DVB Logo
Home
မြန်မာသတင်း
ဦးလှဆွေကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းသက်တမ်းထပ်တိုး
DVB
·
August 28, 2019
ဦးလှဆွေကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းသက်တမ်းထပ်တိုး
Donate to DVB

ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်မတော်အရာရှိဟောင်း ဦးလှဆွေကို ဖမ်းဆီးရမိရေးအတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးကနေ သြဂုတ် ၂၈ ရက်နေ့မှာ ရဲဌာနကို ဖမ်းဝရမ်းသက်တမ်း ထပ်မံတိုးမြှင့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့တဲ့ ‘အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော်ထိပ်တန်း အရာရှိတွေအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ရှုတ်ချပွဲ’မှာ ဦးလှဆွေဟောပြောတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ - (က)တရားစွဲဆိုထားတာပါ။

တရားစွဲဆိုပြီးနောက် လာရောက်အဖမ်းခံခြင်း မရှိတာကြောင့် ဩဂုတ် ၇ ရက်မှာ ဖမ်းဝရမ်း ထုတ်ထားတာပါ။ သူနေထိုင်တဲ့ဂန့်ဂေါမြို့မှာ ဦးလှဆွေဟာ မရှိတာကြောင့် ဖမ်း၀ရမ်းကို ဂန့်ဂေါ မြိုမရဲစခန်းကနေ တရားရုံးကို ပြီးခဲ့တဲ့သြဂုတ် ၁၄ရက်နေ့က ပြန်လည်ပေးသွင်းခဲ့ပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းနှင့် ပြန်ကြားရေး အရာရှိက “ရဲအစီရင်ခံစာအရ ဦးလှဆွေဟာ ဂန့်ဂေါမှာမနေဘူး၊ နောက်ထပ်သူနေထိုင်တဲ့ လိပ်စာတွေဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာလို့ အကြောင်းပြန်ကြားလာတယ်။  ဒါ့ကြောင့် သူ့ကိုဖမ်းဆီးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၇၅/ ၂၂ ၊ ပုဒ်မ(၈၂)အရ ၀ရမ်းသက်တမ်းကို ထပ်မံတိုးမြှင့်ပြီးတော့ သက်ဆိုင်ရာရဲစခန်းကို ပြန်လည်လွှဲပေးလိုက်တာပါ။ ဖမ်းဆီးနိုင်ဖို့က ရဲတပ်ဖွဲ့ရဲ့တာဝန်ပါ”လို့ ပြောပါတယ်။ 

သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်တဲ့ကန့်ကွက်ပွဲမှာ ‘‘ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ ရုံးဝန်ကြီးတွေ၊ ရုံးတွေ၊ အစိုးရအဖွဲ့ရုံးတွေ အကုန်လုံးသေပါစေ၊ အေးရောမဟုတ်လား။ သဘောတူလား။ အမေရိကန်ကို မကြောက်ပါဘူး။ လာဗုံးကြဲစမ်းပါအစိုးရအဖွဲ့ကို။ ဒါကသဘော တူတယ်”လို့ ဦးလှဆွေက ဟောပြောခဲ့တာနဲ့ပက်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆို ခံခဲ့ရတာပါ။

နောက်ထပ်ရုံးချိန်းကိုတော့ စက်တင်ဘာ ၁၁ ရက်နေ့ကို ပြန်လည်ချိန်းဆို ထားပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဟာ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။




ဦးလွေဆြကို ဖမ္းဆီးရန္အတြက္ ဖမ္းဝရမ္းသက္တမ္းထပ္တိုး
ျပည့္ဘုန္းေအာင္
ထြက္ေျပးတိမ္းေရွာင္ေနတဲ့ တပ္မေတာ္အရာရွိေဟာင္း ဦးလွေဆြကို ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္အေနာက္ပိုင္း ခ႐ိုင္တရား႐ုံးကေန ၾသဂုတ္ ၂၈ ရက္ေန႔မွာ ရဲဌာနကို ဖမ္းဝရမ္းသက္တမ္း ထပ္မံတိုးျမႇင့္ေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္ ၃ ရက္က မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္ခဲ့တဲ့ ‘အေမရိကန္ႏိုင္ငံက ျမန္မာ့တပ္မေတာ္ထိပ္တန္း အရာရွိေတြအေပၚ အေရးယူပိတ္ဆို႔မႈေတြကို ဆန႔္က်င္ရႈတ္ခ်ပြဲ’မွာ ဦးလွေဆြေဟာေျပာတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္ ဒုတိယအေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးျမင့္က တရားလိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄ - (က)တရားစြဲဆိုထားတာပါ။

တရားစြဲဆိုၿပီးေနာက္ လာေရာက္အဖမ္းခံျခင္း မရွိတာေၾကာင့္ ဩဂုတ္ ၇ ရက္မွာ ဖမ္းဝရမ္း ထုတ္ထားတာပါ။ သူေနထိုင္တဲ့ဂန႔္ေဂါၿမိဳ႕မွာ ဦးလွေဆြဟာ မရွိတာေၾကာင့္ ဖမ္း၀ရမ္းကို ဂန႔္ေဂါ ၿမိဳမရဲစခန္းကေန တရား႐ုံးကို ၿပီးခဲ့တဲ့ၾသဂုတ္ ၁၄ရက္ေန႔က ျပန္လည္ေပးသြင္းခဲ့ပါတယ္။

ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံး သတင္းႏွင့္ ျပန္ၾကားေရး အရာရွိက “ရဲအစီရင္ခံစာအရ ဦးလွေဆြဟာ ဂန႔္ေဂါမွာမေနဘူး၊ ေနာက္ထပ္သူေနထိုင္တဲ့ လိပ္စာေတြျဖစ္တဲ့ ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာလို႔ အေၾကာင္းျပန္ၾကားလာတယ္။ ဒါ့ေၾကာင့္ သူ႔ကိုဖမ္းဆီးႏိုင္ေရးအတြက္ ရာဇသတ္ႀကီးပုဒ္မ ၇၅/ ၂၂ ၊ ပုဒ္မ(၈၂)အရ ၀ရမ္းသက္တမ္းကို ထပ္မံတိုးျမႇင့္ၿပီးေတာ့ သက္ဆိုင္ရာရဲစခန္းကို ျပန္လည္လႊဲေပးလိုက္တာပါ။ ဖမ္းဆီးႏိုင္ဖို႔က ရဲတပ္ဖြဲ႕ရဲ႕တာဝန္ပါ”လို႔ ေျပာပါတယ္။

ၾသဂုတ္ ၃ ရက္က မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္တဲ့ကန႔္ကြက္ပြဲမွာ ‘‘ဗုံးႀကဲစမ္းပါ။ အစိုးရအဖြဲ႕ ႐ုံးဝန္ႀကီးေတြ၊ ႐ုံးေတြ၊ အစိုးရအဖြဲ႕႐ုံးေတြ အကုန္လုံးေသပါေစ၊ ေအးေရာမဟုတ္လား။ သေဘာတူလား။ အေမရိကန္ကို မေၾကာက္ပါဘူး။ လာဗုံးႀကဲစမ္းပါအစိုးရအဖြဲ႕ကို။ ဒါကသေဘာ တူတယ္”လို႔ ဦးလွေဆြက ေဟာေျပာခဲ့တာနဲ႔ပက္သက္ၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲဆို ခံခဲ့ရတာပါ။

ေနာက္ထပ္႐ုံးခ်ိန္းကိုေတာ့ စက္တင္ဘာ ၁၁ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆို ထားပါတယ္။ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄(က)ဟာ ေထာင္ဒဏ္ႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013