DVB Logo
Home
မြန်မာသတင်း
မအီမြို့ဘုန်းကြီးကျောင်း၌ ထမင်းပေါင်းအိုးပေါက်ကွဲ၊ ကိုရင် ၁ ပါးနှင့် အမျိုးသမီး ၂ ဦးသေဆုံး
DVB
·
August 30, 2019
မအီမြို့ဘုန်းကြီးကျောင်း၌ ထမင်းပေါင်းအိုးပေါက်ကွဲ၊ ကိုရင် ၁ ပါးနှင့် အမျိုးသမီး ၂ ဦးသေဆုံး
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရတနာ့မာရ်အောင်တောရကျောင်းမှာ  ထမင်းပေါင်းအိုးပေါက်ကွဲပြီး ကိုရင်တပါးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မအီမြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မအီမြို့ ရတနာ့မာန်အောင်ကျောင်းတိုက်မှာ သြဂုတ် ၂၉ ရက် မနက် ၈ နာရီကျော် လောက်က ဥပုသ်သည်တွေကိုကျွေးမွေးနိုင်ဖို့ ဆွမ်းချက်နေတဲ့ ထမင်းပေါင်းအိုးပေါက်ကွဲပြီး ထိခိုက် သေဆုံးသွားခဲ့ကြတာပါ။

မအီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက “ဥပုသ်သည်တွေရှိတဲ့အတွက် ဆွမ်းချက်တာ။ အဲဒီဆွမ်းချက်တဲ့ ထမင်းပေါင်းအိုးက အငွေ့ယိုပြီးတော့ ပေါက်သွားတဲ့ သဘောရှိတာပေါ့။ အဲဒီနေရာမှာပဲ ကိုရင်လည်းတပါး ဆုံးတယ်။ နောက်အသက် ၆၀ ကျော်အမျိုးသမီး တဦးဆုံးတယ်။ အဲဒီနားမှာပဲ၊ ကျန်တဲ့ လေးဦးကျတော့ ကိုရင်လေး ၂ ပါးနဲ့ ဥပုသ်စောင့်နေတဲ့ နောက်ထပ်အမျိုးသမီး ၂ ဦး ဒဏ်ရာရတယ်။ အမျိုးသမီး ၂ ဦးက ဒဏ်ရာပြင်းတော့ အမ်းစစ်ဆေးရုံကို ပို့ဆောင်တဲ့အချိန်မှာပဲ အမျိုးသမီးတဦးက လမ်းမှာ ဆုံးတယ်လို့ ကြားသိရပါတယ်။”

ထမင်းပေါင်းအိုးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေကတော့ ကိုရင် ၀ရနန္ဒ အသက်(၁၄)နှစ်၊ ဒေါ်မချေ အသက်(၆၁) နဲ့  ဒေါ်စိန်မဦးတို့ဖြစ်ကြပါတယ်။ ကိုရင်ပညာသာရ၊ ကိုရင်ခေမ္မာနန္နတို့က (မစိုးရိမ်ရ)ဒဏ်ရာရရှိပြီး ဒေါ်မအုန်းနုက ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။ 

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မအီမြို့မရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင်ကို ဆက်သွယ်  မေးမြန်းရာမှတော့ ဖြစ်စဉ်ကမှန်ကန်တယ်လို့ အတည်ပြုပြောပါတယ်။




မအီၿမိဳ႕ဘုန္းႀကီးေက်ာင္း၌ ထမင္းေပါင္းအိုးေပါက္ကြဲ၊ ကိုရင္ ၁ ပါးႏွင့္ အမ်ိဳးသမီး ၂ ဦးေသဆုံး
DVB

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ မအီၿမိဳ႕ ရတနာ့မာရ္ေအာင္ေတာရေက်ာင္းမွာ ထမင္းေပါင္းအိုးေပါက္ကြဲၿပီး ကိုရင္တပါးနဲ႔ အမ်ိဳးသမီး ႏွစ္ဦး ေသဆုံးကာ အမ်ိဳးသမီးတဦး ျပင္းထန္ဒဏ္ရာရရွိခဲ့တယ္လို႔ မအီၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

မအီၿမိဳ႕ ရတနာ့မာန္ေအာင္ေက်ာင္းတိုက္မွာ ၾသဂုတ္ ၂၉ ရက္ မနက္ ၈ နာရီေက်ာ္ ေလာက္က ဥပုသ္သည္ေတြကိုေကြၽးေမြးႏိုင္ဖို႔ ဆြမ္းခ်က္ေနတဲ့ ထမင္းေပါင္းအိုးေပါက္ကြဲၿပီး ထိခိုက္ ေသဆုံးသြားခဲ့ၾကတာပါ။

မအီၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ပုက “ဥပုသ္သည္ေတြရွိတဲ့အတြက္ ဆြမ္းခ်က္တာ။ အဲဒီဆြမ္းခ်က္တဲ့ ထမင္းေပါင္းအိုးက အေငြ႕ယိုၿပီးေတာ့ ေပါက္သြားတဲ့ သေဘာရွိတာေပါ့။ အဲဒီေနရာမွာပဲ ကိုရင္လည္းတပါး ဆုံးတယ္။ ေနာက္အသက္ ၆၀ ေက်ာ္အမ်ိဳးသမီး တဦးဆုံးတယ္။ အဲဒီနားမွာပဲ၊ က်န္တဲ့ ေလးဦးက်ေတာ့ ကိုရင္ေလး ၂ ပါးနဲ႔ ဥပုသ္ေစာင့္ေနတဲ့ ေနာက္ထပ္အမ်ိဳးသမီး ၂ ဦး ဒဏ္ရာရတယ္။ အမ်ိဳးသမီး ၂ ဦးက ဒဏ္ရာျပင္းေတာ့ အမ္းစစ္ေဆး႐ုံကို ပို႔ေဆာင္တဲ့အခ်ိန္မွာပဲ အမ်ိဳးသမီးတဦးက လမ္းမွာ ဆုံးတယ္လို႔ ၾကားသိရပါတယ္။”

ထမင္းေပါင္းအိုးေပါက္ကြဲမႈေၾကာင့္ ေသဆုံးသြားသူေတြကေတာ့ ကိုရင္ ၀ရနႏၵ အသက္(၁၄)ႏွစ္၊ ေဒၚမေခ် အသက္(၆၁) နဲ႔ ေဒၚစိန္မဦးတို႔ျဖစ္ၾကပါတယ္။ ကိုရင္ပညာသာရ၊ ကိုရင္ေခမၼာနႏၷတို႔က (မစိုးရိမ္ရ)ဒဏ္ရာရရွိၿပီး ေဒၚမအုန္းႏုက ျပင္းထန္ဒဏ္ရာရရွိသြားပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မအီၿမိဳ႕မရဲစခန္းမႉး ရဲအုပ္ေဇာ္ဝင္းႏိုင္ကို ဆက္သြယ္ ေမးျမန္းရာမွေတာ့ ျဖစ္စဥ္ကမွန္ကန္တယ္လို႔ အတည္ျပဳေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013