DVB Logo
Home
မြန်မာသတင်း
သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေအောက်ရွာများ ပြန်ပေါ်လာ
DVB
·
August 28, 2019
သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေအောက်ရွာများ ပြန်ပေါ်လာ
1 / 21
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ  သဖန်းဆိပ်ရေလှောင်တမံအ တွင်းမှာ ရေနည်းပါးနေတာကြောင့် ရေအောက်နစ်မြုပ်ခဲ့တဲ့ ကျေးရွာတချို့ လွန်ခဲ့တဲ့ ၁ ပတ်လောက်စတင်ကာ ပြန်ပေါ်နေပြီး အလွမ်းပြေသွားရောက်ကြည့်ရှု့သူတွေနဲ့ စည်ကားနေပါတယ်။

အခုလို ရေအောက်က ကျေးရွာတွေ ပြန်ပေါ်လာတာက တမံတည်ဆောက်ပြီး နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ တမံတည်ဆောက်ပြီး ၂ နှစ်ခန့်အကြာမှာ ပြန်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကျွန်းလှမြို့ဟောင်းအပါအဝင် တင်းတိန်ရံ၊ ရွာသီ၊ ရွှေတောင်၊ ပိတောက်ကုန်း၊ လက်ပံကြီးတော၊ ပေါက်ကုန်း၊ ကျွဲတဲ၊ ကျီကုန်း၊ အင်တိုင်း စတဲ့ကျေးရွာဟောင်း တွေလည်း ပြန်ပေါ်နေတာဖြစ်ပါတယ်။

သွားရောက်ကြည့်ရှုခဲ့သူ ကျွန်းလှမြို့ဒေသခံ ကိုထက်က"အရင်တပတ်လောက်က စပြီးတော့ ရွာပေါ်တယ်ဆိုပြီး သွားကြည့်နေကြတာ။ တနေ့ကို လူ၅၀၊ ၁၀၀ ဝန်းကျင် သွားကြည့်နေကြတယ်။ အလွမ်းပြေ၊ အမှတ်တရပေါ့။ အိုးကုန်း​ကျောင်း ဘုရား​၊ ရွှေအလည်​​ကျောင်းဘုရား၊ မြို့မရဲစခန်းမှ လက်​နက်​တိုက်​နဲ့ ရွာသီရွာ​ဟောင်း​နေရာတွေကို ပိတောက်မြိုင်ရပ် မြို့မရုံးဦး​ကျောင်းဆရာ​တော်​ရဲ့ ဦး​ဆောင်​မှုနဲ့ သွားကြည့်ကြတာ။ အတိတ်ကို သတိရပြီး ဝမ်းနည်းဝမ်းသာတွေလည်း ဖြစ်ကြတာပေါ့။"လို့ ဒီဗွီဘီကို ပြောပါတယ်။

သဖန်းဆိပ်ရေလှောင်တမံကို ၁၉၉၆-၉၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး  ကျွန်းလှမြို့အပါအဝင် ကျေးရွာပေါင်း ၇၃ ရွာ ရေအောက်နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ 

သဖန်းဆိပ်ရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ်အသားက ၅၄၅ ဖြစ်ပေမယ့် လက်ရှိမှာ ၅၀၆ အထိ ကျဆင်းနေတာပါ။ မိုးခေါင်ရေရှားမှုကြောင့် ကန်ရေပမာဏနည်းပါးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နွေစပါးစိုက်ရာသီမှာလည်း ရေလုံလောက်အောင် မပေးနိုင်ခဲ့သလို လက်ရှိမိုးရာသီမှာလည်း လုံလောက်အောင် မပေးနိုင်တဲ့အပြင် အခုလို ရေအောက်နစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေပါ ပြန်ပေါ်နေတာဖြစ်ပါတယ်။ 

ရေနည်းလို့ တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် ရေလုံလောက်မှုမရှိဖြစ်နေရသလို တဖက်မှာလည်း ရွာဟောင်းတွေပြန်ပေါ်လာတဲ့အတွက် စိတ်ဒဏ်ရာတွေ ပြန်ခံစားနေကြရတယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ကျွန်းလှမြို့ဟောင်းရဲ့ နာရီစင်  သဘာဝဘေးဒဏ် ကြောင့် ရေအောက်ကို ပြိုကျသွားခဲ့ပါသေးတယ်။

ကျွန်းလှမြို့နယ်အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ မိုးရွာရက် ၃၂ ရက်မှာ မိုးရေချိန်၁၄.၀၆ လက်မရွာသွန်းခဲ့ပါတယ်။ 

ရွာသွန်းမြဲမိုးရေချိန်အောက် ဇွန်၊ ဇူလိုင်လတွေမှာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနရဲ့ မိုးရွာသွန်းမှု အခြေအနေစာရင်းတွေအရ သိရပါတယ်။




သဖန္းဆိပ္ေရေလွာင္တမံအတြင္း ေရေအာက္႐ြာမ်ား ျပန္ေပၚလာ
ေအာင္ကိုလတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန႔္ဘလူခ႐ိုင္၊ ကြၽန္းလွၿမိဳ႕နယ္ရွိ သဖန္းဆိပ္ေရေလွာင္တမံအ တြင္းမွာ ေရနည္းပါးေနတာေၾကာင့္ ေရေအာက္နစ္ျမဳပ္ခဲ့တဲ့ ေက်း႐ြာတခ်ိဳ႕ လြန္ခဲ့တဲ့ ၁ ပတ္ေလာက္စတင္ကာ ျပန္ေပၚေနၿပီး အလြမ္းေျပသြားေရာက္ၾကည့္ရႈ႕သူေတြနဲ႔ စည္ကားေနပါတယ္။

