Home
မြန်မာသတင်း
ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်
DVB
·
August 29, 2019
69605014_2474206932815118_4381845349002641408_n
69329734_2474206899481788_5220156891404959744_n
69605014_2474206932815118_4381845349002641408_n
61976148_2389236894467122_6081654552761729024_n
တပ်မတော်ကို ထိခိုက်တဲ့စာသားတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တယ်ဆိုပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်  တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ် လိုက်ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း စစ်ဌာနချုပ်တပ်မတော်အရာရှိ  တဦးက တရားစွဲထားတာဖြစ်ပြီး တရားလိုပြသက်သေငါးဦးကို စစ်ဆေးပြီးချိန် ဒီကနေ့ ဩဂုတ် ၂၉ ရက် မနက်က အမိန့်ချမှတ်လိုက်တာပါ။  ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့အမှုကို သက်သေတင်သွင်းတာတွေမလုပ်ဘဲ ကိုယ်တိုင်သက်သေထွက်ဆိုခဲ့ပြီး ရင်ဆိုင်ခဲ့ပါတယ်။  ချုပ်ရက်တွေကိုထုတ်နုတ် ခံစားခွင့်ပြုပြီး အမိန့်ချခဲ့တာ ဖြစ်တဲ့အတွက် ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ ထောင်ထဲမှာ ၈ လလောက်  နေရမှာ ဖြစ်ပါတယ်။  သတင်း - ချမ်းမြေ့မောင်
ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၁ ႏွစ္ခ်မွတ္ DVB တပ္မေတာ္ကို ထိခိုက္တဲ့စာသားေတြကို လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားခဲ့တယ္ဆိုၿပီး ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲခံထားရတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကို အင္းစိန္ၿမိဳ႕နယ္ တရား႐ုံးက အလုပ္နဲ႔ ေထာင္ဒဏ္ ၁ ႏွစ္ အမိန႔္ခ်မွတ္ လိုက္ပါတယ္။ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကို ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တပ္မေတာ္အရာရွိ တဦးက တရားစြဲထားတာျဖစ္ၿပီး တရားလိုျပသက္ေသငါးဦးကို စစ္ေဆးၿပီးခ်ိန္ ဒီကေန႔ ဩဂုတ္ ၂၉ ရက္ မနက္က အမိန႔္ခ်မွတ္လိုက္တာပါ။ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကေတာ့အမႈကို သက္ေသတင္သြင္းတာေတြမလုပ္ဘဲ ကိုယ္တိုင္သက္ေသထြက္ဆိုခဲ့ၿပီး ရင္ဆိုင္ခဲ့ပါတယ္။ ခ်ဳပ္ရက္ေတြကိုထုတ္ႏုတ္ ခံစားခြင့္ျပဳၿပီး အမိန႔္ခ်ခဲ့တာ ျဖစ္တဲ့အတြက္ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးဟာ ေထာင္ထဲမွာ ၈ လေလာက္ ေနရမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024