DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
DVB
·
August 27, 2019
ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေ၊ ကျောင်းတွင်း လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သြဂုတ် ၂၆ ရက်က ရခိုင်ပြည်နယ် တခုလုံးက တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေက ကျောင်းသားတွေဟာ တပြိုင်နက်တည်း ဆန္ဒပြခဲ့ ကြပါတယ်။ 

သူတို့ရဲ့တောင်းဆိုချက်တွေထဲမှာ ကျောင်းသားတွေအပါအဝင် အပြစ်မဲ့အရပ်သားတွေကို အစိုးရတပ်က ဖမ်းဆီးနေတာ ချက်ချင်းရပ်တန့်ပေးဖို့၊ စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူတွေ ရဲ့ ပညာသင်စရိတ်ကို အစိုးရက ထောက်ပံ့ပေးဖို့၊ စစ်ဘေးရှောင်တွေကို ကူညီမယ့် ပြည်တွင်း ပြည်ပအဖွဲ့တွေကို ဝင်ခွင့်ပေးဖို့၊ ပိတ်ထားတဲ့အင်တာနက်ကို ဖွင့်ပေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်နိုင်ဌေးက “တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းမှာ ရှိနေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာသင်စရိတ်ကို အာဏာပိုင်တွေ ကပေးရမယ်ဆိုတဲ့ တောင်းဆိုချက်၊ နောက်ပြီးတော့ လတ်တလော ရခိုင်မှာ အပြစ်မဲ့ပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မတရားဖမ်းဆီးနေတာကို ချက်ချင်းရပ်ဖို့ တောင်းဆိုတယ်။ ကျောင်းတွင်းအနေနဲ့ဆိုလို့ရှိရင်တော့ ကျောင်းမှာအဓိကလိုအပ်နေတဲ့ ကျောင်းတွင်း လုံခြုံရေး အင်မတန်မှ ချိုးဖောက်ခံနေရတာကို တောင်းဆိုတယ်။ ဒါက ကျောင်းတွင်းမှာ အင်မတန်မှ အရေးကြီးနေတာကြောင့် တောင်းဆိုရတာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွက် ပညာရေးအသုံးစရိတ်တိုးမြှင့်ချပေးပြီး ကျောင်းတွင်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးရမယ်ဆိုတဲ့ အချက်တွေကိုလည်း တကျောင်းချင်းစီအလိုက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်က ဆန္ဒပြပွဲမှာပါဝင်တဲ့ မမြတ်အေးခိုင်က “နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်ငွေနည်းတယ်။ နောက်ပြီးတော့ လုံခြုံရေးက နိုင်ငံတော်က ချပေးတာမရှိဘူးပေါ့နော်။ အထက်က အရာရှိတွေကလည်း ကိုယ်ပိုင်ဘတ်ဂျက်နဲ့ လုပ်ဆောင်ရတဲ့ ပုံစံမျိုးပဲပြောတယ် ပေါ့နော်။ ဝန်ထမ်းကငှားလို့ရတယ်။ ဒါပေမယ့် မလောက်ငှဘူး ဖြစ်နေတယ်ပေါ့နော်။ ကျောင်းသူ ကျောင်းသားတွေမှာ ဆိုင်ကယ်စတန်းတွေထားတာတော့ မှန်တယ်ပေါ့။ ဒါပေမယ့် ပျောက်လို့ရှိရင် တကယ်တာဝန်ယူပေးမယ့်၊ တာဝန်ခံပေးမယ့်သူက မရှိဘူးပေါ့နော်။ ဒါကြောင့် ကျောင်းလုံခြုံရေးကိုပါ ထည့်သွင်းပြီး တောင်းဆိုရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တက္ကသိုလ်အဆင့်အနေနဲ့ စစ်တွေတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့ ရှိနေပြီး ဒီဂရီကောလိပ်အနေနဲ့တော့ တောင်ကုတ်ဒီဂရီ ကောလိပ်တို့ ရှိနေတာပါ။ အစပိုင်းမှာတော့ သူတို့ဟာ တနေရာတည်းမှာပဲ စုရုံးပြီး ဆန္ဒပြ တောင်းဆိုဖို့ စီစဉ်ခဲ့ကြပေမယ့် ခွင့်ပြုချက်မရခဲ့တာကြောင့် တကျောင်းချင်းစီမှာ ပြုလုပ်ခဲ့ကြ ရတာလို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ သူတို့တောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေရဲ့ အသံကို လျစ်လျူရှုမထားဘဲ အလေးအနက်ထား ဆောင်ရွက်ပေး စေချင်တယ်လို့လည်း ပြောဆိုကြပါတယ်။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို




ရခိုင္ျပည္နယ္တြင္ တကၠသိုလ္ေက်ာင္းသားမ်ား ဆႏၵျပ
ဝဏၰခြာညိဳ

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲနဲ႔ ဆက္စပ္တဲ့ကိစၥရပ္ေတြ၊ ေက်ာင္းတြင္း လိုအပ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၂၆ ရက္က ရခိုင္ျပည္နယ္ တခုလုံးက တကၠသိုလ္နဲ႔ ဒီဂရီေကာလိပ္ေတြက ေက်ာင္းသားေတြဟာ တၿပိဳင္နက္တည္း ဆႏၵျပခဲ့ ၾကပါတယ္။

