DVB Logo
Home
မြန်မာသတင်း
ဘားအံအကျဉ်းထောင်ဖောက်ပြေးမှုတွင် တာဝန်ရှိသူများကို ထောင်ဒဏ် ၇ ရက်ချမှတ် 
DVB
·
August 30, 2019
ဘားအံအကျဉ်းထောင်ဖောက်ပြေးမှုတွင် တာဝန်ရှိသူများကို ထောင်ဒဏ် ၇ ရက်ချမှတ် 
Donate to DVB

ဘားအံအကျဉ်းထောင်ကနေ အကျဉ်းသားတွေထောင်ဖောက်ပြေးမှုနဲ့ ထောင်ပိုင်ကြီး အပါအဝင် ထောင်ဝန်ထမ်း ၈ ဦးကို အကျဉ်းထောင် ဥပဒေ ပုဒ်မ ၅၄(၁)နဲ့ သြဂုတ် ၂၆ ရက်က ဘားအံမြို့နယ်တရားရုံးမှာမြို့နယ်တရားသူကြီးက ထောင်ဒဏ် ၇ ရက် အမိန့်ချမှတ်လိုက်ပါတယ်။

ခုလိုပြစ်ဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုဟာ ဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့ စီရင်ဆုံးဖြတ်မှုဖြစ်တယ်လို့ အကျဉ်းထောင်အရာရှိဟောင်း ဥပဒေပညာရှင် ဦးခင်မောင်မြင့်က ဝေဖန်လိုက်ပါတယ်။

“အပြစ်ရှိတဲ့လူတွေကျ ထိုက်သင့်တဲ့ ပြစ်ဒဏ်မကျဘဲနဲ့ ၇ ရက်ပဲကျတော့ နှစ်ဘက်လုံးကြည့်လိုက်တဲ့အခါကျတော့ ဒါလည်း အဓိပ္ပာယ် မရှိဘူး။ နှစ်ဘက်လုံး ကြည့်လိုက်တဲ့အခါမှာ ဒီတရားစီရင်မှုကတော့ ကျနော်တဦးတည်း အမြင်အရတော့ တော်တော်လေး ဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့ စီရင်ဆုံးဖြတ်မှုလို့ ကျနော်က အဲလိုပဲမြင်တယ်”

ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီး ဦးသန်းနိုင်က “တရားရေး အပိုင်းက ဝင်စွက်ဖက်လို့မရဘူး။ ကျနော်တို့အစိုးရအနေနဲ့ကတော့ သူတို့ ပြစ်မှုပြစ်ဒဏ်အဖြစ်နဲ့ ကြီးလေးတဲ့ အဆိုးဆုံးကို ခံစားရတာလို့ ယူဆတယ်”လို့ ပြောပါတယ်။

အကျဉ်းသားတွေ အကျဉ်းထောင်ဖောက်ပြေးမှုမှာ အကျဉ်းထောင်တာဝန်ရှိတဲ့ ဝန်ထမ်းတွေ ကို ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်တဲ့ တရားစီရင်ရေးအပေါ် ဒေသခံတွေကြားမှာ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

ဘားအံမြို့၊ အမှတ် ၇ ရပ်ကွက်နေ ဦးမျိုးညွန့်က “ဝန်ကြီးချုပ်က ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပေမယ့် ပြစ်ဒဏ်က ဒီလောက်ပဲရှိရင် ဒီလောက်ပဲရမှာ။ ဒါက ဥပဒေပြုနေတဲ့ အမတ်တွေကို ကျနော်တို့က သွားတောင်းဆိုရမှာ။ သူတို့ ဒါတွေပြန်ပြင်ရမှာ”လို့ ပြောပါတယ်။

ဒီကနေ့အထိ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသား ၁၆ ဦးရှိပြီး မူးယစ်ဆေးဝါးမှုနဲ့ ၁၂ ဦး အခြားအမှုနဲ့ ၄ ဦးဖြစ်ပါတယ်။

အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်တဲ့အပေါ် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ထောင်ကျအကျဉ်းသားနဲ့ အချုပ်သား ၄၂ ဦးကို တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပေမယ့် ဘားအံအကျဉ်းဦးစီးဌာနက တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့အမှုဖြစ်စဉ်မှာ ၄၀ ဦးကိုပဲ တင်ပြထားပါတယ်။

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်အတွင်းကနေ အကျဉ်းထောင်ဝန်ထမ်းမောင်းနှင်တဲ့ အမှိုက်သယ်ယာဉ်ကို လုယက်ကာ အကျဉ်းသား၂၈ ဦးနဲ့ အချုပ်သား ၁၂ ဦးတို့ဟာ စက်တင်ဘာ ၁၆ ရက်က အကျဉ်းထောင်တံခါးတွေကိုတိုက်ပြီး ယာဉ်ကိုမောင်းနှင် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထောင်ပိုင်ကြီး ဦးအေးသန်းအပါအဝင် ထောင်ဝန်ထမ်း ၈ ဦးကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးအမိန့်နဲ့ ဒုတိယတာဝန်ခံ ဦးစရွှေမင်းသားကနေ တရားစွဲဆိုခဲ့တာပါ။

သတင်း- ရဲမင်းခေါင်




ဘားအံအက်ဥ္းေထာင္ေဖာက္ေျပးမႈတြင္ တာဝန္ရွိသူမ်ားကို ေထာင္ဒဏ္ ၇ ရက္ခ်မွတ္
DVB

ဘားအံအက်ဥ္းေထာင္ကေန အက်ဥ္းသားေတြေထာင္ေဖာက္ေျပးမႈနဲ႔ ေထာင္ပိုင္ႀကီး အပါအဝင္ ေထာင္ဝန္ထမ္း ၈ ဦးကို အက်ဥ္းေထာင္ ဥပေဒ ပုဒ္မ ၅၄(၁)နဲ႔ ၾသဂုတ္ ၂၆ ရက္က ဘားအံၿမိဳ႕နယ္တရား႐ုံးမွာၿမိဳ႕နယ္တရားသူႀကီးက ေထာင္ဒဏ္ ၇ ရက္ အမိန႔္ခ်မွတ္လိုက္ပါတယ္။

