DVB Logo
Home
မြန်မာသတင်း
ပြင်သစ်နိုင်ငံမှ ဝက်ကောင်ရေ ၂၇၀ကျော် နေပြည်တော်ရောက်ရှိ 
DVB
·
August 27, 2019
ပြင်သစ်နိုင်ငံမှ ဝက်ကောင်ရေ ၂၇၀ကျော် နေပြည်တော်ရောက်ရှိ 
1 / 4
Donate to DVB

ပြင်သစ်နိုင်ငံကနေ ဝက်မအကောင်ရေ ၂၅ဝ နဲ့ ဝက်သိုး ၂၁ ကောင် စုစုပေါင်း ၂၇၁ ကောင် တင်ဆောင်လာတဲ့လေယာဉ်ဟာ   ဩဂုတ် ၂၆ ရက် မနေ့ည ၈ နာရီခွဲလောက်က နေပြည်တော်လေဆိပ်ကို ရောက်ရှိလာပါတယ်။

ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ တောင်သူတွေအကျိုးဖြစ်ထွန်းစေရေးနဲ့ မျိုးကောင်းမျိုးသန့်ဝက်တွေကို ရရှိစေနိုင်ဖို့ရည်ရွယ်ပြီး ပြင်သစ်နိုင်ငံ (Topigs Norsvin) မှ ဝက်ကောင်ရေ ၂၇၁ ကောင်ကို မြန်မာနိုင်ငံသို့ တင်သွင်းပေးခဲ့တယ်လို့ De Heus Myanmar ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အဆိုပါ ဝက်တွေကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ကျေးရွာအုပ်စုမှာ မွေးမြူထုတ်လုပ်ပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ ဝက်မွေးမြူရေးလုပ်ငန်းရှင်အတွက် ပံ့ပိုပေးနိုင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဝက်တွေကို မွေးမြူတာနဲ့ပတ်သက်လို့ ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာ သန်းအေးက “မြန်မာဒီဟက်စ်က ကျနော်တို့ ကယားပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်တာပေါ့နော်။ ကျနော်တို့ ကယားပြည်နယ်ဟာ မဖွံ့ဖြိုးသေးဘူးဆိုတော့ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာ ဒါကတော့ မွေးမြူရေးကဏ္ဍမှာ တော်တော်ကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုပေါ့နော်။ ဒီရင်းနှီးမြှုပ်နှံမှု အပေါ်မှာတော့ ကျနော်တို့က အသီးအပွင့်ခံစားရမှာပေါ့နော်။ ဝက်ပေါက်တွေ ထွက်လာမယ်။ ဒီဝက်ပေါက်တွေက ကျနော်တို့ပြည်နယ်တင်မကဘူး၊ တနိုင်ငံလုံးကိုဖြန့်ဖို့ သူတို့ရည်ရွယ်ထားတာ ပေါ့နော်။ ကျနော်တို့ ဌာနအတွက်ကတော့ ဝက်ပေါက်တွေထွက်တဲ့ GDP တက်လာမှာပေါ့နော်။ အလားတူ နိုင်ငံခြားကုမွဏီလည်း ရင်းနှီးမြှုပ်နှံတဲ့အတွက်ကြောင့် နိုင်ငံတော်ကလည်း အခွန်အခတွေရလာမှာ ပေါ့နော်။ အဓိကကတော့ ကယားပြည်နယ် ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာမှာပေါ့။ လောလောဆယ်ကတော့ ဒေသတွင်းမှာရှိတဲ့ အလုပ်အကိုင်တွေ ရရှိလာမယ်။”

Royal De Heus ကုမ္ပဏီဟာ နိုင်ငံတကာစံချိန်မှီ အရည်အသွေးမြင့်မားတဲ့ တိရစ္ဆာန်အစာတွေကို ထုတ်လုပ်ဖြန့်ဖြူးပေးတဲ့ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတခု ဖြစ်ပြီး နယ်သာလန်နိုင်ငံရဲ့ အကြီးမားဆုံးကုမ္ပဏီတွေထဲက တခုဖြစ်ပါတယ်။

