DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံ ၁၀ တန်းကျောင်းသား အာမခံဖြင့်လွတ်မြောက်
DVB
·
August 28, 2019
အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံ ၁၀ တန်းကျောင်းသား အာမခံဖြင့်လွတ်မြောက်
Donate to DVB

ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဖမ်းဆီးခံထားရတဲ့ ၁၀ တန်း ကျောင်းသား တဦးကို သြဂုတ် ၂၇ ရက်နေ့က မြောက်ဦးမြို့နယ် ကလေးသူငယ်တရားရုံးက အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ပြောပါတယ်။

အဲဒီကျောင်းသားဟာ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအမှုတွဲထဲမှာပါဝင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်စိုးမိုးကျော် (ခ) ဝိုင်းဝိုင်း ဖြစ်ပြီး အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် ၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ မိဘအုပ်ထိန်းခွင့် တောင်းခံပြီးနောက် အာမခံနှစ်ဦးရဲ့ခံဝန်ချက်နဲ့ အခုလိုလွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

အထက်တန်းရှေ့နေ ဦးအေးထွန်းမောင်က “လူကြီးတွေကို အာမခံပေးတဲ့ ပုံစံမျိုးနဲ့လည်း မဟုတ်ဘူး။ ၂၀၁၉ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေအရ ရဲခန်းမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် ချုပ်နှောင်ထားခွင့်မပြုရဆိုတဲ့ အကြောင်းအရာတွေနဲ့ ကျနော်တို့ မိဘ အုပ်ထိန်းခွင့်ပြန်တောင်းတယ်။ ပြီးတော့အချုပ် လွတ်ပေါ့။ အပြင်ကနေပဲ ရုံးကိုလာရောက်မယ်ဆို ပြီး လျှောက်လိုက်တာ။ ခံဝန်ချက်ကတော့ ဥက္ကဋ္ဌနဲ့ အမေဖြစ်သူက ခံဝန်ပြီးတော့ထုတ် ရတာပေါ့”လို့ ပြောပါတယ်။

မောင်စိုးမိုးကျော်ဟာ စစ်တွေခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတာကနေ ကလေးသူငယ်အဖြစ် စိစစ်တွေ့ရှိပြီးနောက် သူ့ကို မြောက်ဦးမြို့နယ် ကလေးသူငယ်တရားရုံးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ အခုလို လွတ်မြောက်လာတာဖြစ်ပြီး အမှုကိုတော့ အပြင်က နေဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ရဲတပ်ရင်းကို အေအေတပ်ဖွဲ့က ဧပြီ ၃၁ ရက်နေ့မှာ ဝင်တိုက်ခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၁၀ ရက် နေ့လယ်ပိုင်းမှာ လက္ကာကျေးရွာအနီးက ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမပေါ်မှာ အရပ်ဝတ် အေအေအဖွဲ့ဝင်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အဲ့ဒီကျေးရွာက မောင်စိုးမိုးကျော်အပါအဝင် သံသယရှိသူ ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖမ်းဆီးပြီး စစ်ကြောရေးလုပ်နေစဉ်မှာပဲ ၃ ဦးသေဆုံးသွားခဲ့ပြီး ကျန်တဲ့ ၂၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရား စွဲဆိုထားတာကြောင့် စစ်တွေခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံထားရသူတွေဟာ အေအေနဲ့ ဆက်စပ်မှု မရှိဘူးလို့ မီဒီယာတွေကို ပြောဆိုထားကြပါတယ်။

သတင်း-ဝဏ္ဏခွာညို




အၾကမ္းဖက္ဥပေဒျဖင့္ တရားစြဲခံ ၁၀ တန္းေက်ာင္းသား အာမခံျဖင့္လြတ္ေျမာက္
ဝဏၰခြာညိဳ

ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ဆက္စပ္တယ္ဆိုၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲဖမ္းဆီးခံထားရတဲ့ ၁၀ တန္း ေက်ာင္းသား တဦးကို ၾသဂုတ္ ၂၇ ရက္ေန႔က ေျမာက္ဦးၿမိဳ႕နယ္ ကေလးသူငယ္တရား႐ုံးက အာမခံနဲ႔ လႊတ္ေပးလိုက္တယ္လို႔ အမႈကို လိုက္ပါ ေဆာင္႐ြက္ေပးေနတဲ့ သဇင္ဥပေဒအေထာက္အကူျပဳအဖြဲ႕က ေျပာပါတယ္။

