DVB Logo
Home
Lead Story
အံ့ဖွယ်မှော်အစွမ်းဖြင့် Myanmar’s Got Talent ဖိုင်နယ်တက်ရောက်သွားခဲ့သည့် မျက်လှည့်ဆရာ Damien(ရုပ်သံ) 
DVB
·
August 27, 2019
အံ့ဖွယ်မှော်အစွမ်းဖြင့် Myanmar’s Got Talent ဖိုင်နယ်တက်ရောက်သွားခဲ့သည့် မျက်လှည့်ဆရာ Damien(ရုပ်သံ) 
Donate to DVB

သီတင်းပတ် တပတ်ထက်တပတ် ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့တဲ့ Myanmar’s Got Talent ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ မျက်လှည့်ဆရာ Damien က အံ့ဖွယ် မှော်ပညာအစွမ်းပြကာ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှ ပြိုင်ပွဲဝင်ပေါင်းများစွာက ကျွမ်းကျင်ရာ အနုပညာ၊ ဂီတ၊ သဘင်၊ လက်မှုစတဲ့ အမျိုးမျိုးသော စွမ်းရည်တွေနဲ့ အစွမ်းပြယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။

ရှေ့က ပြိုင်ပွဲအဆင့်တွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိ လာခဲ့သူ Damien ကတော့ မနှစ်ကလည်း ပြိုင်ပွဲဝင်ခဲ့သူတဦးဖြစ်တာ ဒိုင်တွေထဲက တ ဦးဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်ဆီက Golden Buzzer ရရှိထားခဲ့ သူလည်း ဖြစ်ပါတယ်။

ခုအဆင့်မှာတော့ သူက စာရွက်လွတ်တခုပေါ်မှာ အရုပ်တရုပ်ရေးဆွဲလိုက်ပြီး အဲ ဒီအရုပ်ကလေးက သက်ဝင်လှုပ်ရှားပြီး ပရိသတ်နဲ့ စကားပြောဆက်သွယ်ကာ မိတ်ဆက် စေပြီး အားလုံးကို ဖမ်းစားလိုက်နိုင်ခဲ့တာကို တွေ့ရမှာပါ။

အဲဒီနောက်တော့ အဲဒီစာရွက်ကလေးကို ဒိုင်တွေဆီပို့ခဲ့ကာ သူနဲ့အတူ ချိတ်ဆက် မှုရှိကြောင်း ပြောခဲ့ကာ မို့မို့မြင့်အောင်ကို သွားရောက်လည်ပတ်လိုတဲ့ နိုင်ငံတနိုင်ငံကို ရွေးချယ်စေခဲ့တာပါ။

မို့မို့မြင့်အောင်က သူလည်ပတ်လိုတဲ့ နိုင်ငံဟာ ကိုရီးယားနိုင်ငံလို့ ဖြေခဲ့ပြီးနောက် မှာတော့ Damien ဟာ သူ့ရဲ့ မျက်လုံးကို စည်းလိုက်တာပါ။ အဲဒီနောက်တော့ အဲဒီခရီး စဉ်အတွက် လက်မှတ်နံပါတ်ကို ဒိုင်တဦးဖြစ်တဲ့ ခိုင်သင်းကြည်ကို ဖဲချပ်တွေကတဆင့် ရွေးစေခဲ့တာပါ။ နောက်ထပ်ကျန်နေတဲ့ ဒိုင်တဦးဖြစ်တဲ့ မောင်မောင်အေးကိုတော့ ခုံနံ ပါတ်ကို ရွေးစေခဲ့ကာ ဒါရိုက်တာမောင်သီကိုတော့ လေယာဉ်နံပတ်ကို ရွေးစေခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ သူနဲ့ အရုပ်ကလေးကြား ဆက်သွယ်မှုအရ ခရီးစဉ် လက် မှတ်နံပတ်၊ ခုံနံပတ်နဲ့ လေယာဉ်နံပတ်ကို မှန်ကန်အောင် ဖြေပေးခဲ့ချိန်မှာတော့ ဒိုင်တွေ ရော၊ ပရိသတ်တွေဆီကပါ အံ့အားတသင့်နဲ့ အော်ဟစ်အားပေးခဲ့ကြတာပါ။

