DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ဒုတိယအကြိမ် ရေထပ်ကြီးလာသဖြင့် ဒေသခံများ ရေလွတ်ရာရွှေ့ပြောင်း
DVB
·
August 28, 2019
ရေးမြို့တွင် ဒုတိယအကြိမ် ရေထပ်ကြီးလာသဖြင့် ဒေသခံများ ရေလွတ်ရာရွှေ့ပြောင်း
Donate to DVB

အခုရက်ပိုင်းအတွင်း မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ မြစ်ရေပြန်မြင့်တက်လာပြီး ရပ်ကွက်အနိမ့်ပိုင်းမှာ နေထိုင်သူတွေ ရေလွတ်ရာကို စတင်ပြောင်းရွှေ့နေကြရပါတယ်။

မိုးများပြီး တောင်ကျရေတွေဟာ ရေးချောင်းဖျားကနေတဆင့် ရေးမြစ်အတွင်း စီးဝင်လာကာ ပင်လယ်ရေတက်ချိန်မှာ မြစ်ရေထပ်ကြီးလာနေတာဖြစ်ပါတယ်။ မိုးကအဆက်မပြတ် အားကောင်းကောင်းနဲ့ရွာသွန်းနေပြီး ရေတက်နဲ့ ဆုံနေတာကြောင့် ဒီထက်မက ရေထပ်ကြီးလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်စိတ်တွေ မြင့်တက်လာနေကြပါတယ်။

ပြီးခဲတဲ့ညကစပြီး ရေးမြို့က ရပ်ကွက်အနိမ့်ပိုင်းမှာနေထိုင်တဲ့ မိသားစုတွေ  ရေလွတ်ရာ စတင်ပြောင်းရွှေ့နေကြသလို စျေးသမားတွေလည်း ပစ္စည်းတွေထုပ်ပိုးပြီး ပြောင်းရွှေ့နေကြတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေးမြို့မှာ ရေကြီးမှုဖြစ်ပွားခဲ့လို့ လူနေအိမ်တွေ၊ စျေးပစ္စည်းတွေ ဥယျာဉ်ခြံနဲ့ လယ်ယာတွေအများဆုံးထိခိုက်ဆုံးရှုံးခဲ့ရသလို အခုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေစဉ်မှာဘဲ သြဂုတ် ၂၇ ရက်က ဒုတိယအကြိမ် ရေထပ်ကြီးနေတာ ဖြစ်ပါတယ်။

သတင်း- နေမျိုးထွဋ်




ရေးမြို့တွင် ဒုတိယအကြိမ် ရေထပ်ကြီးလာသဖြင့် ဒေသခံများ ရေလွတ်ရာရွေ့ပြောင်း
DVB



ပြီးခဲတဲ့ညကစပြီး ရေးမြို့က ရပ်ကွက်အနိမ့်ပိုင်းမှာနေထိုင်တဲ့ မိသားစုတွေ ရေလွတ်ရာ စတင်ပြောင်းရွှေ့နေကြသလို ဈေးသမားတွေလည်း ပစ္စည်းတွေထုပ်ပိုးပြီး ပြောင်းရွှေ့နေကြတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေးမြို့မှာ ရေကြီးမှုဖြစ်ပွားခဲ့လို့ လူနေအိမ်တွေ၊ ဈေးပစ္စည်းတွေ ဥယျာဉ်ခြံနဲ့ လယ်ယာတွေအများဆုံးထိခိုက်ဆုံးရှုံးခဲ့ရသလို အခုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေစဉ်မှာဘဲ သြဂုတ် ၂၇ ရက်က ဒုတိယအကြိမ် ရေထပ်ကြီးနေတာ ဖြစ်ပါတယ်။
သတင်း- နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013