DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာတွင် မုန်တိုင်း ၂ ကြိမ်ဖြစ်နိုင်ဟု မိုးဇလ ထုတ်ပြန်
DVB
·
August 28, 2019
စက်တင်ဘာတွင် မုန်တိုင်း ၂ ကြိမ်ဖြစ်နိုင်ဟု မိုးဇလ ထုတ်ပြန်
Donate to DVB

လာမယ့် စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ကြိမ် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးလေဝသဌာနရဲ့ စက်တင်ဘာလ လပတ်မိုးလေဝသ ခန့်မှန်းချက်ထုတ်ပြန်ရာမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အနောက်တောင်မုတ်သုန်လေဟာ စက်တင်ဘာလအတွင်းမှာပဲ မြန်မာနိုင်ငံက ဆုတ်ခွာသွားဖို့ရှိနေပါတယ်။

အနောက်တောင်မုတ်သုံလေဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်ကနေ  ၁၈ ရက် အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း‌ဒေသ၊ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ စက်တင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေ ကနေ အသီးသီး ဆုတ်ခွာသွားဖို့ ရှိနေတာပါ။

စက်တင်ဘာလအတွင်း  မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်တယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။




စက္တင္ဘာတြင္ မုန္တိုင္း ၂ ႀကိမ္ျဖစ္ႏိုင္ဟု မိုးဇလ ထုတ္ျပန္
DVB

လာမယ့္ စက္တင္ဘာလအတြင္း ဘဂၤလားပင္လယ္ေအာ္မွာ မုန္တိုင္း ၂ႀကိမ္ ျဖစ္ေပၚႏိုင္တယ္လို႔ မိုးေလဝသဌာနက သတင္းထုတ္ျပန္ပါတယ္။

မိုးေလဝသဌာနရဲ႕ စက္တင္ဘာလ လပတ္မိုးေလဝသ ခန႔္မွန္းခ်က္ထုတ္ျပန္ရာမွာ ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္ဝန္း ၃ ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ ၂ ႀကိမ္မွာ ပိုမို အားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ‌ေရာက္ရွိႏိုင္တယ္လို႔ ေဖာ္ျပပါတယ္။

ဒါ့အျပင္ အေနာက္ေတာင္မုတ္သုန္ေလဟာ စက္တင္ဘာလအတြင္းမွာပဲ ျမန္မာႏိုင္ငံက ဆုတ္ခြာသြားဖို႔ရွိေနပါတယ္။

အေနာက္ေတာင္မုတ္သုံေလဟာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၃ ရက္ကေန ၁၈ ရက္ အတြင္း ျမန္မာႏိုင္ငံေျမာက္ပိုင္း‌ေဒသ၊ စက္တင္ဘာလ ၁၉ ရက္ကေန ၂၄ ရက္အတြင္း ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသ၊ စက္တင္ဘာလ ၂၅ ရက္ကေန ၃၀ ရက္အတြင္း ျမစ္ဝကြၽန္းေပၚေဒသေတြ ကေန အသီးသီး ဆုတ္ခြာသြားဖို႔ ရွိေနတာပါ။

စက္တင္ဘာလအတြင္း မေကြးတိုင္း၊ ဧရာဝတီတိုင္း၊ ရခိုင္ျပည္နယ္တို႔မွာ ႐ြာသြန္းၿမဲထက္ ပိုႏိုင္တယ္။

ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း ႐ြာႏိုင္တယ္လို႔လည္း မိုးေလဝသဌာနက ခန႔္မွန္းထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013