DVB Logo
Home
မြန်မာသတင်း
ချင်းနှင့် ရခိုင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်လာ ၁၂ သန်းကျော် ထောက်ပံ့မည် 
DVB
·
August 29, 2019
ချင်းနှင့် ရခိုင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်လာ ၁၂ သန်းကျော် ထောက်ပံ့မည် 
Donate to DVB

ချင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ထောက်ပံ့မယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း ထပ်မံဖြစ်ပေါ်လာတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေအတွက် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကနေ အခုလို ပေးဖို့ Supplemental Response Plan For Myanamar(New Displacement In Rakhine and Chin States) (SRP) မူကြမ်း ရေးဆွဲတင်ပြခဲ့တာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

သြဂုတ် ၂၉ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ ချင်းပြည်နယ်မဲဆန္ဒနယ်က ဦးဝှေ့တင်းမေးမြန်းတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူတွေအတွက် အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေးဖို့ အစီစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အစားအသောက်လုံခြုံမှု၊ အစာအာဟာရ၊ အမိုးအကာနဲ့ အစားအသောက် မဟုတ်တဲ့ အခြားပစ္စည်းတွေ ထောက်ပံ့တာ၊ ကာကွယ်စောင့်ရှောက်တာ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေး၊ ပညာရေးစတဲ့လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက"ဒီလုပ်ငန်းတွေကို အစိုးရနဲ့ ညှိနှိုင်းသဘောတူညီချက်အရ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အ ဖွဲ့အစည်းတွေ၊ ပြည်တွင်းအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လျာထား အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂ သန်းအနက် ၅ သန်း ရရှိပြီဖြစ်တယ်လို့ သိရပါတယ် " လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာကနေ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်အထိ တိုက်ပွဲရှောင်အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၁၃၄၀ ဦးဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာတွေမှာ ခေတ္တအခြေချနေထိုင်နေကြရကာ  တိုက်ပွဲရှောင်စခန်းသီးခြား ဖွင့်ထားတာမရှိဘူးလို့ ဆိုပါတယ်။




ခ်င္းႏွင့္ ရခိုင္ျပည္နယ္က စစ္ေျပးဒုကၡသည္မ်ားအတြက္ ေဒၚလာ ၁၂ သန္းေက်ာ္ ေထာက္ပံ့မည္
ေနၿဖိဳးဝင္း

ခ်င္းနဲ႔ ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းသူေတြအတြက္ ကုလသမဂၢ အဖြဲ႕အစည္းေတြက အေမရိကန္ ေဒၚလာ ၁၂ သန္းေက်ာ္ ေထာက္ပံ့မယ္လို႔ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္အတြင္း ထပ္မံျဖစ္ေပၚလာတဲ့ ေနရပ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းမႈေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္းေတြကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ဖို႔ ကုလသမဂၢအဖြဲ႕အစည္းေတြကေန အခုလို ေပးဖို႔ Supplemental Response Plan For Myanamar(New Displacement In Rakhine and Chin States) (SRP) မူၾကမ္း ေရးဆြဲတင္ျပခဲ့တာျဖစ္တယ္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။

ၾသဂုတ္ ၂၉ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းေဝးမွာ ခ်င္းျပည္နယ္မဲဆႏၵနယ္က ဦးေဝွ႔တင္းေမးျမန္းတဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူေတြအတြက္ အစိုးရက ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ခ်ိတ္ဆက္ၿပီး ကူညီေထာက္ပံ့ေပးဖို႔ အစီစဥ္ ရွိ မရွိ ေမးခြန္းနဲ႔ပတ္သက္ၿပီး အခုလို ျပန္လည္ေျဖဆိုတာျဖစ္ပါတယ္။

ဒီအစီအစဥ္မွာ အစားအေသာက္လုံၿခဳံမႈ၊ အစာအာဟာရ၊ အမိုးအကာနဲ႔ အစားအေသာက္ မဟုတ္တဲ့ အျခားပစၥည္းေတြ ေထာက္ပံ့တာ၊ ကာကြယ္ေစာင့္ေရွာက္တာ၊ က်န္းမာေရး၊ ေရနဲ႔ သန႔္ရွင္းေရး၊ ပညာေရးစတဲ့လုပ္ငန္းေတြ ပါဝင္တယ္လို႔ သိရပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက"ဒီလုပ္ငန္းေတြကို အစိုးရနဲ႔ ညႇိႏႈိင္းသေဘာတူညီခ်က္အရ ကုလသမဂၢအဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာအစိုးရမဟုတ္တဲ့ အ ဖြဲ႕အစည္းေတြ၊ ျပည္တြင္းအစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ၿပီး လ်ာထား အေမရိကန္ ေဒၚလာ ၁၂ ဒသမ ၂ သန္းအနက္ ၅ သန္း ရရွိၿပီျဖစ္တယ္လို႔ သိရပါတယ္ " လို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျဖစ္ပြားမႈေတြေၾကာင့္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာကေန ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၀ ရက္အထိ တိုက္ပြဲေရွာင္အိမ္ေထာင္စု ၂၅၅ စု၊ လူဦးေရ ၁၃၄၀ ဦးဟာ ေနရပ္စြန႔္ခြာၿပီး နီးစပ္ရာ ေက်း႐ြာေတြမွာ ေခတၱအေျခခ်ေနထိုင္ေနၾကရကာ တိုက္ပြဲေရွာင္စခန္းသီးျခား ဖြင့္ထားတာမရွိဘူးလို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013