DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှစစ်တွေသို့ ပို့ဆောင်မည့် ကျပ်သိန်းပေါင်း ၂၂,၀၀၀ ကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ
DVB
·
August 29, 2019
ရန်ကုန်မှစစ်တွေသို့ ပို့ဆောင်မည့် ကျပ်သိန်းပေါင်း ၂၂,၀၀၀ ကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်မှာ သြဂုတ် ၂၇ ရက် ညက ရန်ကုန်မှ စစ်တွေသို့ထွက်ခွာလာတဲ့ မင်းထက်သာခရီးသည်တင်ယာဉ်ပေါ်ကနေ စစ်တွေကိုပို့ဆောင်မယ့် ကျပ်သိန်း ၂၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ ကျောက်ဖြူရဲစခန်းက သိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံဖြစ်သူ မခိုင်ခိုင်(ခ)မစန်းချေ(ခ)မခိုင်ခိုင်စံရဲ့ ဖော်ထုတ်ချက်အရ ဖမ်းမိတာလို့ဆိုပါတယ်။ 

 သြဂုတ် ၂၇ ရက် ညက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာသွားတဲ့ မင်းထက်သာ ခရီးသည်တင်ယာဉ်ပေါ်မှာ ပီနန်အိတ် ဘေထုပ်အဝတ်အထည်တွေနဲ့ ရောနှောထည့်ထားတဲ့ မညိုအေးအမည်ပါ ဖုန်းနံပါတ်နဲ့တကွ စစ်တွေလို့ ရေသားထားတဲ့ ဘေထုပ်အိတ် ၅ အိတ်ပါသွားကြောင်း ရန်ကုန်မြို့ မူးယစ်တပ်ဖွဲ့မှ သတင်းအရ အမှတ်(၄၇) မူးယစ်တပ်ဖွဲ့က ယာဉ်ကို စစ်ဆေးရှာဖွေရာ မူးယစ်ဆေးတွေ တွေ့ရှိခဲ့တာပါ။

အဆိုပါဘေထုပ်အိတ်တွေကို ဖွင့်ဖောက်စစ်ဆေးရာမှာ ဘေထုပ်အိတ်တအိတ်ကို အဝတ်တွေနဲ့ ရောနှောထုတ်ထားတဲ့ အထုပ် ၁၅ ထုပ်စီပါတဲ့ စုစုပေါင်းအထုပ် ၇၅ ထုပ်ကို တွေ့ရှိရပြီး   စုစုပေါင်း ၇၅၀,၀၀၀ ပြား ဆေးပြားတပြားကို ကာလတန်ဖိုး ၃၀၀၀ ကျပ် စုစုပေါင်း ၂၂၅၀,၀၀၀,၀၀၀ ကျပ် (သိန်းနှစ်သောင်းနှစ်ထောင်ငါးရာ) တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး အမှတ်(၄၇) မူးယစ်တပ်စုမှ ရဲအုပ်ထွန်းသောင်းကို ဆက်သွယ်မေးမြန်းရာ “ဖြစ်စဉ်က နောက်ဆက်တွဲတွေရှိ နေသေးတာကြောင့် ပြောဆိုလို့မရဘူး”လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး ပို့ဆောင်သူ မခိုင်ခိုင်(ခ) မစန်းချေ (ခ) မခိုင်ခိုင်စံ နဲ့ လက်ခံယူမယ့် မညိုအေး(စိစစ်ဆေး)ဆိုသူတို့ကို အမ်းမြို့မရဲစခန်းမှာ မယ(ပ) ၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၁ အရအမှုဖွင့်လှစ်ထားပါတယ်။

သတင်း- နောင်နောင် 




ရန္ကုန္မွစစ္ေတြသို႔ ပို႔ေဆာင္မည့္ က်ပ္သိန္းေပါင္း ၂၂,၀၀၀ ေက်ာ္ဖိုး မူးယစ္ေဆးမ်ားဖမ္းမိ
DVB

