DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကို ပြန်လည်ကျော်လွန် ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ် 
DVB
·
August 29, 2019
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကို ပြန်လည်ကျော်လွန် ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ် 
1 / 3
Donate to DVB

အခုရက်ပိုင်းအတွင်းမုန်တိုင်းဝင်ရောက်ပြီး မိုးအဆက်မပြတ် ပြန်လည်ရွာသွန်းခဲ့တာကြောင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မှာ သြဂုတ် ၂၇ ရက်ကစတင်ပြီး တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ပြန်လည်ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီလိုမြစ်ရေ ပြန်လည် မြင့်တက်လာတာကြောင့် လူပေါင်း ၂၀၀၀ ကျော်လောက်  ရေဘေးထပ်မံသင့်ခဲ့ရပြီး တနင်္သာရီမြို့နယ်အတွင်းမှာ ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ်ထားရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းက မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်ခဲ့တာကြောင့် တနင်္သာရီမြို့မှာ အန္တရာယ်ရှိရေမှတ်ကို ကျော်လွန်ခဲ့တဲ့အတွက် လူပေါင်း ၂၃၀၀၀ လောက် ရေဘေးသင့်ခဲ့ရပြီး ရေပြန်လည် ကျသွားလို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာပဲ အခုလို နောက်တကြိမ် မြစ်ရေပြန်လည်မြင့်တက်လာပါ။

အဲဒါကြောင့် ပထမအကြိမ်ရေတက်ခဲ့ချိန်က နုန်းရေတွေဝင်ရောက်ခဲ့တဲ့ ရေတွင်းရေကန် ပြန်လည်ဆယ်ယူတဲ့လုပ်ငန်းတွေကို ရပ်နားထားရပြီး လတ်တလော ကယ်ဆယ်ရေးအစီအစဉ်နဲ့ ရိက္ခာထောက်ပံ့တဲ့ အစီအစဉ်တွေ ပြန်လည် လုပ်ကိုင်နေရတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

တနင်္သာရီမြို့ပေါ်မှာတော့ မြို့ပေါ်ရပ်ကွက် တဝက်လောက် ရေနစ်မြှုပ်နေပြီး မိုးဆက်လက်ရွာသွန်းနေတာကြောင့် မြစ်ရေဆက်လက် တက်မယ့် အခြေ အနေမှာ ရှိတယ်လို့လည်းဆိုပါတယ်။

တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၇ ပေနဲ့ အန္တရာယ်ရှိ ရေမှတ်ဟာ ၂၄ ပေဖြစ်ပြီး သြဂုတ် ၂၉ ရက်နေ့ တိုင်းတာချက်အရ မြစ်ရေဟာ ၂၀ ပေအထက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အောင်ကျော်




တနသၤာရီျမစ္ေရ စိုးရိမ္ေရမွတ္ကို ျပန္လည္ေက်ာ္လြန္ ကယ္ဆယ္ေရးစခန္း ၅ ခုဖြင့္လွစ္
ေအာင္ေက်ာ္

အခုရက္ပိုင္းအတြင္းမုန္တိုင္းဝင္ေရာက္ၿပီး မိုးအဆက္မျပတ္ ျပန္လည္႐ြာသြန္းခဲ့တာေၾကာင့္ တနသၤာရီတိုင္းေဒသႀကီး တနသၤာရီၿမိဳ႕မွာ ၾသဂုတ္ ၂၇ ရက္ကစတင္ၿပီး တနသၤာရီျမစ္ေရဟာ စိုးရိမ္ေရမွတ္ကို ျပန္လည္ေက်ာ္လြန္ခဲ့ၿပီျဖစ္ပါတယ္။

အဲဒီလိုျမစ္ေရ ျပန္လည္ ျမင့္တက္လာတာေၾကာင့္ လူေပါင္း ၂၀၀၀ ေက်ာ္ေလာက္ ေရေဘးထပ္မံသင့္ခဲ့ရၿပီး တနသၤာရီၿမိဳ႕နယ္အတြင္းမွာ ကယ္ဆယ္ေရးစခန္း ၅ ခုဖြင့္လွစ္ထားရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လဆန္းက မိုးအဆက္မျပတ္႐ြာသြန္းၿပီး ျမစ္ေရျမင့္တက္ခဲ့တာေၾကာင့္ တနသၤာရီၿမိဳ႕မွာ အႏၲရာယ္ရွိေရမွတ္ကို ေက်ာ္လြန္ခဲ့တဲ့အတြက္ လူေပါင္း ၂၃၀၀၀ ေလာက္ ေရေဘးသင့္ခဲ့ရၿပီး ေရျပန္လည္ က်သြားလို႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနစဥ္မွာပဲ အခုလို ေနာက္တႀကိမ္ ျမစ္ေရျပန္လည္ျမင့္တက္လာပါ။

အဲဒါေၾကာင့္ ပထမအႀကိမ္ေရတက္ခဲ့ခ်ိန္က ႏုန္းေရေတြဝင္ေရာက္ခဲ့တဲ့ ေရတြင္းေရကန္ ျပန္လည္ဆယ္ယူတဲ့လုပ္ငန္းေတြကို ရပ္နားထားရၿပီး လတ္တေလာ ကယ္ဆယ္ေရးအစီအစဥ္နဲ႔ ရိကၡာေထာက္ပံ့တဲ့ အစီအစဥ္ေတြ ျပန္လည္ လုပ္ကိုင္ေနရတယ္လို႔ တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေျပာပါတယ္။

တနသၤာရီၿမိဳ႕ေပၚမွာေတာ့ ၿမိဳ႕ေပၚရပ္ကြက္ တဝက္ေလာက္ ေရနစ္ျမႇဳပ္ေနၿပီး မိုးဆက္လက္႐ြာသြန္းေနတာေၾကာင့္ ျမစ္ေရဆက္လက္ တက္မယ့္ အေျခ အေနမွာ ရွိတယ္လို႔လည္းဆိုပါတယ္။

တနသၤာရီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ဟာ ၁၇ ေပနဲ႔ အႏၲရာယ္ရွိ ေရမွတ္ဟာ ၂၄ ေပျဖစ္ၿပီး ၾသဂုတ္ ၂၉ ရက္ေန႔ တိုင္းတာခ်က္အရ ျမစ္ေရဟာ ၂၀ ေပအထက္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013