ်ဆေးနေပြီး လက်ရှိမှာ အရင်နှစ်နဲ့ ယှဉ်ရင် ဖော်မလင်၊ဆိုးဆေးသုံးစွဲတာ လျော့ကျလာတယ်လို့ဆိုပါတယ်။


FDA အနေနဲ့ ပထမအကြိမ် စစ်ဆေးထားတဲ့ ဈေးတွေမှာ တားမြစ်ဆိုးဆေး၊စားသောက်ကုန် သုံးစွဲရောင်းချတာတွေကို အသိပညာပေး၊သတိပေးထားပြီး နောက်တကြိမ်ကို ရှောင်တခင်အနေနဲ့ ထပ်မံစစ်ဆေးကာ ဆက်လက် သုံးစွဲရောင်းချရင်ဥပဒေအရ အရေးယူတာတွေ လုပ်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013