DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ငါးဖမ်းရာသီအစ  ရေလုပ်သားရှားပါးနေ
DVB
·
August 28, 2019
ရေးမြို့နယ်တွင် ငါးဖမ်းရာသီအစ  ရေလုပ်သားရှားပါးနေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ ငါးဖမ်းရာသီစတင်နေပြီဖြစ်ပေမယ့် ရေလုပ်သားရှားပါးမှုနဲ့ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ရေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

အခုငါးဖမ်းရာသီအရောက်မှာ ငါးဖမ်စက်လှေတွေ အပြိုင်ထွက်ကြလို့ အလုပ်သမားရှားပါးမှုနဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာနေတယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရေလုပ်ငန်းရှင် ဦးတင်နွယ်က “ကျားဖောင်လုပ်ငန်းက ပွင့်လင်းရာသီမှ ပုံမှန်ထွက်နေကျမို့ ထိခိုက်မှုသိပ်မရှိပေမယ့် တခြား စိန်ပိုက်၊ ဘုံကျောင်း၊ မျောပိုက်ငါးဖမ်းလှေနဲ့ တပြိုင်တည်း ထွက်တော့ လုပ်သားပြဿာနာတွေ ရှိလာတဲ့ အပြင် ရေလုပ်ငန်းသုံး သစ်စျေးဝါးစျေး တခြားစာရိတ်တွေပါ မြင့်တက်နေတာနဲ့ ကြုံနေရတယ်”လို့ ပြောပါတယ်။

ရေလုပ်ငန်းရှင်အားလုံးနီးပါးက ရေလုပ်သားတွေကို ငါးဖမ်းရာသီ မစတင်မီ ကြိုတင်ငွေ တွေကို ထုတ်ပေးလေ့ရှိပါတယ်။

 အခုနှစ်မှာ အလုပ်သမားတွေက လုပ်ငန်းရှင်တွေထံကနေ  ငွေကျပ် ၁၇ သိန်း လောက်အထိ ကြိုတင်လိမ်လည်ထုတ်ယူတဲ့အပေါ် ဥပဒေအရအရေးယူစေချင်တယ်လို့ ရေလုပ်ငန်းရှင်များအတွင်းရေးမှူး ဦးမြင့်သန်းက ပြောပါတယ်။

ရေလုပ်သားကိုတင်မြင့်ကတော့ “အလုပ်ရှင်ထံမှာ ကြိုတင်ငွေ ကျပ် ၂၅ သိန်းအထိ ထုတ်ယူတယ်။ ရေလုပ်သားကတ်လည်း လုပ်ရတယ်။ စာချုပ် ချုပ်ဆိုပြီးမှ အခုငါးဖမ်းလုပ်ငန်းခွင်ကို လုပ်ခွင့်ရတယ်”လို့ ပြောပါတယ်။

ရေးမြို့နယ် ငါးဦးစီးဌာန မှတ်တမ်းတွေအရ အခုငါးဖမ်းရာသီကာလမှာ တရားဝင် ငါးဖမ်းလိုင်စင်ရ စိန်ပိုက်၊ ဘုံကျောင်း၊ မျောပိုက်၊ ကျားဖောင် ကမ်းနီးကမ်းဝေးငါးဖမ်းလှေ အရေအတွက် စုစုပေါင်း ၆၀၀ နီးပါးရှိပြီး ရေလုပ်သားကတ်မှတ်ပုံလက်ရှိတင်ထားသူ ၃၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း- နေမျိုးထွဋ်




ေရးၿမိဳ႕နယ္တြင္ ငါးဖမ္းရာသီအစ ေရလုပ္သားရွားပါးေန
DVB

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲမွာ ငါးဖမ္းရာသီစတင္ေနၿပီျဖစ္ေပမယ့္ ေရလုပ္သားရွားပါးမႈနဲ႔ ႀကဳံေတြ႕ရင္ဆိုင္ေနရတယ္လို႔ ေရလုပ္ငန္းရွင္ေတြထံက သိရပါတယ္။
အခုငါးဖမ္းရာသီအေရာက္မွာ ငါးဖမ္စက္ေလွေတြ အၿပိဳင္ထြက္ၾကလို႔ အလုပ္သမားရွားပါးမႈနဲ႔ ကုန္က်စရိတ္ေတြ ျမင့္တက္လာေနတယ္လို႔ ေရလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ေရလုပ္ငန္းရွင္ ဦးတင္ႏြယ္က “က်ားေဖာင္လုပ္ငန္းက ပြင့္လင္းရာသီမွ ပုံမွန္ထြက္ေနက်မို႔ ထိခိုက္မႈသိပ္မရွိေပမယ့္ တျခား စိန္ပိုက္၊ ဘုံေက်ာင္း၊ ေမ်ာပိုက္ငါးဖမ္းေလွနဲ႔ တၿပိဳင္တည္း ထြက္ေတာ့ လုပ္သားျပႆာနာေတြ ရွိလာတဲ့ အျပင္ ေရလုပ္ငန္းသုံး သစ္ေစ်းဝါးေစ်း တျခားစာရိတ္ေတြပါ ျမင့္တက္ေနတာနဲ႔ ႀကဳံေနရတယ္”လို႔ ေျပာပါတယ္။

ေရလုပ္ငန္းရွင္အားလုံးနီးပါးက ေရလုပ္သားေတြကို ငါးဖမ္းရာသီ မစတင္မီ ႀကိဳတင္ေငြ ေတြကို ထုတ္ေပးေလ့ရွိပါတယ္။

အခုႏွစ္မွာ အလုပ္သမားေတြက လုပ္ငန္းရွင္ေတြထံကေန ေငြက်ပ္ ၁၇ သိန္း ေလာက္အထိ ႀကိဳတင္လိမ္လည္ထုတ္ယူတဲ့အေပၚ ဥပေဒအရအေရးယူေစခ်င္တယ္လို႔ ေရလုပ္ငန္းရွင္မ်ားအတြင္းေရးမႉး ဦးျမင့္သန္းက ေျပာပါတယ္။

ေရလုပ္သားကိုတင္ျမင့္ကေတာ့ “အလုပ္ရွင္ထံမွာ ႀကိဳတင္ေငြ က်ပ္ ၂၅ သိန္းအထိ ထုတ္ယူတယ္။ ေရလုပ္သားကတ္လည္း လုပ္ရတယ္။ စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးမွ အခုငါးဖမ္းလုပ္ငန္းခြင္ကို လုပ္ခြင့္ရတယ္”လို႔ ေျပာပါတယ္။

ေရးၿမိဳ႕နယ္ ငါးဦးစီးဌာန မွတ္တမ္းေတြအရ အခုငါးဖမ္းရာသီကာလမွာ တရားဝင္ ငါးဖမ္းလိုင္စင္ရ စိန္ပိုက္၊ ဘုံေက်ာင္း၊ ေမ်ာပိုက္၊ က်ားေဖာင္ ကမ္းနီးကမ္းေဝးငါးဖမ္းေလွ အေရအတြက္ စုစုေပါင္း ၆၀၀ နီးပါးရွိၿပီး ေရလုပ္သားကတ္မွတ္ပုံလက္ရွိတင္ထားသူ ၃၅၀၀ ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။
သတင္း- ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013