DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် တရုတ်စားသောက်ဆိုင်ပိုင်ရှင် အသတ်ခံရမှုဖြင့် မြန်မာလုပ်သား ၃ ဦး ဖမ်းဆီးခံရ
DVB
·
August 30, 2019
ဘန်ကောက်တွင် တရုတ်စားသောက်ဆိုင်ပိုင်ရှင် အသတ်ခံရမှုဖြင့် မြန်မာလုပ်သား ၃ ဦး ဖမ်းဆီးခံရ
1 / 4
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဝမ်းထောင်းလန်နယ်မြေထဲမှာ သြဂုတ် ၂၉ ရက်ညက စားသောက် ဆိုင်ပိုင်ရှင်တရုတ်အမျိုးသား  တဦး ရိုက်နှက်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃ ဦး ကိုရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။

အသက် ၅၁ နှစ်အရွယ် ချင်ယိဟိုင်း ဆိုသူ တရုတ်အမျိုးသားတဦးဟာ ဝမ်းထောင်းလန်နယ်မြေ ဆီဝရားလမ်းရှိ Town in Town ရပ်ကွက်မှာ စူကီနဲ့မာလာ စားသောက်ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး မနေ့ညက အဆိုပါစားသောက်ဆိုင်ရှိ အခန်းတခန်းထဲ ထုနှက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။

ဝမ်ထောင်းလန်ရဲစခန်းတာဝန်ရှိသူတွေက ကျူးလွန်သူတွေကို စီစီတီဗွီကင်မရာက တဆင့် လိုက်လံစစ်ဆေးရှာဖွေရာမှာ ကျူးလွန်သူ စုစုပေါင်း ၇ ဦးရှိပြီး အဲဒီထဲက ၃ ဦးကို ဒီမနက် အစောပိုင်းက  ပတ္တယားမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အားတီ၊ အားရှင်းနဲ့  ဂျေယိ တို့ဖြစ်ပြီး သူ့ဆိုင်က အလုပ် သ မားတွေဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ညက အလုပ်သမား ၇ ဦးဝိုင်းဖွဲ့အရက်သောက်စဉ် အသံဆူညံလို့ ဆိုင်ရှင်ကလာပြောတာကို မကျေနပ်လို့ စကားများပြီး ရိုက်နှက်ကြရာက သေဆုံးသွားတာဖြစ်ကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ် ။

ဒီကနေ့ မနက်စောစောမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့သူတွေကို ရဲကားနဲ့ ဝမ်းထောင်းလန်နယ်မြေရဲစခန်းကို  ခေါ်ဆောင်လာခဲ့ပါတယ်။

သူတို့ကို ရဲစခန်းအပေါ်ထပ် အထူးစုံစမ်းစစ်ဆေးရေးအခန်းထဲ ခေါ်ယူစစ်ဆေးနေပြီး သတင်းထောက်တွေကိုလည်း သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ခွင့်မပြုသေးဘူးလို့ သနေရှင်း သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား၊ ဓာတ်ပုံ - ခုမ်းချတ်လိုတ်၊ သနေရှင်း ထိုင်းသတင်း




ဘန္ေကာက္တြင္ တ႐ုတ္စားေသာက္ဆိုင္ပိုင္ရွင္ အသတ္ခံရမႈျဖင့္ ျမန္မာလုပ္သား ၃ ဦး ဖမ္းဆီးခံရ
နန္းျမနဒီ

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ ဝမ္းေထာင္းလန္နယ္ေျမထဲမွာ ၾသဂုတ္ ၂၉ ရက္ညက စားေသာက္ ဆိုင္ပိုင္ရွင္တ႐ုတ္အမ်ိဳးသား တဦး ႐ိုက္ႏွက္သတ္ျဖတ္ခံရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ သူ႔ဆိုင္မွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ၃ ဦး ကိုရဲက ဖမ္းဆီးစစ္ေဆးေနပါတယ္။

အသက္ ၅၁ ႏွစ္အ႐ြယ္ ခ်င္ယိဟိုင္း ဆိုသူ တ႐ုတ္အမ်ိဳးသားတဦးဟာ ဝမ္းေထာင္းလန္နယ္ေျမ ဆီဝရားလမ္းရွိ Town in Town ရပ္ကြက္မွာ စူကီနဲ႔မာလာ စားေသာက္ဆိုင္ဖြင့္လွစ္ထားတာျဖစ္ၿပီး မေန႔ညက အဆိုပါစားေသာက္ဆိုင္ရွိ အခန္းတခန္းထဲ ထုႏွက္ခံရတဲ့ဒဏ္ရာေတြနဲ႔ ေသဆုံးေနတာျဖစ္ပါတယ္။

ဝမ္ေထာင္းလန္ရဲစခန္းတာဝန္ရွိသူေတြက က်ဴးလြန္သူေတြကို စီစီတီဗြီကင္မရာက တဆင့္ လိုက္လံစစ္ေဆးရွာေဖြရာမွာ က်ဴးလြန္သူ စုစုေပါင္း ၇ ဦးရွိၿပီး အဲဒီထဲက ၃ ဦးကို ဒီမနက္ အေစာပိုင္းက ပတၱယားၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးခံရသူေတြကေတာ့ အားတီ၊ အားရွင္းနဲ႔ ေဂ်ယိ တို႔ျဖစ္ၿပီး သူ႔ဆိုင္က အလုပ္ သ မားေတြျဖစ္ေၾကာင္း၊ အခင္းျဖစ္တဲ့ညက အလုပ္သမား ၇ ဦးဝိုင္းဖြဲ႕အရက္ေသာက္စဥ္ အသံဆူညံလို႔ ဆိုင္ရွင္ကလာေျပာတာကို မေက်နပ္လို႔ စကားမ်ားၿပီး ႐ိုက္ႏွက္ၾကရာက ေသဆုံးသြားတာျဖစ္ေၾကာင္း ဝန္ခံထားတယ္လို႔ ဆိုပါတယ္ ။

ဒီကေန႔ မနက္ေစာေစာမွာေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးထားတဲ့သူေတြကို ရဲကားနဲ႔ ဝမ္းေထာင္းလန္နယ္ေျမရဲစခန္းကို ေခၚေဆာင္လာခဲ့ပါတယ္။

သူတို႔ကို ရဲစခန္းအေပၚထပ္ အထူးစုံစမ္းစစ္ေဆးေရးအခန္းထဲ ေခၚယူစစ္ေဆးေနၿပီး သတင္းေထာက္ေတြကိုလည္း သတင္းယူခြင့္၊ ဓာတ္ပုံ႐ိုက္ခြင့္မျပဳေသးဘူးလို႔ သေနရွင္း သတင္းမွာ ေဖာ္ျပပါတယ္။

ကိုးကား၊ ဓာတ္ပုံ - ခုမ္းခ်တ္လိုတ္၊ သေနရွင္း ထိုင္းသတင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013