DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တရက်တည်း ကား ၄ စီး တိမ်းမှောက်၊ ၂ ဦး ဒဏ်ရာရ
DVB
·
August 29, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တရက်တည်း ကား ၄ စီး တိမ်းမှောက်၊ ၂ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၁/၁ မှာ သြဂုတ် ၂၈ ရက် မနက်က  ကား ၃စီး တိမ်းမှောက်ပြီး မိုင်တိုင် ၃၆၇/၃မှာ ခရီးသည်တင် အမြန်ယာဉ် ၁ စီး တိမ်းမှောက်တယ်လို့ ဒို့လုပ်အား ပရဟိတအဖွဲ့က ပြောပါတယ်။

ဒို့လုပ်အားပရဟိတအဖွဲ့မှ ဦးဖုန်းမြင့်က "အဲဒီကွန်ကရစ်လမ်းက ချော်ကိုချော်နေတာ မိုးလေးစပ်စပ်ကျရင် လမ်းချော်ပြီး ကားတွေ တိမ်းမှောက်ကြတယ်။ အခုလည်း တွဲကားက ပထမဆုံး တိမ်းမှောက်တယ်။ နောက် ၁၂ ဘီးကား မှောက်တယ်။ နောက် ခရီးသည်တင် အိပ်စပရက်ကား မှောက်တယ် ၃စီး ဆက်တိုက်မှောက်တယ်။ ဘုရားဖြူရွာနားမှာ အိပ်စပရက်တစီး မှောက်တာပါထည့်တွက်ရင် ဒီမနက် ကား ၄စီး မှောက်တယ်၊ ခရီးသည် ၂ဦး ဒဏ်ရာရသွားတယ်။ ခရီးသည် ၁ဦးကတော့ မန္တလေးဆေးရုံကို သန္တိသုခပရဟိတနဲ့ ပို့ပေးရတယ်"လို့ ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိကတော့မှောက်သွားတဲ့ ကားတွေနဲ့ ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေပါတယ် လို့ ပြောပါတယ်။

ဒေသခံကိုပြေသိမ်းက "အဲလမ်းတွေ ချော်နေတယ်။ ပြင်သင့်တယ်လို့ သက်ဆိုင်ရာတွေကို ပြောဖူးတယ်။ ဘာအခက်အခဲရှိတယ် မသိဘူး။ အခုထိတော့ ပြန်ပြင်မပေးသေးတော့ ကားတွေ ဒုက္ခရောက်နေတာပေါ့" လို့ ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့နယ်အတွင်း ရွှေတောင်ရွာရဲစခန်းအပိုင်မှာ မကြာခဏ ယာဉ်မတော်တဆဖြစ်လေ့ရှိပြီး  မိုင်တိုင် ၃၇၀ အနီးမှာ ၂၀၁၉ခုနှစ်အတွင်း ယာဉ်မတော်တဆကားနဲ့ ဆိုင်ကယ်တိမ်းမှောက်မှု ၁၀ မှုလောက်ရှိခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း




ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ တရက္တည္း ကား ၄ စီး တိမ္းေမွာက္၊ ၂ ဦး ဒဏ္ရာရ
DVB

ရန္ကုန္-မႏၲေလးလမ္းေဟာင္း မိုင္တိုင္ ၃၇၁/၁ မွာ ၾသဂုတ္ ၂၈ ရက္ မနက္က ကား ၃စီး တိမ္းေမွာက္ၿပီး မိုင္တိုင္ ၃၆၇/၃မွာ ခရီးသည္တင္ အျမန္ယာဥ္ ၁ စီး တိမ္းေမွာက္တယ္လို႔ ဒို႔လုပ္အား ပရဟိတအဖြဲ႕က ေျပာပါတယ္။

ဒို႔လုပ္အားပရဟိတအဖြဲ႕မွ ဦးဖုန္းျမင့္က "အဲဒီကြန္ကရစ္လမ္းက ေခ်ာ္ကိုေခ်ာ္ေနတာ မိုးေလးစပ္စပ္က်ရင္ လမ္းေခ်ာ္ၿပီး ကားေတြ တိမ္းေမွာက္ၾကတယ္။ အခုလည္း တြဲကားက ပထမဆုံး တိမ္းေမွာက္တယ္။ ေနာက္ ၁၂ ဘီးကား ေမွာက္တယ္။ ေနာက္ ခရီးသည္တင္ အိပ္စပရက္ကား ေမွာက္တယ္ ၃စီး ဆက္တိုက္ေမွာက္တယ္။ ဘုရားျဖဴ႐ြာနားမွာ အိပ္စပရက္တစီး ေမွာက္တာပါထည့္တြက္ရင္ ဒီမနက္ ကား ၄စီး ေမွာက္တယ္၊ ခရီးသည္ ၂ဦး ဒဏ္ရာရသြားတယ္။ ခရီးသည္ ၁ဦးကေတာ့ မႏၲေလးေဆး႐ုံကို သႏၲိသုခပရဟိတနဲ႔ ပို႔ေပးရတယ္"လို႔ ေျပာပါတယ္။

ေ႐ႊေတာင္႐ြာရဲစခန္း တာဝန္က်ရဲအရာရွိကေတာ့ေမွာက္သြားတဲ့ ကားေတြနဲ႔ ပတ္သက္ၿပီး အမႈဖြင့္ အေရးယူဖို႔ လုပ္ေဆာင္ေနပါတယ္ လို႔ ေျပာပါတယ္။

ေဒသခံကိုေျပသိမ္းက "အဲလမ္းေတြ ေခ်ာ္ေနတယ္။ ျပင္သင့္တယ္လို႔ သက္ဆိုင္ရာေတြကို ေျပာဖူးတယ္။ ဘာအခက္အခဲရွိတယ္ မသိဘူး။ အခုထိေတာ့ ျပန္ျပင္မေပးေသးေတာ့ ကားေတြ ဒုကၡေရာက္ေနတာေပါ့" လို႔ ေျပာပါတယ္။

ရန္ကုန္-မႏၲေလးလမ္းေဟာင္း ဝမ္းတြင္းၿမိဳ႕နယ္အတြင္း ေ႐ႊေတာင္႐ြာရဲစခန္းအပိုင္မွာ မၾကာခဏ ယာဥ္မေတာ္တဆျဖစ္ေလ့ရွိၿပီး မိုင္တိုင္ ၃၇၀ အနီးမွာ ၂၀၁၉ခုႏွစ္အတြင္း ယာဥ္မေတာ္တဆကားနဲ႔ ဆိုင္ကယ္တိမ္းေမွာက္မႈ ၁၀ မႈေလာက္ရွိခဲ့ပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013