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ ပဲပဒုံစစ္ေဆးေရးဂိတ္မွာ ၾသဂုတ္ ၂၇ ရက္ ညက ရန္ကုန္မွ စစ္ေတြသို႔ထြက္ခြာလာတဲ့ မင္းထက္သာခရီးသည္တင္ယာဥ္ေပၚကေန စစ္ေတြကိုပို႔ေဆာင္မယ့္ က်ပ္သိန္း ၂၂,၀၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးေတြ ဖမ္းဆီးရမိတယ္လို႔ ေက်ာက္ျဖဴရဲစခန္းက သိရပါတယ္။

အဆိုပါမူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိမႈမွာ ရန္ကုန္တိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါး ကြင္းဆက္တရားခံျဖစ္သူ မခိုင္ခိုင္(ခ)မစန္းေခ်(ခ)မခိုင္ခိုင္စံရဲ႕ ေဖာ္ထုတ္ခ်က္အရ ဖမ္းမိတာလို႔ဆိုပါတယ္။

ၾသဂုတ္ ၂၇ ရက္ ညက ရန္ကုန္ၿမိဳ႕မွ စစ္ေတြၿမိဳ႕သို႔ ထြက္ခြာသြားတဲ့ မင္းထက္သာ ခရီးသည္တင္ယာဥ္ေပၚမွာ ပီနန္အိတ္ ေဘထုပ္အဝတ္အထည္ေတြနဲ႔ ေရာေႏွာထည့္ထားတဲ့ မညိဳေအးအမည္ပါ ဖုန္းနံပါတ္နဲ႔တကြ စစ္ေတြလို႔ ေရသားထားတဲ့ ေဘထုပ္အိတ္ ၅ အိတ္ပါသြားေၾကာင္း ရန္ကုန္ၿမိဳ႕ မူးယစ္တပ္ဖြဲ႕မွ သတင္းအရ အမွတ္(၄၇) မူးယစ္တပ္ဖြဲ႕က ယာဥ္ကို စစ္ေဆးရွာေဖြရာ မူးယစ္ေဆးေတြ ေတြ႕ရွိခဲ့တာပါ။

အဆိုပါေဘထုပ္အိတ္ေတြကို ဖြင့္ေဖာက္စစ္ေဆးရာမွာ ေဘထုပ္အိတ္တအိတ္ကို အဝတ္ေတြနဲ႔ ေရာေႏွာထုတ္ထားတဲ့ အထုပ္ ၁၅ ထုပ္စီပါတဲ့ စုစုေပါင္းအထုပ္ ၇၅ ထုပ္ကို ေတြ႕ရွိရၿပီး စုစုေပါင္း ၇၅၀,၀၀၀ ျပား ေဆးျပားတျပားကို ကာလတန္ဖိုး ၃၀၀၀ က်ပ္ စုစုေပါင္း ၂၂၅၀,၀၀၀,၀၀၀ က်ပ္ (သိန္းႏွစ္ေသာင္းႏွစ္ေထာင္ငါးရာ) တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြကို သိမ္းဆည္းရမိခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈနဲ႔ပတ္သက္ၿပီး အမွတ္(၄၇) မူးယစ္တပ္စုမွ ရဲအုပ္ထြန္းေသာင္းကို ဆက္သြယ္ေမးျမန္းရာ “ျဖစ္စဥ္က ေနာက္ဆက္တြဲေတြရွိ ေနေသးတာေၾကာင့္ ေျပာဆိုလို႔မရဘူး”လို႔ ေျပာပါတယ္။

အဆိုပါ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးေတြနဲ႔ပတ္သက္ၿပီး ပို႔ေဆာင္သူ မခိုင္ခိုင္(ခ) မစန္းေခ် (ခ) မခိုင္ခိုင္စံ နဲ႔ လက္ခံယူမယ့္ မညိဳေအး(စိစစ္ေဆး)ဆိုသူတို႔ကို အမ္းၿမိဳ႕မရဲစခန္းမွာ မယ(ပ) ၅/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/ ၂၁ အရအမႈဖြင့္လွစ္ထားပါတယ္။
သတင္း- ေနာင္ေနာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013