DVB Logo
Home
မြန်မာသတင်း
ဘဏ်ချေးငွေပြန်မဆပ်သဖြင့် Omni Focus ကုမ္ပဏီကို ဧရာဝတီဘဏ် တရားစွဲ
DVB
·
August 30, 2019
ဘဏ်ချေးငွေပြန်မဆပ်သဖြင့် Omni Focus ကုမ္ပဏီကို ဧရာဝတီဘဏ် တရားစွဲ
Donate to DVB

ဘဏ်ချေးငွေပြန်မဆပ်တာကြောင့်  ဦးနေဝင်းရဲ့မြေးဖြစ်သူ ဦးကျော်နေဝင်းပိုင်ဆိုင်တဲ့ Omni Focus ကုမ္ပဏီကို ဧရာဝတီဘဏ်က တရားစွဲဆိုလိုက်ပါတယ်။

Omni Focus က ကုမ္ပဏီပိုင် YBS ယာဉ်တွေဝယ်ယူရာမှာ ဧရာဝတီဘဏ်ကနေ ချေးယူထားတဲ့ငွေတွေကို သဘောတူသတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ပေးအပ်ခြင်းမရှိတာ ကြောင့်ဧရာဝတီဘဏ်ကနေ တရားလိုလုပ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်ရုံးကို ဦးတိုက်လျောက်တရားစွဲဆိုထားတယ်လို့ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးကနေ စုံစမ်းသိရပါတယ်။

တရားစွဲဆိုမှုကိုတော့သြဂုတ် ၁၆ရက်နေ့မှာ တရားရုံးက လက်ခံခဲ့ပြီး လက်ရှိမှာတော့အမှုကို တရားခွင်ကို လွဲပြောင်းပေးအပ်ထားကြောင်း စုံစမ်းသိရပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က လုပ်ဆောင်နေတဲ့ YBS စီမံကိန်းကို အထောက်အကူဖြစ်စေဖို့ ဧရာဝတီဘဏ်က ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ချေးငွေထုတ်ပေးခဲ့တယ်လို့ ဧရာဝတီဘဏ်က မတ်လ ၈ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အခုလို ဧရာဝတီဘဏ်ကနေ တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ Omni Focus ပိုင်ရှင် ဦးကျော်နေဝင်းကတော့ လက်ရှိအချိန်ထိတော့ တရားရုံးကနေ တစုံတရာ အကြောင်းကြား လာတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ဧရာဝတီဘဏ်ရဲ့တရားစွဲဆိုမှုကို လက်ခံပြီး ဥပဒေလမ်းကြောင်းအရ ပြန်လည်ဖြေရှင်းသွားမယ်လို့သြဂုတ်၃၀ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိအချိန်ထိတော့ ကျနော်တို့ဆီကိုတော့ ဆင့်ခေါ်တာမရှိသေးဘူး။ သူတို့ဘက်က စွဲတယ်ဆိုလည်းဆွဲပေါ့။ တရားရုံးမှာဆိုတော့ အကုန်လုံးက မှတ်တမ်းဝင်သွားတာပေါ့။ ကျနော့် ဘက်က တင်ပြစရာတွေရှိတာပဲ။ တရားရုံးဖြစ်သွားတဲ့အတွက်တရားရုံးမှာ ချတဲ့အမိန့်ဟာ လိုက်နာရမှာပဲ။ ဘယ်သူက ဘယ်သူနဲ့ခင်လို့၊ ဘယ်သူက ဘယ်သူနဲ့ပိုင်လို့၊ နောက်ပြီး ဘယ်တုန်းက ဘာမို့လို့၊ သူတို့က ဘာအင်စတီကျူးရှင်းကြီးဖြစ်နေလို့၊ နောက်ပြီး ပြည်သူပိုက်ဆံတွေ ဖြစ်နေလို့ ဆိုတဲ့ဟာတွေတော့ ပြောလို့မရတော့ဘူးလေ။ အားလုံးဟာ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ၊ ကျနော်တို့ကလည်း ဥပဒေအတိုင်းပဲ သွားချင်တာ ဟိုလူနဲ့ပဲ ပိုင်သလိုလို ဒီလူနဲ ပဲသိသလိုလိုနဲ့ ဟိုကိုပဲ သွားတိုင်လိုလိုနဲ့အဲ့ဒါတွေက အမှန်တိုင်းပြောရင် ကလေးအကွက်တွေ ကျနော်တို့က မလုပ်စေချင်ဘူး ရင်ဆိုင်ဖို့အဆင်သင့်ရှိတယ်။ ပြင်လည်း ပြင်ဆင်ပြီးသားပါ” လို့ဦးကျော်နေဝင်းက ပြောပါတယ်။