အခုလို ေရေအာက္က ေက်း႐ြာေတြ ျပန္ေပၚလာတာက တမံတည္ေဆာက္ၿပီး ႏွစ္ေပါင္း ၂၀ အတြင္း ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ပထမအႀကိမ္ကေတာ့ တမံတည္ေဆာက္ၿပီး ၂ ႏွစ္ခန႔္အၾကာမွာ ျပန္ေပၚခဲ့ပါတယ္။

လက္ရွိမွာေတာ့ ကြၽန္းလွၿမိဳ႕ေဟာင္းအပါအဝင္ တင္းတိန္ရံ၊ ႐ြာသီ၊ ေ႐ႊေတာင္၊ ပိေတာက္ကုန္း၊ လက္ပံႀကီးေတာ၊ ေပါက္ကုန္း၊ ကြၽဲတဲ၊ က်ီကုန္း၊ အင္တိုင္း စတဲ့ေက်း႐ြာေဟာင္း ေတြလည္း ျပန္ေပၚေနတာျဖစ္ပါတယ္။

သြားေရာက္ၾကည့္ရႈခဲ့သူ ကြၽန္းလွၿမိဳ႕ေဒသခံ ကိုထက္က"အရင္တပတ္ေလာက္က စၿပီးေတာ့ ႐ြာေပၚတယ္ဆိုၿပီး သြားၾကည့္ေနၾကတာ။ တေန႔ကို လူ၅၀၊ ၁၀၀ ဝန္းက်င္ သြားၾကည့္ေနၾကတယ္။ အလြမ္းေျပ၊ အမွတ္တရေပါ့။ အိုးကုန္း​ေက်ာင္း ဘုရား​၊ ေ႐ႊအလည္​​ေက်ာင္းဘုရား၊ ၿမိဳ႕မရဲစခန္းမွ လက္​နက္​တိုက္​နဲ႔ ႐ြာသီ႐ြာ​ေဟာင္း​ေနရာေတြကို ပိေတာက္ၿမိဳင္ရပ္ ၿမိဳ႕မ႐ုံးဦး​ေက်ာင္းဆရာ​ေတာ္​ရဲ႕ ဦး​ေဆာင္​မႈနဲ႔ သြားၾကည့္ၾကတာ။ အတိတ္ကို သတိရၿပီး ဝမ္းနည္းဝမ္းသာေတြလည္း ျဖစ္ၾကတာေပါ့။"လို႔ ဒီဗြီဘီကို ေျပာပါတယ္။

သဖန္းဆိပ္ေရေလွာင္တမံကို ၁၉၉၆-၉၇ ခုႏွစ္က စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး ကြၽန္းလွၿမိဳ႕အပါအဝင္ ေက်း႐ြာေပါင္း ၇၃ ႐ြာ ေရေအာက္နစ္ျမဳပ္ခဲ့တာျဖစ္ပါတယ္။

သဖန္းဆိပ္ေရေလွာင္တမံရဲ႕ ကန္ေရျပည့္အမွတ္အသားက ၅၄၅ ျဖစ္ေပမယ့္ လက္ရွိမွာ ၅၀၆ အထိ က်ဆင္းေနတာပါ။ မိုးေခါင္ေရရွားမႈေၾကာင့္ ကန္ေရပမာဏနည္းပါးခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ ေႏြစပါးစိုက္ရာသီမွာလည္း ေရလုံေလာက္ေအာင္ မေပးႏိုင္ခဲ့သလို လက္ရွိမိုးရာသီမွာလည္း လုံေလာက္ေအာင္ မေပးႏိုင္တဲ့အျပင္ အခုလို ေရေအာက္နစ္ျမဳပ္ခဲ့တဲ့ ေက်း႐ြာေတြပါ ျပန္ေပၚေနတာျဖစ္ပါတယ္။

ေရနည္းလို႔ ေတာင္သူေတြ လယ္ယာစိုက္ပ်ိဳးေရးအတြက္ ေရလုံေလာက္မႈမရွိျဖစ္ေနရသလို တဖက္မွာလည္း ႐ြာေဟာင္းေတြျပန္ေပၚလာတဲ့အတြက္ စိတ္ဒဏ္ရာေတြ ျပန္ခံစားေနၾကရတယ္လို႔ လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၁၈ ရက္ေန႔ကလည္း ကြၽန္းလွၿမိဳ႕ေဟာင္းရဲ႕ နာရီစင္ သဘာဝေဘးဒဏ္ ေၾကာင့္ ေရေအာက္ကို ၿပိဳက်သြားခဲ့ပါေသးတယ္။

ကြၽန္းလွၿမိဳ႕နယ္အေနနဲ႔ ၂၀၁၉ ခုႏွစ္အတြင္း ဇန္နဝါရီလကေန ဇူလိုင္လကုန္အထိ မိုး႐ြာရက္ ၃၂ ရက္မွာ မိုးေရခ်ိန္၁၄.၀၆ လက္မ႐ြာသြန္းခဲ့ပါတယ္။

႐ြာသြန္းၿမဲမိုးေရခ်ိန္ေအာက္ ဇြန္၊ ဇူလိုင္လေတြမွာ သိသိသာသာ က်ဆင္းခဲ့တယ္လို႔ စစ္ကိုင္းတိုင္း စိုက္ပ်ိဳးေရးဦးစီးဌာနရဲ႕ မိုး႐ြာသြန္းမႈ အေျခအေနစာရင္းေတြအရ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013