DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်း ဆရာ/ဆရာမ ဦးရေ ၁၄၀၀၀  အမြန်ခန့်ရန် လိုအပ်နေ
DVB
·
August 30, 2019
အခြေခံပညာကျောင်း ဆရာ/ဆရာမ ဦးရေ ၁၄၀၀၀  အမြန်ခန့်ရန် လိုအပ်နေ
Donate to DVB

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာအဆင့် သင်ကြားပေးနိုင်ရန် ဆရာ/ဆရာမ ဦးရေ ၁၄၀၀၀ လောက်  အရေးတကြီး လိုအပ်နေတယ်လို့ အခြေခံပညာဦးစီးဌာနက ပြောပါတယ်

အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “လိုအပ်ချက်ကတော့ လောလောဆယ်လိုနေတာ၊ ချက်ချင်းခန့်ဖို့လိုနေတာက မူလတန်းအဆင့်ဆိုရင် ၄၅၀၀ လောက်၊ အလယ်တန်းအဆင့်ဆိုရင် ၇၀၀၀ ကျော်လောက်၊ နောက်တခါ အထက်တန်းဆိုရင် ၂၃၀၀ လောက် လိုနေတာပေါ့။ လောလောဆယ် ဒါဟာ ၂၃၀၀ ဆိုတာ နဂိုတုန်းက KG 12 အရ Grade တိုးလာရင် ပိုလိုအပ်လာတယ်”လို့ ပြောပါတယ်။

ထုတ်ပြန်ထားတဲ့ ဖွဲ့စည်းပုံအရဆိုရင် ဆရာ/ဆရာမ ဦးရေ ၆၈၀၀၀၀ လောက်အထိ ခန့်အပ်ခွင့်ရှိပေမယ့် လက်ရှိမှာ ၄၅၀၀၀၀ လောက်ပဲ ခန့်ထားနိုင်သေးတယ်လို့လည်းသိရပါတယ်။

“တခြားဝန်ကြီးဌာနတွေနဲ့ ဆိုရင် ၉၃ ရာခိုင်နှုန်းလောက်ခန့်ခွင့်ပြုတယ်လို့ ပြောထားတယ်။ ဒါပေမယ့် ၉၃ ရာခိုင်နှုန်းကို ချက်ချင်းကြီးအပြည့်ခန့်လို့မရဘူး။ သတ်မှတ်တဲ့ကာလရှိတယ်။ ဆရာတို့မှာလည်း တင်ထားတာတော့ရှိတယ် အထူးသဖြင့် လိုအပ်ချက်က လောလောဆယ် အမြန်လိုနေတာတော့ရှိတယ်”လို့လည်း ဆိုပါတယ်။

အထက်တန်းကျောင်းခွဲတခုမှာ  ကျောင်းဆရာ၊ ဆရာမ ၁၂ ဦး အနည်းဆုံး ခန့်အပ်ထားရမှာ ဖြစ်ပြီး လက်ရှိမှာတော့ ဆရာ၊ ဆရာမ ၇ ဦးကိုပဲ ခန့်အပ်နိုင်တယ်လို့လည်း သိရပါတယ်။




အေျခခံပညာေက်ာင္း ဆရာ/ဆရာမ ဦးေရ ၁၄၀၀၀ အျမန္ခန႔္ရန္ လိုအပ္ေန
ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္)

မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္း ပညာအဆင့္ သင္ၾကားေပးႏိုင္ရန္ ဆရာ/ဆရာမ ဦးေရ ၁၄၀၀၀ ေလာက္ အေရးတႀကီး လိုအပ္ေနတယ္လို႔ အေျခခံပညာဦးစီးဌာနက ေျပာပါတယ္

အေျခခံပညာဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက “လိုအပ္ခ်က္ကေတာ့ ေလာေလာဆယ္လိုေနတာ၊ ခ်က္ခ်င္းခန႔္ဖို႔လိုေနတာက မူလတန္းအဆင့္ဆိုရင္ ၄၅၀၀ ေလာက္၊ အလယ္တန္းအဆင့္ဆိုရင္ ၇၀၀၀ ေက်ာ္ေလာက္၊ ေနာက္တခါ အထက္တန္းဆိုရင္ ၂၃၀၀ ေလာက္ လိုေနတာေပါ့။ ေလာေလာဆယ္ ဒါဟာ ၂၃၀၀ ဆိုတာ နဂိုတုန္းက KG 12 အရ Grade တိုးလာရင္ ပိုလိုအပ္လာတယ္”လို႔ ေျပာပါတယ္။

ထုတ္ျပန္ထားတဲ့ ဖြဲ႕စည္းပုံအရဆိုရင္ ဆရာ/ဆရာမ ဦးေရ ၆၈၀၀၀၀ ေလာက္အထိ ခန႔္အပ္ခြင့္ရွိေပမယ့္ လက္ရွိမွာ ၄၅၀၀၀၀ ေလာက္ပဲ ခန႔္ထားႏိုင္ေသးတယ္လို႔လည္းသိရပါတယ္။

“တျခားဝန္ႀကီးဌာနေတြနဲ႔ ဆိုရင္ ၉၃ ရာခိုင္ႏႈန္းေလာက္ခန႔္ခြင့္ျပဳတယ္လို႔ ေျပာထားတယ္။ ဒါေပမယ့္ ၉၃ ရာခိုင္ႏႈန္းကို ခ်က္ခ်င္းႀကီးအျပည့္ခန႔္လို႔မရဘူး။ သတ္မွတ္တဲ့ကာလရွိတယ္။ ဆရာတို႔မွာလည္း တင္ထားတာေတာ့ရွိတယ္ အထူးသျဖင့္ လိုအပ္ခ်က္က ေလာေလာဆယ္ အျမန္လိုေနတာေတာ့ရွိတယ္”လို႔လည္း ဆိုပါတယ္။

အထက္တန္းေက်ာင္းခြဲတခုမွာ ေက်ာင္းဆရာ၊ ဆရာမ ၁၂ ဦး အနည္းဆုံး ခန႔္အပ္ထားရမွာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ဆရာ၊ ဆရာမ ၇ ဦးကိုပဲ ခန႔္အပ္ႏိုင္တယ္လို႔လည္း သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013