DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တံတားတွင် မြန်မာမိန်းကလေး ၂ ဦးထံက အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 28, 2019
မယ်ဆိုင်တံတားတွင် မြန်မာမိန်းကလေး ၂ ဦးထံက အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား တာချီလိတ်-မယ်ဆိုင် စစ်ဆေးရေးဂိတ်မှာ မြန်မာမိန်းကလေး ၂ ဦးထံကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအမှတ် ၃ စစ်ဒေသ တပ်ဖွဲ့ဝင်၊ အကောက်ခွန်နဲ့ လဝက ရဲတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၂၇ ရက် မနက်ပိုင်းက ဖြတ်သန်းသွားလာသူတွေကို စောင့်ကြပ်စစ်ဆေးရာ မြန်မာဘက်ခြမ်းက ဝင်လာတဲ့ မိန်းကလေး ၂ ဦးကို မသင်္ကာလို့ ရှာဖွေစစ်ဆေးခဲ့ရာ ခန္ဓာကိုယ်မှာ ဥပဒေမဲ့ပစ္စည်း မတွေ့ရဘဲ သုံးဘီးကားနဲ့ တင်လာတဲ့ သူတို့အထုပ်အပိုးတွေကို  ဓာတ်မှန်စက်ကနေ ဖြတ်သန်း စစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တာလို့ စစ်ဆေးရေးအရာရှိက သတင်းထောက်ကို ပြောပါတယ်။

သူတို့ဟာ မူးယစ်ဆေးဝါးတွေကို မုန့်ဘူးတွေထဲနဲ့ သစ်သီးအချိုရည်ဗူးတွေထဲမှာ ထည့်ယူလာပြီး အပေါ်ကနေ အသီးအနှံတွေနဲ့ ထပ်မံဖုံးဖိလာတာလို့ ဆိုပါတယ်။

မူးယစ်ဆေးတွေကို ဆက်လက်စစ်ဆေးရာမှာ ၉၉၉ အမှတ်တံဆိပ်ရိုက်နှက်ထားတဲ့ စိတ်ကြွဆေး စုစုပေါင်း အလုံးရေ ၄၀၀၀၀ နဲ့ အိုက်စ် မူးယစ်ဆေး အလေးချိန် ၂ ကီလိုဂရမ်တို့ ဖမ်းဆီးရမိခဲ့တာပါ။

မူးယစ်ဆေးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး နန်းနွမ်းအောင် (၂၂ နှစ်)နဲ့ နန်းနွန်းမို (၃၃ နှစ်) တို့ ၂ ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူဖို့ မယ်ဆိုင်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကွင်းဆက်တွေကို ဆက်လက်စစ်ဆေးသွားမယ် လို့ ထိုင်းစစ်ဆေးရေးအရာရှိက ပြောပါတယ်။

Source: Maesai AEC 




မယ္ဆိုင္တံတားတြင္ ျမန္မာမိန္းကေလး ၂ ဦးထံက အိုက္စ္မူးယစ္ေဆးမ်ား ဖမ္းမိ
နန္းျမနဒီ

ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတံတား တာခ်ီလိတ္-မယ္ဆိုင္ စစ္ေဆးေရးဂိတ္မွာ ျမန္မာမိန္းကေလး ၂ ဦးထံကေန မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိတယ္လို႔ မယ္ဆိုင္နယူးစ္သတင္း မွာ ေဖာ္ျပပါတယ္။

ထိုင္းအမွတ္ ၃ စစ္ေဒသ တပ္ဖြဲ႕ဝင္၊ အေကာက္ခြန္နဲ႔ လဝက ရဲတပ္ဖြဲ႕ဝင္ေတြဟာ ၾသဂုတ္ ၂၇ ရက္ မနက္ပိုင္းက ျဖတ္သန္းသြားလာသူေတြကို ေစာင့္ၾကပ္စစ္ေဆးရာ ျမန္မာဘက္ျခမ္းက ဝင္လာတဲ့ မိန္းကေလး ၂ ဦးကို မသကၤာလို႔ ရွာေဖြစစ္ေဆးခဲ့ရာ ခႏၶာကိုယ္မွာ ဥပေဒမဲ့ပစၥည္း မေတြ႕ရဘဲ သုံးဘီးကားနဲ႔ တင္လာတဲ့ သူတို႔အထုပ္အပိုးေတြကို ဓာတ္မွန္စက္ကေန ျဖတ္သန္း စစ္ေဆးရာမွာ မူးယစ္ေဆးဝါးေတြ ေတြ႕ရွိခဲ့တာလို႔ စစ္ေဆးေရးအရာရွိက သတင္းေထာက္ကို ေျပာပါတယ္။

သူတို႔ဟာ မူးယစ္ေဆးဝါးေတြကို မုန႔္ဘူးေတြထဲနဲ႔ သစ္သီးအခ်ိဳရည္ဗူးေတြထဲမွာ ထည့္ယူလာၿပီး အေပၚကေန အသီးအႏွံေတြနဲ႔ ထပ္မံဖုံးဖိလာတာလို႔ ဆိုပါတယ္။

မူးယစ္ေဆးေတြကို ဆက္လက္စစ္ေဆးရာမွာ ၉၉၉ အမွတ္တံဆိပ္႐ိုက္ႏွက္ထားတဲ့ စိတ္ႂကြေဆး စုစုေပါင္း အလုံးေရ ၄၀၀၀၀ နဲ႔ အိုက္စ္ မူးယစ္ေဆး အေလးခ်ိန္ ၂ ကီလိုဂရမ္တို႔ ဖမ္းဆီးရမိခဲ့တာပါ။

မူးယစ္ေဆးဖမ္းဆီးရမိမႈနဲ႔ ပတ္သက္ၿပီး နန္းႏြမ္းေအာင္ (၂၂ ႏွစ္)နဲ႔ နန္းႏြန္းမို (၃၃ ႏွစ္) တို႔ ၂ ဦးကို မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ အေရးယူဖို႔ မယ္ဆိုင္ရဲစခန္းမွာ ထိန္းသိမ္းထားၿပီး ကြင္းဆက္ေတြကို ဆက္လက္စစ္ေဆးသြားမယ္ လို႔ ထိုင္းစစ္ေဆးေရးအရာရွိက ေျပာပါတယ္။
Source: Maesai AEC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013