DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်း ကျောင်းဆရာများ ကော့သောင်းပြန်ရောက် 
DVB
·
August 28, 2019
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်း ကျောင်းဆရာများ ကော့သောင်းပြန်ရောက် 
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ဆရာ၊ ဆရာမ ၂၃ ဦးတို့ သြဂုတ်လ ၂၆ ရက် ညနေက ကော့သောင်းမြို့ကို ပြန်လည်ရောက်ရှိလာရာ ကော့သောင်မြို့ အာဏာပိုင်အဖွဲ့အစည်းတွေက  ကြိုဆိုခဲ့ကြပါတယ်။

ရနောင်းမြို့မှာ ရွှေ့ပြောင်းမြန်အလုပ်သမားတွေရဲ့ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း ၁၂ ကျောင်းရှိပြီး မြန်မာဆရာဆရာမတွေကို ဩဂုတ် ၂၄ ရက်က ဖမ်းဆီးလိုက်တဲ့အတွက် အခုလောလောဆယ်မှာ ကျောင်းအားလုံးပိတ်ထားရပါတယ်။

ထိုင်းအခြေစိုက် FED ပညာရေးဖေါင်ဒေးရှင်းမှ အလုပ်သမားရေးရာ ဒုတာဝန်ခံကိုမိုးဝေ က “ထိုင်းမှာက အဓိကက ကလေးအခွင့်အရေးကို အရမ်းဦးစားပေးတယ်။ ပညာရေးကိုလည်း ဦးစားပေးတယ်။ အခုဒီကလေးတွေကို ခုချိန်မှာ ခေတ္တယာယီနားထားရပေမယ့် ဒီကလေးတွေအတွက် အစီအစဉ်တော့ ရှိလိမ့်မယ်။ တကယ်လို့ဒီ ကျောင်းတွေကို လုံးဝဖွင့်လို့မရဘူးဆိုရင် ထိုင်းကျောင်း သို့မဟုတ်တ တခြားဖောင်ဒေးရှင်းတခုခု လက်အောက်ကိုထည့်ပြီး စီစဉ်ပေးမှာပဲ။ ထိုင်းအစိုးရ ကတော့ ကလေးအခွင့်အရေးကိုတော့ လုံးဝအထိခံမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ပြည်လည် ရောက်ရှိလာတဲ့ ဆရာ/မတွေကို ရွှေဇင်ယော်ရပ်ကွက် သိဒ္ဓိအောင်ကျောင်း ပညာရွှေစင်ဓမ္မရိပ်သာမှာ ခေတ္တထားရှိပြီး အာဏာပိုင်တွေက နေအိမ်အသီးသီးကို ပြန်ပို့ပေးခဲ့ပါတယ်။

သတင်း- လတ်ကိုကိုဦး




ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာေ႐ႊ႕ေျပာင္း ေက်ာင္းဆရာမ်ား ေကာ့ေသာင္းျပန္ေရာက္
DVB
ထိုင္းႏိုင္ငံ၊ ရေနာင္းၿမိဳ႕မွာ ဖမ္းဆီးခံခဲ့ရတဲ့ ေ႐ႊ႕ေျပာင္းျမန္မာစာသင္ေက်ာင္းက ဆရာ၊ ဆရာမ ၂၃ ဦးတို႔ ၾသဂုတ္လ ၂၆ ရက္ ညေနက ေကာ့ေသာင္းၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာရာ ေကာ့ေသာင္ၿမိဳ႕ အာဏာပိုင္အဖြဲ႕အစည္းေတြက ႀကိဳဆိုခဲ့ၾကပါတယ္။

ရေနာင္းၿမိဳ႕မွာ ေ႐ႊ႕ေျပာင္းျမန္အလုပ္သမားေတြရဲ႕ ကေလးေတြကို စာသင္ေပးေနတဲ့ ေက်ာင္းေပါင္း ၁၂ ေက်ာင္းရွိၿပီး ျမန္မာဆရာဆရာမေတြကို ဩဂုတ္ ၂၄ ရက္က ဖမ္းဆီးလိုက္တဲ့အတြက္ အခုေလာေလာဆယ္မွာ ေက်ာင္းအားလုံးပိတ္ထားရပါတယ္။

ထိုင္းအေျခစိုက္ FED ပညာေရးေဖါင္ေဒးရွင္းမွ အလုပ္သမားေရးရာ ဒုတာဝန္ခံကိုမိုးေဝ က “ထိုင္းမွာက အဓိကက ကေလးအခြင့္အေရးကို အရမ္းဦးစားေပးတယ္။ ပညာေရးကိုလည္း ဦးစားေပးတယ္။ အခုဒီကေလးေတြကို ခုခ်ိန္မွာ ေခတၱယာယီနားထားရေပမယ့္ ဒီကေလးေတြအတြက္ အစီအစဥ္ေတာ့ ရွိလိမ့္မယ္။ တကယ္လို႔ဒီ ေက်ာင္းေတြကို လုံးဝဖြင့္လို႔မရဘူးဆိုရင္ ထိုင္းေက်ာင္း သို႔မဟုတ္တ တျခားေဖာင္ေဒးရွင္းတခုခု လက္ေအာက္ကိုထည့္ၿပီး စီစဥ္ေပးမွာပဲ။ ထိုင္းအစိုးရ ကေတာ့ ကေလးအခြင့္အေရးကိုေတာ့ လုံးဝအထိခံမွာ မဟုတ္ဘူး”လို႔ ေျပာပါတယ္။

ျပည္လည္ ေရာက္ရွိလာတဲ့ ဆရာ/မေတြကို ေ႐ႊဇင္ေယာ္ရပ္ကြက္ သိဒၶိေအာင္ေက်ာင္း ပညာေ႐ႊစင္ဓမၼရိပ္သာမွာ ေခတၱထားရွိၿပီး အာဏာပိုင္ေတြက ေနအိမ္အသီးသီးကို ျပန္ပို႔ေပးခဲ့ပါတယ္။
သတင္း- လတ္ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013