ဆက်လက်ပြီး ဦးကျော်နေဝင်းက သူ့အနေနဲ့တရားရုံးမှာ တင်ပြသွားမယ့် အကြောင်းအရာ တချို့မှာ ထိခိုက်နစ်နာစေမယ့် အရာတချို့ပါဝင်နိုင်ပြီး သူ့အနေနဲ့ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ မဟုတ်ပဲ အဖြစ်မှန်တွေကိုသာ တင်ပြသွားမယ်လို့ဆက်ပြောပါတယ်။

ဧရာဝတီဘဏ်ဘက်ကနေ တရားမစွဲခင်မှာတော့ Omni Focus၊ ဧရာဝတီဘဏ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပါအဝင် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ပြောပါတယ်။

လူမှုကွန်ရက်တွေမှာတော့ ဦးနေဝင်းရဲ့ မြေး ဦးကျော်နေဝင်းပိုင်တဲ့ Omni Focus ကုမ္ပဏီက ချေးငွေ ကျပ်ဘီလီယံ ၅၀ ပြန်မဆပ်ခဲ့ဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

Omni Focus ကုမ္ပဏီအနေနဲ့ ဧရာဝတီဘဏ်ကနေ ငွေချေးယူခဲ့တာ မှန်ပေမယ့် ဘယ်လောက် ပမာဏ ပြန်လည်ပေးအပ်ဖို့ ကျန်ရှိနေသေးတယ်ဆိုတာကိုတော့ ဦးကျော်နေဝင်းအနေနဲ့ ပြောဆိုခဲ့ ခြင်း မရှိပါဘူး။

အခုလိုတရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ဧရာဝတီဘဏ်ဘက်ကိုတော့ ဒီဗွီဘီ က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိတော့ ပြန်လည်ဆက်သွယ် ဖြေကြားခဲ့ခြင်းမရှိသေးပါဘူး။




ဘဏ္ေခ်းေငြျပန္မဆပ္သျဖင့္ Omni Focus ကုမၸဏီကို ဧရာဝတီဘဏ္ တရားစြဲ
ျပည့္ဘုန္းေအာင္

ဘဏ္ေခ်းေငြျပန္မဆပ္တာေၾကာင့္ ဦးေနဝင္းရဲ႕ေျမးျဖစ္သူ ဦးေက်ာ္ေနဝင္းပိုင္ဆိုင္တဲ့ Omni Focus ကုမၸဏီကို ဧရာဝတီဘဏ္က တရားစြဲဆိုလိုက္ပါတယ္။

Omni Focus က ကုမၸဏီပိုင္ YBS ယာဥ္ေတြဝယ္ယူရာမွာ ဧရာဝတီဘဏ္ကေန ေခ်းယူထားတဲ့ေငြေတြကို သေဘာတူသတ္မွတ္ထားတဲ့အတိုင္း ျပန္လည္ေပးအပ္ျခင္းမရွိတာ ေၾကာင့္ဧရာဝတီဘဏ္ကေန တရားလိုလုပ္ၿပီး ရန္ကုန္တိုင္းတရားလႊတ္ေတာ္ခ်ဳပ္႐ုံးကို ဦးတိုက္ေလ်ာက္တရားစြဲဆိုထားတယ္လို႔ ရန္ကုန္တိုင္းတရားလႊတ္ေတာ္႐ုံးကေန စုံစမ္းသိရပါတယ္။

တရားစြဲဆိုမႈကိုေတာ့ၾသဂုတ္ ၁၆ရက္ေန႔မွာ တရား႐ုံးက လက္ခံခဲ့ၿပီး လက္ရွိမွာေတာ့အမႈကို တရားခြင္ကို လြဲေျပာင္းေပးအပ္ထားေၾကာင္း စုံစမ္းသိရပါတယ္။
ရန္ကုန္တိုင္း အစိုးရအဖြဲ႕က လုပ္ေဆာင္ေနတဲ့ YBS စီမံကိန္းကို အေထာက္အကူျဖစ္ေစဖို႔ ဧရာဝတီဘဏ္က ပုဂၢလိက ကုမၸဏီေတြကို လုပ္ထုံးလုပ္နည္းနဲ႔ အညီ ေခ်းေငြထုတ္ေပးခဲ့တယ္လို႔ ဧရာဝတီဘဏ္က မတ္လ ၈ ရက္မွာ ထုတ္ျပန္ေၾကညာထားပါတယ္။

အခုလို ဧရာဝတီဘဏ္ကေန တရားစြဲဆိုထားတာနဲ႔ပတ္သက္လို႔ Omni Focus ပိုင္ရွင္ ဦးေက်ာ္ေနဝင္းကေတာ့ လက္ရွိအခ်ိန္ထိေတာ့ တရား႐ုံးကေန တစုံတရာ အေၾကာင္းၾကား လာတာ မရွိဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ဧရာဝတီဘဏ္ရဲ႕တရားစြဲဆိုမႈကို လက္ခံၿပီး ဥပေဒလမ္းေၾကာင္းအရ ျပန္လည္ေျဖရွင္းသြားမယ္လို႔ၾသဂုတ္၃၀ရက္ေန႔မွာ ဒီဗြီဘီကို ေျပာပါတယ္။

