DVB Logo
Home
Lead Story
မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲ စက်တင်ဘာ ၆ ရက် ထုတ်လွှင့်မည်(ရုပ်သံ)
DVB
·
August 30, 2019
မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲ စက်တင်ဘာ ၆ ရက် ထုတ်လွှင့်မည်(ရုပ်သံ)
Donate to DVB

ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပရိသတ် အခိုင်အမာရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲတခု ဖြစ်တဲ့ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲတင်ဆက်မှုကို လာမယ့် စက်တင် ဘာလ ၆ ရက်နေ့မှာ စတင်ကာ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။

Myanmar Idol ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာတော့ ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

“တောင်ကြီးမြို့ ပြိုင်ပွဲဝင်များနှင့်အတူ ပရိတ်သတ်ကြီးဆီ အရောက်လာပါ တော့မည်။ မြူခိုးတွေဝေ တိမ်စိုင်တွေကာရံထားတဲ့ တောင်တန်းကြီးရဲ့ အိပ်မက်တချို့ဟာ လက်တွေ့ ဖြစ်လာမလားဆိုတာ ရင်ခုန်စွာနဲ့ပဲ စက်တင်ဘာ (၆) ရက်နေ့ကျရင် အားလုံးပဲ TV ရှေ့မှာ စောင့်ကြည့်ကြရအောင်နော်”

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်း တို့က အကဲဖြတ်အမှတ်ပေးသွားကြမှာ ဖြစ်ပါတယ်။

Season 4 အတွက် ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်ဆေးမှုတွေကိုတော့ မြန်မာနိုင်ငံ မြို့ကြီး ငါးမြို့ဖြစ်တဲ့ တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဘားအံ၊ ရန်ကုန်မြို့တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်မယ့်သူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန်ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလား ထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သား ငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိ နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။




ျမန္မာအိုင္ေဒါ Season 4 သီခ်င္းဆိုၿပိဳင္ပြဲ စက္တင္ဘာ ၆ ရက္ ထုတ္လႊင့္မည္(႐ုပ္သံ)
DVB

ၿပိဳင္ဆိုင္မႈ ျပင္းထန္ၿပီး ပရိသတ္ အခိုင္အမာရရွိထားတဲ့ သီခ်င္းဆိုၿပိဳင္ပြဲတခု ျဖစ္တဲ့ Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲတင္ဆက္မႈကို လာမယ့္ စက္တင္ ဘာလ ၆ ရက္ေန႔မွာ စတင္ကာ ထုတ္လႊင့္ေတာ့မွာ ျဖစ္ပါတယ္။

Myanmar Idol ရဲ႕ တရားဝင္ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာ ေပၚမွာေတာ့ ခုလိုေရးသားေဖာ္ျပထားခဲ့တာပါ။

“ေတာင္ႀကီးၿမိဳ႕ ၿပိဳင္ပြဲဝင္မ်ားႏွင့္အတူ ပရိတ္သတ္ႀကီးဆီ အေရာက္လာပါ ေတာ့မည္။ ျမဴခိုးေတြေဝ တိမ္စိုင္ေတြကာရံထားတဲ့ ေတာင္တန္းႀကီးရဲ႕ အိပ္မက္တခ်ိဳ႕ဟာ လက္ေတြ႕ ျဖစ္လာမလားဆိုတာ ရင္ခုန္စြာနဲ႔ပဲ စက္တင္ဘာ (၆) ရက္ေန႔က်ရင္ အားလုံးပဲ TV ေရွ႕မွာ ေစာင့္ၾကည့္ၾကရေအာင္ေနာ္”

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အဆိုေတာ္ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္း တို႔က အကဲျဖတ္အမွတ္ေပးသြားၾကမွာ ျဖစ္ပါတယ္။

Season 4 အတြက္ ၿပိဳင္ပြဲဝင္ေတြရဲ႕ အသံစစ္ေဆးမႈေတြကိုေတာ့ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီး ငါးၿမိဳ႕ျဖစ္တဲ့ ေတာင္ႀကီး၊ မႏၲေလး၊ ေတာင္ငူ၊ ဘားအံ၊ ရန္ကုန္ၿမိဳ႕ေတြမွာ ၿပီးခဲ့တဲ့ ဇြန္လ ၁၅ ရက္ေန႔က စတင္ၿပီး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာ Host အေနနဲ႔ ပါဝင္မယ့္သူကေတာ့ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္ျဖစ္ၿပီး ထင္ရွားတဲ့ ဒိုင္တဦးျဖစ္တဲ့ ျမန္မာျပည္ သိန္းတန္ကေတာ့ အခုႏွစ္မွာ မပါဝင္ေတာ့ပါဘူး။

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကိုေတာ့ ျမန္မာႏိုင္ငံမွာ ေ႐ႊသံလြင္ကုမၸဏီက စီစဥ္ၿပီး ၂၀၁၆ ခုႏွစ္မွာ Season 1 အျဖစ္ က်င္းပခဲ့ၿပီး Winner ဆုကိုေတာ့ ေစာလား ေထာ္ဝါးက ရရွိခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ရဲ႕ Myanmar Idol Season 2 မွာေတာ့ Winner ဆုရွင္အျဖစ္ သား ငယ္က ရရွိခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ရဲ႕ Myanmar Idol Season 3 ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲကေတာ့ ပရိသတ္ေတြၾကား လႈပ္ခတ္ေစခဲ့တဲ့ ၿပိဳင္ပြဲတခု ျဖစ္ခဲ့ပါတယ္။

ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးအဆင့္ထိ ေရာက္ရွိခဲ့ၾကတဲ့ ၿဖိဳးျမတ္ေအာင္နဲ႔ ခ်မ္းေျမ့ေမာင္ ခ်ိဳတို႔ကို အားေပးတဲ့ ပရိသတ္ေတြအခ်င္းခ်င္းၾကားမွာ အၿပိဳင္အဆိုင္ အႀကိတ္အနယ္ရွိ ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပိဳင္ပြဲေနာက္ဆုံးေန႔မွာေတာ့ က်န္းမာေရးေၾကာင့္ ခ်မ္းေျမ့ေမာင္ခ်ိဳက ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့ပဲ Winner ဆုကို ၿဖိဳးျမတ္ေအာင္က ရရွိသြားခဲ့တာ ျဖစ္ပါ တယ္။

အခုႏွစ္ရဲ႕ Season 4 မွာေရာ ဘယ္သူေတြက Winner ဆုကို ရရွိသြားမလဲ၊ ႏိုင္ငံအႏွံ႔က ဘယ္လို႐ြက္ပုန္းသီး အႏုပညာရွင္ေတြ ထြက္ေပၚလာဦးမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013