DVB Logo
Home
မြန်မာသတင်း
ချောက်မြို့က ကျောင်းသား/သူများအတွက် စက်ဘီး ၁၆၀ ကျော် ပေးအပ်လှူဒါန်း
DVB
·
August 29, 2019
ချောက်မြို့က ကျောင်းသား/သူများအတွက် စက်ဘီး ၁၆၀ ကျော် ပေးအပ်လှူဒါန်း
Donate to DVB

မ​ကွေးတိုင်း​၊​ ချောက်​မြို့မှာ ​ကျောင်းအသွားအပြန် အခက်အခဲရှိနေတဲ့ အမှတ် ၁၄ ရပ်ကွက်အတွင်းရှိကျောင်းသား၊ ကျောင်းသူ ၁၆၁ ဦးကို  အလှူရှင် ကိုမိုက်သန်းထွန်းဝင်းက စက်ဘီး ၁၆၁ စီး လှူဒါန်းခဲ့ပါတယ်။ 

သုဓမ္မဝတီဘုန်းကြီးကျောင်းမှာ​ သြဂုတ်လ ၂၈ ရက်နေ့ ညနေက အခမ်းအနားကျင်းပပြီး လှူဒါန်းခဲ့တာဖြစ်တယ်လို့ အမှတ် ၁၄ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ဦးငြိမ်းစိုးက ပြောပါတယ်​။

“ချောက်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေကို သွားရောက်စာသင်ကြားရာမှာ အမှန်တကယ် အခက်အခဲရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ရာအိမ်မှူးတွေနဲ့ စိစစ်ရွေးချယ် စာရင်းကောက်ယူပြီး ကျောင်းသား ကျောင်းသူတွေအတွက် အကူအညီတောင်းခံခဲ့တာကြောင့် စက်ဘီးလှူဒါန်းတာတွေ ပြုလုပ်နေတဲ့ အလှူရှင် ကိုမိုက်သန်းထွန်းဝင်း Lesswalk မိသားစုမှ လှူဒါန်းလို့ ၎င်းတို့မိသားစုကိုယ်စား စက်ဘီးပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြီး လွှဲပြောင်းပေးအပ်တာဖြစ်တယ်”​

ပျဉ်းမကုန်းရပ်ကွက်နေ ဦးထွန်းနိုင်ဦး၊ ဒေါ်စုစုလတ်တို့က အလှူရှင် ကိုမိုက်သန်းထွန်းဝင်း ကိုယ်စား ကျောင်းသားကျောင်းသူတွေထံ စက်ဘီးတွေလွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့မ ရဲစခန်းမှူးနဲ့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်​စည်​ပင်​သာယာ ​ကော်​မတီတို့က တက်​​ရောက်​​ ပေးအပ်​ခဲ့ပါတယ်​။

သတင်း- ကိုလင်း (​ချောက်​)




ေခ်ာက္ၿမိဳ႕က ေက်ာင္းသား/သူမ်ားအတြက္ စက္ဘီး ၁၆၀ ေက်ာ္ ေပးအပ္လႉဒါန္း
DVB

မ​ေကြးတိုင္း​၊​ ေခ်ာက္​ၿမိဳ႕မွာ ​ေက်ာင္းအသြားအျပန္ အခက္အခဲရွိေနတဲ့ အမွတ္ ၁၄ ရပ္ကြက္အတြင္းရွိေက်ာင္းသား၊ ေက်ာင္းသူ ၁၆၁ ဦးကို အလႉရွင္ ကိုမိုက္သန္းထြန္းဝင္းက စက္ဘီး ၁၆၁ စီး လႉဒါန္းခဲ့ပါတယ္။

သုဓမၼဝတီဘုန္းႀကီးေက်ာင္းမွာ​ ၾသဂုတ္လ ၂၈ ရက္ေန႔ ညေနက အခမ္းအနားက်င္းပၿပီး လႉဒါန္းခဲ့တာျဖစ္တယ္လို႔ အမွတ္ ၁၄ ရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမႉး ဦးၿငိမ္းစိုးက ေျပာပါတယ္​။

“ေခ်ာက္ၿမိဳ႕ေပၚရွိ အေျခခံပညာ အထက္တန္းနဲ႔ အလယ္တန္းေက်ာင္းေတြကို သြားေရာက္စာသင္ၾကားရာမွာ အမွန္တကယ္ အခက္အခဲရွိတဲ့ ေက်ာင္းသား ေက်ာင္းသူေတြကို ရာအိမ္မႉးေတြနဲ႔ စိစစ္ေ႐ြးခ်ယ္ စာရင္းေကာက္ယူၿပီး ေက်ာင္းသား ေက်ာင္းသူေတြအတြက္ အကူအညီေတာင္းခံခဲ့တာေၾကာင့္ စက္ဘီးလႉဒါန္းတာေတြ ျပဳလုပ္ေနတဲ့ အလႉရွင္ ကိုမိုက္သန္းထြန္းဝင္း Lesswalk မိသားစုမွ လႉဒါန္းလို႔ ၎တို႔မိသားစုကိုယ္စား စက္ဘီးေပးအပ္လႉဒါန္းပြဲ အခမ္းအနားက်င္းပၿပီး လႊဲေျပာင္းေပးအပ္တာျဖစ္တယ္”​

ပ်ဥ္းမကုန္းရပ္ကြက္ေန ဦးထြန္းႏိုင္ဦး၊ ေဒၚစုစုလတ္တို႔က အလႉရွင္ ကိုမိုက္သန္းထြန္းဝင္း ကိုယ္စား ေက်ာင္းသားေက်ာင္းသူေတြထံ စက္ဘီးေတြလႊဲေျပာင္းေပးအပ္ခဲ့ၿပီး တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးဝင္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕မ ရဲစခန္းမႉးနဲ႔ ၿမိဳ႕နယ္ပညာေရးမႉး၊ ၿမိဳ႕နယ္​စည္​ပင္​သာယာ ​ေကာ္​မတီတို႔က တက္​​ေရာက္​​ ေပးအပ္​ခဲ့ပါတယ္​။
သတင္း- ကိုလင္း (​ေခ်ာက္​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013