သူတို႔ရဲ႕ေတာင္းဆိုခ်က္ေတြထဲမွာ ေက်ာင္းသားေတြအပါအဝင္ အျပစ္မဲ့အရပ္သားေတြကို အစိုးရတပ္က ဖမ္းဆီးေနတာ ခ်က္ခ်င္းရပ္တန႔္ေပးဖို႔၊ စစ္ေဘးေရွာင္ေက်ာင္းသား၊ ေက်ာင္းသူေတြ ရဲ႕ ပညာသင္စရိတ္ကို အစိုးရက ေထာက္ပံ့ေပးဖို႔၊ စစ္ေဘးေရွာင္ေတြကို ကူညီမယ့္ ျပည္တြင္း ျပည္ပအဖြဲ႕ေတြကို ဝင္ခြင့္ေပးဖို႔၊ ပိတ္ထားတဲ့အင္တာနက္ကို ဖြင့္ေပးရမယ္ဆိုတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

စစ္ေတြတကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠ႒ ကိုေက်ာ္ႏိုင္ေဌးက “တိုက္ပြဲေတြေၾကာင့္ ဒုကၡသည္စခန္းမွာ ရွိေနၾကတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ ပညာသင္စရိတ္ကို အာဏာပိုင္ေတြ ကေပးရမယ္ဆိုတဲ့ ေတာင္းဆိုခ်က္၊ ေနာက္ၿပီးေတာ့ လတ္တေလာ ရခိုင္မွာ အျပစ္မဲ့ျပည္သူေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြကို မတရားဖမ္းဆီးေနတာကို ခ်က္ခ်င္းရပ္ဖို႔ ေတာင္းဆိုတယ္။ ေက်ာင္းတြင္းအေနနဲ႔ဆိုလို႔ရွိရင္ေတာ့ ေက်ာင္းမွာအဓိကလိုအပ္ေနတဲ့ ေက်ာင္းတြင္း လုံၿခဳံေရး အင္မတန္မွ ခ်ိဳးေဖာက္ခံေနရတာကို ေတာင္းဆိုတယ္။ ဒါက ေက်ာင္းတြင္းမွာ အင္မတန္မွ အေရးႀကီေနတာေၾကာင့္ ေတာင္းဆိုရတာ ျဖစ္ပါတယ္"လို႔ ေျပာပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္အတြက္ ပညာေရးအသုံးစရိတ္တိုးျမႇင့္ခ်ေပးၿပီး ေက်ာင္းတြင္း လိုအပ္ခ်က္ေတြကို ျဖည့္ဆည္း ေပးရမယ္ဆိုတဲ့ အခ်က္ေတြကိုလည္း တေက်ာင္းခ်င္းစီအလိုက္ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

စစ္ေတြတကၠသိုလ္က ဆႏၵျပပြဲမွာပါဝင္တဲ့ မျမတ္ေအးခိုင္က “ႏိုင္ငံေတာ္က ခ်ေပးတဲ့ ဘတ္ဂ်က္ေငြနည္းတယ္။ ေနာက္ၿပီးေတာ့ လုံၿခဳံေရးက ႏိုင္ငံေတာ္က ခ်ေပးတာမရွိဘူးေပါ့ေနာ္။ အထက္က အရာရွိေတြကလည္း ကိုယ္ပိုင္ဘတ္ဂ်က္နဲ႔ လုပ္ေဆာင္ရတဲ့ ပုံစံမ်ိဳးပဲေျပာတယ္ ေပါ့ေနာ္။ ဝန္ထမ္းကငွားလို႔ရတယ္။ ဒါေပမယ့္ မေလာက္ငွဘူး ျဖစ္ေနတယ္ေပါ့ေနာ္။ ေက်ာင္းသူ ေက်ာင္းသားေတြမွာ ဆိုင္ကယ္စတန္းေတြထားတာေတာ့ မွန္တယ္ေပါ့။ ဒါေပမယ့္ ေပ်ာက္လို႔ရွိရင္ တကယ္တာဝန္ယူေပးမယ့္၊ တာဝန္ခံေပးမယ့္သူက မရွိဘူးေပါ့ေနာ္။ ဒါေၾကာင့္ ေက်ာင္းလုံၿခဳံေရးကိုပါ ထည့္သြင္းၿပီး ေတာင္းဆိုရတာျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တကၠသိုလ္အဆင့္အေနနဲ႔ စစ္ေတြတကၠသိုလ္၊ နည္းပညာ တကၠသိုလ္နဲ႔ ကြန္ပ်ဴတာတကၠသိုလ္တို႔ ရွိေနၿပီး ဒီဂရီေကာလိပ္အေနနဲ႔ေတာ့ ေတာင္ကုတ္ဒီဂရီ ေကာလိပ္တို႔ ရွိေနတာပါ။ အစပိုင္းမွာေတာ့ သူတို႔ဟာ တေနရာတည္းမွာပဲ စု႐ုံးၿပီး ဆႏၵျပ ေတာင္းဆိုဖို႔ စီစဥ္ခဲ့ၾကေပမယ့္ ခြင့္ျပဳခ်က္မရခဲ့တာေၾကာင့္ တေက်ာင္းခ်င္းစီမွာ ျပဳလုပ္ခဲ့ၾက ရတာလို႔ ဆိုပါတယ္။

ဆႏၵေဖာ္ထုတ္ရာမွာပါဝင္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကေတာ့ သူတို႔ေတာင္းဆိုတဲ့ ေက်ာင္းသားလူငယ္ေတြရဲ႕ အသံကို လ်စ္လ်ဴရႈမထားဘဲ အေလးအနက္ထား ေဆာင္႐ြက္ေပး ေစခ်င္တယ္လို႔လည္း ေျပာဆိုၾကပါတယ္။
သတင္း-ဓာတ္ပုံ-ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013