တဆင့်ချင်း သူ့ရဲ့ မျက်လှည့်ပြကွက်တွေဟာ အားလုံးကို မျက်တောင် မခပ်စ တမ်း ဖမ်းစားထားနိုင်ခဲ့ပြီး စင်ပေါ်ကနေတဆင့် ဒိုင်တွေထဲကတဦးဖြစ်တဲ့ မောင်သီရဲ့ ကုတ်အင်္ကျီအိတ်ထဲကို ရောက်အောင် အဝေးကမှော်အစွမ်းနဲ့ ပစ်ထည့်ကာ အဆုံးသတ် အစွမ်းပြခဲ့ချိန်မှာတော့ ဒိုင်တွေနဲ့ ပရိသတ်တွေကို အဆုံးစွန်ထိ အံ့အားသင့်စေခဲ့ပြီ ဖြစ်ပါ တယ်။

Myanmar’s Got Talent ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ ၆ နှစ်တိုင်ခဲ့ ပြီဖြစ်ကာ တတိယမြောက်သီတင်းပတ်အဖြစ် ကျင်းပတဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ Damien က ပရိသတ်မဲအများဆုံးနဲ့ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ကာ သူနဲ့အတူ အက အနုပညာစွမ်းရည်ပြယှဉ်ပြိုင်ခဲ့တဲ့ သားတို့အမြွှာမိုးဖြိုးညီနောင်ကလည်း တက်ရောက် သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။




အံ့ဖြယ္ေမွာ္အစြမ္းျဖင့္ Myanmar’s Got Talent ဖိုင္နယ္တက္ေရာက္သြားခဲ့သည့္ မ်က္လွည့္ဆရာ Damien(႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB
သီတင္းပတ္ တပတ္ထက္တပတ္ ပိုၿပီးၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ့တဲ့ Myanmar’s Got Talent ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္မွာေတာ့ မ်က္လွည့္ဆရာ Damien က အံ့ဖြယ္ ေမွာ္ပညာအစြမ္းျပကာ ဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာေတာ့ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွ ၿပိဳင္ပြဲဝင္ေပါင္းမ်ားစြာက ကြၽမ္းက်င္ရာ အႏုပညာ၊ ဂီတ၊ သဘင္၊ လက္မႈစတဲ့ အမ်ိဳးမ်ိဳးေသာ စြမ္းရည္ေတြနဲ႔ အစြမ္းျပယွဥ္ၿပိဳင္ၾက ရတာ ျဖစ္ပါတယ္။

ေရွ႕က ၿပိဳင္ပြဲအဆင့္ေတြကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ထိေရာက္ရွိ လာခဲ့သူ Damien ကေတာ့ မႏွစ္ကလည္း ၿပိဳင္ပြဲဝင္ခဲ့သူတဦးျဖစ္တာ ဒိုင္ေတြထဲက တ ဦးျဖစ္တဲ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္ဆီက Golden Buzzer ရရွိထားခဲ့ သူလည္း ျဖစ္ပါတယ္။

ခုအဆင့္မွာေတာ့ သူက စာ႐ြက္လြတ္တခုေပၚမွာ အ႐ုပ္တ႐ုပ္ေရးဆြဲလိုက္ၿပီး အဲ ဒီအ႐ုပ္ကေလးက သက္ဝင္လႈပ္ရွားၿပီး ပရိသတ္နဲ႔ စကားေျပာဆက္သြယ္ကာ မိတ္ဆက္ ေစၿပီး အားလုံးကို ဖမ္းစားလိုက္ႏိုင္ခဲ့တာကို ေတြ႕ရမွာပါ။