အဲဒီေက်ာင္းသားဟာ ေျမာက္ဦးၿမိဳ႕နယ္၊ လကၠာေက်း႐ြာအမႈတြဲထဲမွာပါဝင္တဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္ ေမာင္စိုးမိုးေက်ာ္ (ခ) ဝိုင္းဝိုင္း ျဖစ္ၿပီး အသက္ ၁၈ ႏွစ္ မျပည့္ေသးတာေၾကာင့္ ၂၀၁၉ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒအရ မိဘအုပ္ထိန္းခြင့္ ေတာင္းခံၿပီးေနာက္ အာမခံႏွစ္ဦးရဲ႕ခံဝန္ခ်က္နဲ႔ အခုလိုလႊတ္ေပးလိုက္တာလို႔ ဆိုပါတယ္။

အထက္တန္းေရွ႕ေန ဦးေအးထြန္းေမာင္က “လူႀကီးေတြကို အာမခံေပးတဲ့ ပုံစံမ်ိဳးနဲ႔လည္း မဟုတ္ဘူး။ ၂၀၁၉ ကေလးသူငယ္အခြင့္ အေရးမ်ားဆိုင္ရာဥပေဒအရ ရဲခန္းမွာပဲျဖစ္ျဖစ္၊ ဘယ္မွာပဲျဖစ္ျဖစ္ ခ်ဳပ္ေႏွာင္ထားခြင့္မျပဳရဆိုတဲ့ အေၾကာင္းအရာေတြနဲ႔ က်ေနာ္တို႔ မိဘ အုပ္ထိန္းခြင့္ျပန္ေတာင္းတယ္။ ၿပီးေတာ့အခ်ဳပ္ လြတ္ေပါ့။ အျပင္ကေနပဲ ႐ုံးကိုလာေရာက္မယ္ဆို ၿပီး ေလွ်ာက္လိုက္တာ။ ခံဝန္ခ်က္ကေတာ့ ဥကၠ႒နဲ႔ အေမျဖစ္သူက ခံဝန္ၿပီးေတာ့ထုတ္ ရတာေပါ့”လို႔ ေျပာပါတယ္။

ေမာင္စိုးမိုးေက်ာ္ဟာ စစ္ေတြခ႐ိုင္တရား႐ုံးမွာ တရားရင္ဆိုင္ေနရတာကေန ကေလးသူငယ္အျဖစ္ စိစစ္ေတြ႕ရွိၿပီးေနာက္ သူ႔ကို ေျမာက္ဦးၿမိဳ႕နယ္ ကေလးသူငယ္တရား႐ုံးကို ပို႔ေဆာင္ခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွာ အခုလို လြတ္ေျမာက္လာတာျဖစ္ၿပီး အမႈကိုေတာ့ အျပင္က ေနဆက္လက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕ရဲတပ္ရင္းကို ေအေအတပ္ဖြဲ႕က ဧၿပီ ၃၁ ရက္ေန႔မွာ ဝင္တိုက္ခဲ့ပါတယ္။ အဲဒီေနာက္ ဧၿပီလ ၁၀ ရက္ ေန႔လယ္ပိုင္းမွာ လကၠာေက်း႐ြာအနီးက ရန္ကုန္-စစ္ေတြ အေဝးေျပးကားလမ္းမေပၚမွာ အရပ္ဝတ္ ေအေအအဖြဲ႕ဝင္ေတြနဲ႔ တပ္မေတာ္တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့ရာ အဲ့ဒီေက်း႐ြာက ေမာင္စိုးမိုးေက်ာ္အပါအဝင္ သံသယရွိသူ ၂၇ ဦးကို တပ္မေတာ္က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

အဲဒီလိုဖမ္းဆီးၿပီး စစ္ေၾကာေရးလုပ္ေနစဥ္မွာပဲ ၃ ဦးေသဆုံးသြားခဲ့ၿပီး က်န္တဲ့ ၂၄ ဦးကို အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မနဲ႔ တရား စြဲဆိုထားတာေၾကာင့္ စစ္ေတြခ႐ိုင္တရား႐ုံးမွာ အမႈရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။ မိသားစုဝင္ေတြကေတာ့ ဖမ္းဆီးခံထားရသူေတြဟာ ေအေအနဲ႔ ဆက္စပ္မႈ မရွိဘူးလို႔ မီဒီယာေတြကို ေျပာဆိုထားၾကပါတယ္။
သတင္း-ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013