DVB Logo
Home
မြန်မာသတင်း
ဆဲဗင်းဇူလိုင်အထိမ်းအမှတ် လမ်းလျှောက်သည့် ကျောင်းသား ၄ ဦးကို ပြစ်ဒဏ်ချမှတ်
DVB
·
August 29, 2019
ဆဲဗင်းဇူလိုင်အထိမ်းအမှတ် လမ်းလျှောက်သည့် ကျောင်းသား ၄ ဦးကို ပြစ်ဒဏ်ချမှတ်
1 / 5
Donate to DVB

ဆဲဗင်းဇူလိုင်အထိမ်းအမှတ်နေ့ လမ်းလျှောက်ချီတက်ခဲ့တဲ့ ကိုမင်းသွေးသစ်အပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦးကို  ကမာရွတ်မြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၃၀၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၁၅ ရက်ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ 

ဆဲဗင်းဇူလိုင်အခမ်းအနားအဖြစ် ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်ထိ ချီတက်လမ်းလျှောက် ရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉နဲ့ တရားစွဲဆိုခဲ့ပြီး တလကျော်အကြာမှာ  ဩဂုတ် ၂၈ ရက်က မိန့်ချမှတ်ခဲ့တာပါ။

တရားရုံးရဲ့အမိန့်နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်က ကိုမင်းသွေးသစ်နဲ့ ကိုခန့်မင်းထက် တို့က ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ရွေးချယ်ခဲ့ပြီး လက်ရှိကျောင်းတက်နေပြီး အမှုရင်ဆိုင်နေတဲ့ ကိုစိုင်းသုဝဏ်နဲ့ မအိသိရိကျော်တို့ကတော့ ဒဏ်ငွေ ကျပ် ၃၀၀၀၀ ပေးဆောင် ခဲ့ပါတယ်။

အခုလို ထောင်ဒဏ်ရွေးချယ်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ငြိမ်းစုစီဥပဒေကို အလိုမရှိတဲ့ အတွက်ဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ဒီမိုကရေစီစံနဲ့ မညီတဲ့ဥပဒေတွေကို ပယ်ဖျက်နိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့ ထောင်ဒဏ်ရွေးချယ်ခဲ့တဲ့ ကိုမင်းသွေးသစ်နဲ့ ကိုခန့်မင်းထက်တို့က တရားရုံးအထွက်မှာပြောဆိုခဲ့ပါတယ်။

 ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လေးဦးဟာ စွဲဆိုထားတဲ့ငြိမ်းစုစီပုဒ်မ၁၉ကို အပြင်ကနေအာမခံနဲ့ အမှုရင်ဆိုင်ခဲ့တာပါ။ 

သူတို့လေးဦးကို အမိန့်ချပြီးပေမယ့် အမှုတွဲဖြစ်တဲ့ ကိုဝေယံစိုးမိုးနဲ့ ကိုသူရလင်းတို့ နှစ်ဦးကတော့ အမှုကိုလာရောက်ရင်ဆိုင်ခြင်းမရှိတဲ့အတွက် တရားရုံးက ဝရမ်းထုတ်ထားပါတယ်။  

ချမ်းမြေ့မောင်




ဆဲဗင္းဇူလိုင္အထိမ္းအမွတ္ လမ္းေလွ်ာက္သည့္ ေက်ာင္းသား ၄ ဦးကို ျပစ္ဒဏ္ခ်မွတ္
ခ်မ္းေျမ့ေမာင္

ဆဲဗင္းဇူလိုင္အထိမ္းအမွတ္ေန႔ လမ္းေလွ်ာက္ခ်ီတက္ခဲ့တဲ့ ကိုမင္းေသြးသစ္အပါအဝင္ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ၄ ဦးကို ကမာ႐ြတ္ၿမိဳ႕နယ္တရား႐ုံးက ဒဏ္ေငြက်ပ္ ၃၀၀၀၀ ဒါမွမဟုတ္ ေထာင္ဒဏ္ ၁၅ ရက္က်ခံေစဖို႔ အမိန႔္ခ်မွတ္လိုက္ပါတယ္။

ဆဲဗင္းဇူလိုင္အခမ္းအနားအျဖစ္ ရန္ကုန္တကၠသိုလ္သမဂၢရင္ျပင္ထိ ခ်ီတက္လမ္းေလွ်ာက္ ရာမွာ ပါဝင္ခဲ့တဲ့ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ၄ ဦးကို ၿငိမ္းစုစီဥပေဒပုဒ္မ ၁၉နဲ႔ တရားစြဲဆိုခဲ့ၿပီး တလေက်ာ္အၾကာမွာ ဩဂုတ္ ၂၈ ရက္က မိန႔္ခ်မွတ္ခဲ့တာပါ။

တရား႐ုံးရဲ႕အမိန႔္နဲ႔ပတ္သက္ၿပီး ဗကသမ်ားအဖြဲ႕ခ်ဳပ္က ကိုမင္းေသြးသစ္နဲ႔ ကိုခန႔္မင္းထက္ တို႔က ေထာင္ဒဏ္ ၁၅ ရက္က်ခံဖို႔ေ႐ြးခ်ယ္ခဲ့ၿပီး လက္ရွိေက်ာင္းတက္ေနၿပီး အမႈရင္ဆိုင္ေနတဲ့ ကိုစိုင္းသုဝဏ္နဲ႔ မအိသိရိေက်ာ္တို႔ကေတာ့ ဒဏ္ေငြ က်ပ္ ၃၀၀၀၀ ေပးေဆာင္ ခဲ့ပါတယ္။

အခုလို ေထာင္ဒဏ္ေ႐ြးခ်ယ္တာဟာ ဒီမိုကေရစီစံႏႈန္းနဲ႔မညီတဲ့ ၿငိမ္းစုစီဥပေဒကို အလိုမရွိတဲ့ အတြက္ျဖစ္ၿပီး ဆက္လက္ၿပီးေတာ့လည္း ဒီမိုကေရစီစံနဲ႔ မညီတဲ့ဥပေဒေတြကို ပယ္ဖ်က္ႏိုင္ေအာင္ တိုက္ပြဲဝင္သြားမယ္လို႔ ေထာင္ဒဏ္ေ႐ြးခ်ယ္ခဲ့တဲ့ ကိုမင္းေသြးသစ္နဲ႔ ကိုခန႔္မင္းထက္တို႔က တရား႐ုံးအထြက္မွာေျပာဆိုခဲ့ပါတယ္။

ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ေလးဦးဟာ စြဲဆိုထားတဲ့ၿငိမ္းစုစီပုဒ္မ၁၉ကို အျပင္ကေနအာမခံနဲ႔ အမႈရင္ဆိုင္ခဲ့တာပါ။

သူတို႔ေလးဦးကို အမိန႔္ခ်ၿပီးေပမယ့္ အမႈတြဲျဖစ္တဲ့ ကိုေဝယံစိုးမိုးနဲ႔ ကိုသူရလင္းတို႔ ႏွစ္ဦးကေတာ့ အမႈကိုလာေရာက္ရင္ဆိုင္ျခင္းမရွိတဲ့အတြက္ တရား႐ုံးက ဝရမ္းထုတ္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013