“လက္ရွိအခ်ိန္ထိေတာ့ က်ေနာ္တို႔ဆီကိုေတာ့ ဆင့္ေခၚတာမရွိေသးဘူး။ သူတို႔ဘက္က စြဲတယ္ဆိုလည္းဆြဲေပါ့။ တရား႐ုံးမွာဆိုေတာ့ အကုန္လုံးက မွတ္တမ္းဝင္သြားတာေပါ့။ က်ေနာ့္ ဘက္က တင္ျပစရာေတြရွိတာပဲ။ တရား႐ုံးျဖစ္သြားတဲ့အတြက္တရား႐ုံးမွာ ခ်တဲ့အမိန႔္ဟာ လိုက္နာရမွာပဲ။ ဘယ္သူက ဘယ္သူနဲ႔ခင္လို႔၊ ဘယ္သူက ဘယ္သူနဲ႔ပိုင္လို႔၊ ေနာက္ၿပီး ဘယ္တုန္းက ဘာမို႔လို႔၊ သူတို႔က ဘာအင္စတီက်ဴးရွင္းႀကီးျဖစ္ေနလို႔၊ ေနာက္ၿပီး ျပည္သူပိုက္ဆံေတြ ျဖစ္ေနလို႔ ဆိုတဲ့ဟာေတြေတာ့ ေျပာလို႔မရေတာ့ဘူးေလ။ အားလုံးဟာ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္အတိုင္းပဲ၊ က်ေနာ္တို႔ကလည္း ဥပေဒအတိုင္းပဲ သြားခ်င္တာ ဟိုလူနဲ႔ပဲ ပိုင္သလိုလို ဒီလူနဲ ပဲသိသလိုလိုနဲ႔ ဟိုကိုပဲ သြားတိုင္လိုလိုနဲ႔အဲ့ဒါေတြက အမွန္တိုင္းေျပာရင္ ကေလးအကြက္ေတြ က်ေနာ္တို႔က မလုပ္ေစခ်င္ဘူး ရင္ဆိုင္ဖို႔အဆင္သင့္ရွိတယ္။ ျပင္လည္း ျပင္ဆင္ၿပီးသားပါ” လို႔ဦးေက်ာ္ေနဝင္းက ေျပာပါတယ္။

ဆက္လက္ၿပီး ဦးေက်ာ္ေနဝင္းက သူ႔အေနနဲ႔တရား႐ုံးမွာ တင္ျပသြားမယ့္ အေၾကာင္းအရာ တခ်ိဳ႕မွာ ထိခိုက္နစ္နာေစမယ့္ အရာတခ်ိဳ႕ပါဝင္ႏိုင္ၿပီး သူ႔အေနနဲ႔ပုဂၢိဳလ္ေရးအရ တိုက္ခိုက္တာ မဟုတ္ပဲ အျဖစ္မွန္ေတြကိုသာ တင္ျပသြားမယ္လို႔ဆက္ေျပာပါတယ္။

ဧရာဝတီဘဏ္ဘက္ကေန တရားမစြဲခင္မွာေတာ့ Omni Focus၊ ဧရာဝတီဘဏ္နဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြအပါအဝင္ ညႇိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ေသးတယ္လို႔ေျပာပါတယ္။
လူမႈကြန္ရက္ေတြမွာေတာ့ ဦးေနဝင္းရဲ႕ ေျမး ဦးေက်ာ္ေနဝင္းပိုင္တဲ့ Omni Focus ကုမၸဏီက ေခ်းေငြ က်ပ္ဘီလီယံ ၅၀ ျပန္မဆပ္ခဲ့ဘူးဆိုၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။

Omni Focus ကုမၸဏီအေနနဲ႔ ဧရာဝတီဘဏ္ကေန ေငြေခ်းယူခဲ့တာ မွန္ေပမယ့္ ဘယ္ေလာက္ ပမာဏ ျပန္လည္ေပးအပ္ဖို႔ က်န္ရွိေနေသးတယ္ဆိုတာကိုေတာ့ ဦးေက်ာ္ေနဝင္းအေနနဲ႔ ေျပာဆိုခဲ့ ျခင္း မရွိပါဘူး။

အခုလိုတရားစြဲဆိုထားတာနဲ႔ပတ္သက္ၿပီး ဧရာဝတီဘဏ္ဘက္ကိုေတာ့ ဒီဗြီဘီ က ဆက္သြယ္ေမးျမန္းထားေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ ျပန္လည္ဆက္သြယ္ ေျဖၾကားခဲ့ျခင္းမရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013