အဲဒီေနာက္ေတာ့ အဲဒီစာ႐ြက္ကေလးကို ဒိုင္ေတြဆီပို႔ခဲ့ကာ သူနဲ႔အတူ ခ်ိတ္ဆက္ မႈရွိေၾကာင္း ေျပာခဲ့ကာ မို႔မို႔ျမင့္ေအာင္ကို သြားေရာက္လည္ပတ္လိုတဲ့ ႏိုင္ငံတႏိုင္ငံကို ေ႐ြးခ်ယ္ေစခဲ့တာပါ။

မို႔မို႔ျမင့္ေအာင္က သူလည္ပတ္လိုတဲ့ ႏိုင္ငံဟာ ကိုရီးယားႏိုင္ငံလို႔ ေျဖခဲ့ၿပီးေနာက္ မွာေတာ့ Damien ဟာ သူ႔ရဲ႕ မ်က္လုံးကို စည္းလိုက္တာပါ။ အဲဒီေနာက္ေတာ့ အဲဒီခရီး စဥ္အတြက္ လက္မွတ္နံပါတ္ကို ဒိုင္တဦးျဖစ္တဲ့ ခိုင္သင္းၾကည္ကို ဖဲခ်ပ္ေတြကတဆင့္ ေ႐ြးေစခဲ့တာပါ။ ေနာက္ထပ္က်န္ေနတဲ့ ဒိုင္တဦးျဖစ္တဲ့ ေမာင္ေမာင္ေအးကိုေတာ့ ခုံနံ ပါတ္ကို ေ႐ြးေစခဲ့ကာ ဒါ႐ိုက္တာေမာင္သီကိုေတာ့ ေလယာဥ္နံပတ္ကို ေ႐ြးေစခဲ့တာကို ေတြ႕ရပါတယ္။

အဲဒီေနာက္မွာေတာ့ သူနဲ႔ အ႐ုပ္ကေလးၾကား ဆက္သြယ္မႈအရ ခရီးစဥ္ လက္ မွတ္နံပတ္၊ ခုံနံပတ္နဲ႔ ေလယာဥ္နံပတ္ကို မွန္ကန္ေအာင္ ေျဖေပးခဲ့ခ်ိန္မွာေတာ့ ဒိုင္ေတြ ေရာ၊ ပရိသတ္ေတြဆီကပါ အံ့အားတသင့္နဲ႔ ေအာ္ဟစ္အားေပးခဲ့ၾကတာပါ။

တဆင့္ခ်င္း သူ႔ရဲ႕ မ်က္လွည့္ျပကြက္ေတြဟာ အားလုံးကို မ်က္ေတာင္ မခပ္စ တမ္း ဖမ္းစားထားႏိုင္ခဲ့ၿပီး စင္ေပၚကေနတဆင့္ ဒိုင္ေတြထဲကတဦးျဖစ္တဲ့ ေမာင္သီရဲ႕ ကုတ္အက်ႌအိတ္ထဲကို ေရာက္ေအာင္ အေဝးကေမွာ္အစြမ္းနဲ႔ ပစ္ထည့္ကာ အဆုံးသတ္ အစြမ္းျပခဲ့ခ်ိန္မွာေတာ့ ဒိုင္ေတြနဲ႔ ပရိသတ္ေတြကို အဆုံးစြန္ထိ အံ့အားသင့္ေစခဲ့ၿပီ ျဖစ္ပါ တယ္။

Myanmar’s Got Talent ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွာ က်င္းပလာခဲ့တာ ၆ ႏွစ္တိုင္ခဲ့ ၿပီျဖစ္ကာ တတိယေျမာက္သီတင္းပတ္အျဖစ္ က်င္းပတဲ့ ဆီမီးဖိုင္နယ္အဆင့္မွာေတာ့ Damien က ပရိသတ္မဲအမ်ားဆုံးနဲ႔ ဖိုင္နယ္ကိုတက္ေရာက္ႏိုင္ခဲ့ကာ သူနဲ႔အတူ အက အႏုပညာစြမ္းရည္ျပယွဥ္ၿပိဳင္ခဲ့တဲ့ သားတို႔အႁမႊာမိုးၿဖိဳးညီေနာင္ကလည္း တက္ေရာက္ သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013