ဓာတ်ပုံ-Kaung Htet San




ျပင္သစ္ႏိုင္ငံမွ ဝက္ေကာင္ေရ ၂၇၀ေက်ာ္ ေနျပည္ေတာ္ေရာက္ရွိ
DVB

ျပင္သစ္ႏိုင္ငံကေန ဝက္မအေကာင္ေရ ၂၅ဝ နဲ႔ ဝက္သိုး ၂၁ ေကာင္ စုစုေပါင္း ၂၇၁ ေကာင္ တင္ေဆာင္လာတဲ့ေလယာဥ္ဟာ ဩဂုတ္ ၂၆ ရက္ မေန႔ည ၈ နာရီခြဲေလာက္က ေနျပည္ေတာ္ေလဆိပ္ကို ေရာက္ရွိလာပါတယ္။

ဝက္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္ေနၾကတဲ့ ေတာင္သူေတြအက်ိဳးျဖစ္ထြန္းေစေရးနဲ႔ မ်ိဳးေကာင္းမ်ိဳးသန႔္ဝက္ေတြကို ရရွိေစႏိုင္ဖို႔ရည္႐ြယ္ၿပီး ျပင္သစ္ႏိုင္ငံ (Topigs Norsvin) မွ ဝက္ေကာင္ေရ ၂၇၁ ေကာင္ကို ျမန္မာႏိုင္ငံသို႔ တင္သြင္းေပးခဲ့တယ္လို႔ De Heus Myanmar ကုမၸဏီက ထုတ္ျပန္ပါတယ္။

အဆိုပါ ဝက္ေတြကို ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ရွိ ေငြေတာင္ေက်း႐ြာအုပ္စုမွာ ေမြးျမဴထုတ္လုပ္ၿပီး ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ ဝက္ေမြးျမဴေရးလုပ္ငန္းရွင္အတြက္ ပံ့ပိုေပးႏိုင္ေစဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီဝက္ေတြကို ေမြးျမဴတာနဲ႔ပတ္သက္လို႔ ကယားျပည္နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဌာနမႉး ေဒါက္တာ သန္းေအးက “ျမန္မာဒီဟက္စ္က က်ေနာ္တို႔ ကယားျပည္နယ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္တာေပါ့ေနာ္။ က်ေနာ္တို႔ ကယားျပည္နယ္ဟာ မဖြံ႕ၿဖိဳးေသးဘူးဆိုေတာ့ ဘက္စုံ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္တဲ့ေနရာမွာ ဒါကေတာ့ ေမြးျမဴေရးက႑မွာ ေတာ္ေတာ္ႀကီးတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေပါ့ေနာ္။ ဒီရင္းႏွီးျမႇဳပ္ႏွံမႈ အေပၚမွာေတာ့ က်ေနာ္တို႔က အသီးအပြင့္ခံစားရမွာေပါ့ေနာ္။ ဝက္ေပါက္ေတြ ထြက္လာမယ္။ ဒီဝက္ေပါက္ေတြက က်ေနာ္တို႔ျပည္နယ္တင္မကဘူး၊ တႏိုင္ငံလုံးကိုျဖန႔္ဖို႔ သူတို႔ရည္႐ြယ္ထားတာ ေပါ့ေနာ္။ က်ေနာ္တို႔ ဌာနအတြက္ကေတာ့ ဝက္ေပါက္ေတြထြက္တဲ့ GDP တက္လာမွာေပါ့ေနာ္။ အလားတူ ႏိုင္ငံျခားကုမြဏီလည္း ရင္းႏွီးျမႇဳပ္ႏွံတဲ့အတြက္ေၾကာင့္ ႏိုင္ငံေတာ္ကလည္း အခြန္အခေတြရလာမွာ ေပါ့ေနာ္။ အဓိကကေတာ့ ကယားျပည္နယ္ ဝက္ေမြးျမဴေရး ဖြံ႕ၿဖိဳးတိုးတက္လာမွာေပါ့။ ေလာေလာဆယ္ကေတာ့ ေဒသတြင္းမွာရွိတဲ့ အလုပ္အကိုင္ေတြ ရရွိလာမယ္။”

Royal De Heus ကုမၸဏီဟာ ႏိုင္ငံတကာစံခ်ိန္မွီ အရည္အေသြးျမင့္မားတဲ့ တိရစာၦန္အစာေတြကို ထုတ္လုပ္ျဖန႔္ျဖဴးေပးတဲ့ ကမာၻ႔အဆင့္မီ ကုမၸဏီတခု ျဖစ္ၿပီး နယ္သာလန္ႏိုင္ငံရဲ႕ အႀကီးမားဆုံးကုမၸဏီေတြထဲက တခုျဖစ္ပါတယ္။
ဓာတ္ပုံ-Kaung Htet San

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013