DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် အဖြေလွှာတင်ရက်ထပ်တိုးပေးရန် အဝေးသင်ကျောင်းသားများ တောင်းဆို
DVB
·
August 29, 2019
ရေကြီးမှုကြောင့် အဖြေလွှာတင်ရက်ထပ်တိုးပေးရန် အဝေးသင်ကျောင်းသားများ တောင်းဆို
Donate to DVB

မွန်ပြည်နယ်မှာ ရေဘေးနဲ့ကြုံတွေ့နေရတာကြောင့် အဝေးသင် ဒုတိယနှစ်နဲ့အထက် စာစဉ် အဖြေလွှာတင်သွင်းရမယ့် နေ့ရက်ကို ထပ်မံတိုးမြှင့်ပေးဖို့ မော်လမြိုင် တက္ကသိုလ် အဝေးသင် ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

အခုလို တောင်းဆိုရတာဟာ မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံပြီး အဝေးသင် ကျောင်းသားတွေရဲ့ စာစဉ်အဖြေလွှာတွေ ပျက်စီးခဲ့တဲ့အတွက်ကြောင့် ရက်ထပ်တိုးပေးဖို့ တောင်း ဆိုရတာ ဖြစ်တယ်လို့ မော်လမြိုင် အဝေးသင်တက္ကသိုလ် ကျောင်းသားများအဖွဲ့ တာဝန်ခံ ကိုဖြိုးဝေက ပြောပါတယ်။ 

အဝေးသင် ဒုတိယနှစ်နဲ့ အထက် ကျောင်းသားတွေအနေနဲ့ စာစဉ် အဖြေလွှာတွေကိုသြဂုတ် ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့  သတ်မှတ်ထားတာပါ။ ဒါကြောင့်ကျောင်းသားတွေက စက်တင်ဘာ ဒုတိယအပတ်အထိ ထပ်မံ ရက် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အဝေးသင် ပထမနှစ် ကျောင်းသားတွေရဲ့ စာစဉ်အဖြေလွှာတွေတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းကတည်းက တင်သွင်းထားကြပါတယ်။ ကျောင်းအာဏာပိုင်တွေကတော့ စာစဉ်အဖြေလွှာတွေကို ရက်တိုးပေးတဲ့အနေနဲ့ စက်တင်ဘာ ၆ ရက်နေ့အထိ နောက်ဆုံးထား လက်ခံပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  


ေရႀကီးမႈေၾကာင့္ အေျဖလႊာတင္ရက္ထပ္တိုးေပးရန္ အေဝးသင္ေက်ာင္းသားမ်ား ေတာင္းဆို DVB

မြန္ျပည္နယ္မွာ ေရေဘးနဲ႔ႀကဳံေတြ႕ေနရတာေၾကာင့္ အေဝးသင္ ဒုတိယႏွစ္နဲ႔အထက္ စာစဥ္ အေျဖလႊာတင္သြင္းရမယ့္ ေန႔ရက္ကို ထပ္မံတိုးျမႇင့္ေပးဖို႔ ေမာ္လၿမိဳင္ တကၠသိုလ္ အေဝးသင္ ေက်ာင္းသားေတြက ေတာင္းဆိုလိုက္ပါတယ္။ အခုလို ေတာင္းဆိုရတာဟာ မြန္ျပည္နယ္အတြင္း ေရႀကီးေရလွ်ံၿပီး အေဝးသင္ ေက်ာင္းသားေတြရဲ႕ စာစဥ္အေျဖလႊာေတြ ပ်က္စီးခဲ့တဲ့အတြက္ေၾကာင့္ ရက္ထပ္တိုးေပးဖို႔ ေတာင္း ဆိုရတာ ျဖစ္တယ္လို႔ ေမာ္လၿမိဳင္ အေဝးသင္တကၠသိုလ္ ေက်ာင္းသားမ်ားအဖြဲ႕ တာဝန္ခံ ကိုၿဖိဳးေဝက ေျပာပါတယ္။ အေဝးသင္ ဒုတိယႏွစ္နဲ႔ အထက္ ေက်ာင္းသားေတြအေနနဲ႔ စာစဥ္ အေျဖလႊာေတြကိုၾသဂုတ္ ၃၀ ရက္ေန႔ ေနာက္ဆုံးထား တင္သြင္းဖို႔ သတ္မွတ္ထားတာပါ။ ဒါေၾကာင့္ေက်ာင္းသားေတြက စက္တင္ဘာ ဒုတိယအပတ္အထိ ထပ္မံ ရက္ တိုးျမႇင့္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ အေဝးသင္ ပထမႏွစ္ ေက်ာင္းသားေတြရဲ႕ စာစဥ္အေျဖလႊာေတြေတြကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လပိုင္းကတည္းက တင္သြင္းထားၾကပါတယ္။ ေက်ာင္းအာဏာပိုင္ေတြကေတာ့ စာစဥ္အေျဖလႊာေတြကို ရက္တိုးေပးတဲ့အေနနဲ႔ စက္တင္ဘာ ၆ ရက္ေန႔အထိ ေနာက္ဆုံးထား လက္ခံေပးသြားမယ္လို႔ ဒီဗြီဘီကို ေျပာပါတယ္။  
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013