DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ကားဂိတ်တွင်  ကျည်ဆန်တောင့် ၁၅၀၀ ဖမ်းမိ
DVB
·
August 28, 2019
လွိုင်ကော်ကားဂိတ်တွင်  ကျည်ဆန်တောင့် ၁၅၀၀ ဖမ်းမိ
1 / 2
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့က လိုင်းပေါင်းစုံမော်တော်ယာဉ်ဂိတ်ရှိ ရွှေရာဇာကားဂိတ်မှာ လာပို့တဲ့ ပါဆယ်ဘူးထဲက  ပွိုင့် ၂၂ ကျည်ဆန်တောင့် ၁၅၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ လွိုင်ကော် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မိုးဦးက ပြောပါတယ်။

မနေ့ ဩဂုတ် ၂၇ ရက်ညနေ ၃ နာရီလောက်က လွိုင်ကော်မြို့ စက်မှုဇုံရပ်ကွက်မှာ နေထိုင်တဲ့  မကေသီ လာပို့တဲ့ပါဆယ်ဘူးထဲမှာ ကျည်ဆန်တွေတွေ့ရှိရတာဖြစ်ပါတယ်။

ဒုရဲမှူးဇော်မိုးဦးက “ပွိုင့် ၂၂ ကျည်ဆန်က ကျနော်တို့ အဝေပြေးကားကြီးကွင်းမှာ မိတာ။ ရွှေရာဇာကားဂိတ်မှာ သူက ပါဆယ်လာပို့တာ။ စက်မှုဇုံမှာနေတဲ့ ကေသီမြက လာပို့တာ။ အမှန်ကသူက သိလို့ မဟုတ်ဘူး။ သူ့ကလေးကို ကျောင်းသွားကြိုရင်းနဲ့ အဲဒီမှာ သူ့ယောကျ်ားက အဲမှာ မန္တလေးပို့စရာ ရှိလို့ ကားပစ္စည်းတွေတဲ့ နင်အပြင်သွားမှာမို့ သွားပို့လိုက်ပါလို့ ပြောလို့ သူက ယူလာတာ။ ကားဂိတ်ကို ရောက်တော့ ကားဂိတ်မှာ ဖောက်စစ်တော့ အဲဒီကျည်ဆန်တွေကို မိတာပေါ့နော်။”လို့ပြောပါတယ်။

မကေသီနဲ့ ပစ္စည်းပို့ခိုင်းတဲ့ သူ့ယောကျ်ား နေအောင်ကိုပါ ဖမ်းဆီးထားပြီး လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ လွိုင်ကော်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

တဆက်တည်းမှာပဲ သူတို့နေအိမ်ကို လိုက်လံရှာဖွေရာမှာ နေအိမ်မှာရပ်ထားတဲ့ ကားပေါ်မှာ အနက်ရောင်ပလပ်စတစ်အိတ်နဲ့ထည့်ထားတဲ့ WY စာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၁)ပြားနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေကိုပါ ထပ်မံတွေ့ရှိပါတယ်။

ဒါ့ကြောင့် မူးယစ်ဆေးဝါးတွေကို လက်ဝယ်ထားရှိ ရောင်းချသုံးစွဲတဲ့ နေအောင်ကို  မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉(က)နဲ့ လွိုင်ကော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ စခန်းမှူးက ပြောပါတယ်။




လြိဳင္ေကာ္ကားဂိတ္တြင္ က်ည္ဆန္ေတာင့္ ၁၅၀၀ ဖမ္းမိ
ေနာ္ႏိုင္ရင္း
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕က လိုင္းေပါင္းစုံေမာ္ေတာ္ယာဥ္ဂိတ္ရွိ ေ႐ႊရာဇာကားဂိတ္မွာ လာပို႔တဲ့ ပါဆယ္ဘူးထဲက ပြိဳင့္ ၂၂ က်ည္ဆန္ေတာင့္ ၁၅၀၀ ေက်ာ္ ဖမ္းဆီးရမိခဲ့တယ္လို႔ လြိဳင္ေကာ္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဇာ္မိုးဦးက ေျပာပါတယ္။

မေန႔ ဩဂုတ္ ၂၇ ရက္ညေန ၃ နာရီေလာက္က လြိဳင္ေကာ္ၿမိဳ႕ စက္မႈဇုံရပ္ကြက္မွာ ေနထိုင္တဲ့ မေကသီ လာပို႔တဲ့ပါဆယ္ဘူးထဲမွာ က်ည္ဆန္ေတြေတြ႕ရွိရတာျဖစ္ပါတယ္။

ဒုရဲမႉးေဇာ္မိုးဦးက “ပြိဳင့္ ၂၂ က်ည္ဆန္က က်ေနာ္တို႔ အေဝေျပးကားႀကီးကြင္းမွာ မိတာ။ ေ႐ႊရာဇာကားဂိတ္မွာ သူက ပါဆယ္လာပို႔တာ။ စက္မႈဇုံမွာေနတဲ့ ေကသီျမက လာပို႔တာ။ အမွန္ကသူက သိလို႔ မဟုတ္ဘူး။ သူ႔ကေလးကို ေက်ာင္းသြားႀကိဳရင္းနဲ႔ အဲဒီမွာ သူ႔ေယာက်္ားက အဲမွာ မႏၲေလးပို႔စရာ ရွိလို႔ ကားပစၥည္းေတြတဲ့ နင္အျပင္သြားမွာမို႔ သြားပို႔လိုက္ပါလို႔ ေျပာလို႔ သူက ယူလာတာ။ ကားဂိတ္ကို ေရာက္ေတာ့ ကားဂိတ္မွာ ေဖာက္စစ္ေတာ့ အဲဒီက်ည္ဆန္ေတြကို မိတာေပါ့ေနာ္။”လို႔ေျပာပါတယ္။

မေကသီနဲ႔ ပစၥည္းပို႔ခိုင္းတဲ့ သူ႔ေယာက်္ား ေနေအာင္ကိုပါ ဖမ္းဆီးထားၿပီး လက္နက္ဥပေဒပုဒ္မ ၁၉(စ)နဲ႔ လြိဳင္ေကာ္ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

တဆက္တည္းမွာပဲ သူတို႔ေနအိမ္ကို လိုက္လံရွာေဖြရာမွာ ေနအိမ္မွာရပ္ထားတဲ့ ကားေပၚမွာ အနက္ေရာင္ပလပ္စတစ္အိတ္နဲ႔ထည့္ထားတဲ့ WY စာတန္းပါလိေမၼာ္ေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁၁)ျပားနဲ႔ မူးယစ္ေဆးဝါးသုံးစြဲရာမွာ အသုံးျပဳတဲ့ဆက္စပ္ပစၥည္းေတြကိုပါ ထပ္မံေတြ႕ရွိပါတယ္။

ဒါ့ေၾကာင့္ မူးယစ္ေဆးဝါးေတြကို လက္ဝယ္ထားရွိ ေရာင္းခ်သုံးစြဲတဲ့ ေနေအာင္ကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ၁၉(က)နဲ႔ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားတယ္လို႔ စခန္းမႉးက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013