ခုလိုျပစ္ဒဏ္ခ်မွတ္လိုက္တဲ့ တရားစီရင္မႈဟာ ဥပေဒနဲ႔ ညီၫႊတ္မႈမရွိတဲ့ စီရင္ဆုံးျဖတ္မႈျဖစ္တယ္လို႔ အက်ဥ္းေထာင္အရာရွိေဟာင္း ဥပေဒပညာရွင္ ဦးခင္ေမာင္ျမင့္က ေဝဖန္လိုက္ပါတယ္။

“အျပစ္ရွိတဲ့လူေတြက် ထိုက္သင့္တဲ့ ျပစ္ဒဏ္မက်ဘဲနဲ႔ ၇ ရက္ပဲက်ေတာ့ ႏွစ္ဘက္လုံးၾကည့္လိုက္တဲ့အခါက်ေတာ့ ဒါလည္း အဓိပၸာယ္ မရွိဘူး။ ႏွစ္ဘက္လုံး ၾကည့္လိုက္တဲ့အခါမွာ ဒီတရားစီရင္မႈကေတာ့ က်ေနာ္တဦးတည္း အျမင္အရေတာ့ ေတာ္ေတာ္ေလး ဥပေဒနဲ႔ ညီၫႊတ္မႈမရွိတဲ့ စီရင္ဆုံးျဖတ္မႈလို႔ က်ေနာ္က အဲလိုပဲျမင္တယ္”

ကရင္ျပည္နယ္စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာဝန္ႀကီး ဦးသန္းႏိုင္က “တရားေရး အပိုင္းက ဝင္စြက္ဖက္လို႔မရဘူး။ က်ေနာ္တို႔အစိုးရအေနနဲ႔ကေတာ့ သူတို႔ ျပစ္မႈျပစ္ဒဏ္အျဖစ္နဲ႔ ႀကီးေလးတဲ့ အဆိုးဆုံးကို ခံစားရတာလို႔ ယူဆတယ္”လို႔ ေျပာပါတယ္။

အက်ဥ္းသားေတြ အက်ဥ္းေထာင္ေဖာက္ေျပးမႈမွာ အက်ဥ္းေထာင္တာဝန္ရွိတဲ့ ဝန္ထမ္းေတြ ကို ေထာင္ဒဏ္ ၇ ရက္ခ်မွတ္လိုက္တဲ့ တရားစီရင္ေရးအေပၚ ေဒသခံေတြၾကားမွာ ေဝဖန္မႈေတြ လည္း ရွိေနပါတယ္။

ဘားအံၿမိဳ႕၊ အမွတ္ ၇ ရပ္ကြက္ေန ဦးမ်ိဳးၫြန႔္က “ဝန္ႀကီးခ်ဳပ္က ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ဆိုေပမယ့္ ျပစ္ဒဏ္က ဒီေလာက္ပဲရွိရင္ ဒီေလာက္ပဲရမွာ။ ဒါက ဥပေဒျပဳေနတဲ့ အမတ္ေတြကို က်ေနာ္တို႔က သြားေတာင္းဆိုရမွာ။ သူတို႔ ဒါေတြျပန္ျပင္ရမွာ”လို႔ ေျပာပါတယ္။

ဒီကေန႔အထိ ေထာင္ေဖာက္ထြက္ေျပးလြတ္ေျမာက္ေနတဲ့ အက်ဥ္းသား ၁၆ ဦးရွိၿပီး မူးယစ္ေဆးဝါးမႈနဲ႔ ၁၂ ဦး အျခားအမႈနဲ႔ ၄ ဦးျဖစ္ပါတယ္။

အက်ဥ္းသားေတြ ထြက္ေျပးလြတ္ေျမာက္တဲ့အေပၚ ကရင္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ေထာင္က်အက်ဥ္းသားနဲ႔ အခ်ဳပ္သား ၄၂ ဦးကို တရားဝင္အတည္ျပဳထုတ္ျပန္ခဲ့ေပမယ့္ ဘားအံအက်ဥ္းဦးစီးဌာနက တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားတဲ့အမႈျဖစ္စဥ္မွာ ၄၀ ဦးကိုပဲ တင္ျပထားပါတယ္။

ကရင္ျပည္နယ္၊ ဘားအံအက်ဥ္းေထာင္အတြင္းကေန အက်ဥ္းေထာင္ဝန္ထမ္းေမာင္းႏွင္တဲ့ အမႈိက္သယ္ယာဥ္ကို လုယက္ကာ အက်ဥ္းသား၂၈ ဦးနဲ႔ အခ်ဳပ္သား ၁၂ ဦးတို႔ဟာ စက္တင္ဘာ ၁၆ ရက္က အက်ဥ္းေထာင္တံခါးေတြကိုတိုက္ၿပီး ယာဥ္ကိုေမာင္းႏွင္ ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေထာင္ပိုင္ႀကီး ဦးေအးသန္းအပါအဝင္ ေထာင္ဝန္ထမ္း ၈ ဦးကို အက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးအမိန႔္နဲ႔ ဒုတိယတာဝန္ခံ ဦးစေ႐ႊမင္းသားကေန တရားစြဲဆိုခဲ့တာပါ။
သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013