DVB Logo
Home
Lead Story
အလွမ်းသီချင်းကြိုက် ပရိသတ်တွေနှစ်သက်ကြမည့် မိုးမိုးသီချင်းသစ်-မျှော်လေတိုင်း မှိုင်းရီ(ရုပ်သံ)
DVB
·
August 30, 2019
အလွမ်းသီချင်းကြိုက် ပရိသတ်တွေနှစ်သက်ကြမည့် မိုးမိုးသီချင်းသစ်-မျှော်လေတိုင်း မှိုင်းရီ(ရုပ်သံ)
Donate to DVB

“နှစ်ကိုယ်တူ… ချစ်လျက်နဲ့ ဝေးကြလေပြီ… မင်းအသိုင်းအဝိုင်းက တားလိုက်တဲ့ စည်း… အမုန်းမရှိတဲ့ မင်းနဲ့ ရှင်ကွဲ”

ဒါကတော့ အသစ်ထွက်ရှိလာခဲ့တဲ့ တေးသံရှင် မိုးမိုးရဲ့ သီချင်းသစ်တပုဒ်ဖြစ်တဲ့ မျှော်လေတိုင်းမှိုင်းရီအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုလေ့ရှိတဲ့အတိုင်း ဒီသီချင်းကို လည်း မိုးမိုးက တေးရေးမင်းခနဲ့အတူ ကိုယ်တိုင်ပဲ ရေးဖွဲ့ထားတာပါ။

“အနေဝေး… သွေးအေးသွားမလား… စိုးထိတ်နေခဲ့ … အသည်းကပြုတ်ကျ ဟက်တက်ကြေကွဲ… အလွမ်းမိုးစက်တို့ အသစ်ဖွဲ့ငိုဆဲ… ရူးချင်ပြီ”

သီချင်းအသစ်တွေ ထွက်မလာတာကြာနေပြီဖြစ်တဲ့ မိုးမိုးရဲ့ ပရိသတ်တွေ ကြိုက် နှစ်သက်ကြမယ့် ဒီသီချင်းထဲမှာတော့ အခက်အခဲတွေကြား ဝေးကြရတဲ့ ချစ်သူတွေရဲ့ အလွမ်းဖွဲ့တေးတပုဒ်အဖြစ် ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ဘယ်ကြည့်ကြည့် မျှော်လေတိုင်းမှိုင်းရီ… ဝေဒနာ အလွမ်းရဲ့ ပန်းချီ… ခါးသက် လေပြီ… တယောက်တည်း… မရေရာတဲ့ အတိတ်ဆီ… ကာရံစည်းချက်မညီ… မျှော် လေတိုင်းမှိုင်းရီ”

ဒီသီချင်းရုပ်သံကိုတော့ ဒါရိုက်တာ ဖြိုးမင်းမြတ်က အလန်းစားရိုက်ချက်တွေနဲ့ ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပြီး မော်ဒယ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Zell Roland နဲ့ ချယ်သစ္စာဖြူတို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မိုးမိုးဟာ တနင်္ဂနွေ မိုးရေစက်များနဲ့ အတ္တကြီးနေသည်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပါအဝင် ပရိသတ် လက်ခံအားပေးမှု ရရှိခဲ့တဲ့ တေးသီချင်းပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ခုလတ်တလောထွက်ရှိထားခဲ့တဲ့ ဒီသီချင်းကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး နှစ်ရက်အတွင်း ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ နှစ်သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။


အလြမ္းသီခ်င္းႀကိဳက္ ပရိသတ္ေတြႏွစ္သက္ၾကမည့္ မိုးမိုးသီခ်င္းသစ္-ေမွ်ာ္ေလတိုင္း မႈိင္းရီ(႐ုပ္သံ) (ေဖ့စ္ဘြတ္ခ္႐ြာ... ေဖ့စ္ဘြတ္ခ္ကမာၻ) DVB

“ႏွစ္ကိုယ္တူ… ခ်စ္လ်က္နဲ႔ ေဝးၾကေလၿပီ… မင္းအသိုင္းအဝိုင္းက တားလိုက္တဲ့ စည္း… အမုန္းမရွိတဲ့ မင္းနဲ႔ ရွင္ကြဲ” ဒါကေတာ့ အသစ္ထြက္ရွိလာခဲ့တဲ့ ေတးသံရွင္ မိုးမိုးရဲ႕ သီခ်င္းသစ္တပုဒ္ျဖစ္တဲ့ ေမွ်ာ္ေလတိုင္းမႈိင္းရီအမည္ရတဲ့ သီခ်င္းထဲက စာသားေတြ ျဖစ္ပါတယ္။ သီခ်င္းေတြကို ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုေလ့ရွိတဲ့အတိုင္း ဒီသီခ်င္းကို လည္း မိုးမိုးက ေတးေရးမင္းခနဲ႔အတူ ကိုယ္တိုင္ပဲ ေရးဖြဲ႕ထားတာပါ။ “အေနေဝး… ေသြးေအးသြားမလား… စိုးထိတ္ေနခဲ့ … အသည္းကျပဳတ္က် ဟက္တက္ေၾကကြဲ… အလြမ္းမိုးစက္တို႔ အသစ္ဖြဲ႕ငိုဆဲ… ႐ူးခ်င္ၿပီ” သီခ်င္းအသစ္ေတြ ထြက္မလာတာၾကာေနၿပီျဖစ္တဲ့ မိုးမိုးရဲ႕ ပရိသတ္ေတြ ႀကိဳက္ ႏွစ္သက္ၾကမယ့္ ဒီသီခ်င္းထဲမွာေတာ့ အခက္အခဲေတြၾကား ေဝးၾကရတဲ့ ခ်စ္သူေတြရဲ႕ အလြမ္းဖြဲ႕ေတးတပုဒ္အျဖစ္ ခံစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။ “ဘယ္ၾကည့္ၾကည့္ ေမွ်ာ္ေလတိုင္းမႈိင္းရီ… ေဝဒနာ အလြမ္းရဲ႕ ပန္းခ်ီ… ခါးသက္ ေလၿပီ… တေယာက္တည္း… မေရရာတဲ့ အတိတ္ဆီ… ကာရံစည္းခ်က္မညီ… ေမွ်ာ္ ေလတိုင္းမႈိင္းရီ” ဒီသီခ်င္း႐ုပ္သံကိုေတာ့ ဒါ႐ိုက္တာ ၿဖိဳးမင္းျမတ္က အလန္းစား႐ိုက္ခ်က္ေတြနဲ႔ ႐ိုက္ကူးပုံ ေဖာ္ေပးထားတာ ျဖစ္ၿပီး ေမာ္ဒယ္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Zell Roland နဲ႔ ခ်ယ္သစၥာျဖဴတို႔က ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ မိုးမိုးဟာ တနဂၤေႏြ မိုးေရစက္မ်ားနဲ႔ အတၱႀကီးေနသည္စတဲ့ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ေတြအပါအဝင္ ပရိသတ္ လက္ခံအားေပးမႈ ရရွိခဲ့တဲ့ ေတးသီခ်င္းေပါင္းမ်ားစြာ သီဆိုေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။ ခုလတ္တေလာထြက္ရွိထားခဲ့တဲ့ ဒီသီခ်င္းကိုေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာ နက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ မွ်ေဝထားခဲ့တာျဖစ္ၿပီး ႏွစ္ရက္အတြင္း ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ႏွစ္သိန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။
Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013