DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် ဖမ်းဆီးခံထားရသည့်  ဆရာဆရာမများ ပြန်လည်လွတ်မြောက်
DVB
·
August 27, 2019
ရနောင်းတွင် ဖမ်းဆီးခံထားရသည့်  ဆရာဆရာမများ ပြန်လည်လွတ်မြောက်
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့ရှိ ရနောင်းဌာနီကျောင်းမှာ ထိုင်း ဥပဒေနဲ့ညီညွှတ်မှုမရှိဘဲ ပညာသင်ပေးနေလို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက ဆရာဆရာမ ၃၂ ဦး မနေ့ညနေက ပြန်လွတ်လာကြပြီ ဖြစ်ပါတယ်။

အဆိုပါ ဆရာဆရာမတွေဟာ ခွင့်ပြုချက်မရတဲ့ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ရနောင်းခရိုင်အလုပ်သမားရုံးက ဒဏ်ငွေ ဘတ် ၅၀၀၀ စီ တပ်ပြီး မနေ့ညနေ ၅ နာရီခွဲလောက်က ပြန်လွှတ်ပေးလိုက်တာလို့  ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ရွှေ့ပြောင်းအလုပ်သမားရေးရာမှ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ် ။

“အလုပ်သမားဥပဒေမှာ ဝန်ကြီးဌာနကပြဋ္ဌာန်းထားတဲ့ ဖောရောဘော ဆိုတဲ့ ဥပဒေနဲ့ အလုပ်သမားဝန်ကြီး ဌာနလက်အောက်ခံ အလုပ်သမားစီမံခန့်ခွဲရေး စည်းကမ်းသတ်မှတ်ချက် ဖောရောကော ဆိုတာရှိတယ်။ ဆရာ ဆရာမတွေကိစ္စမှာ သက်ညှာစွာနဲ့ ဖောရောဘောဥပဒေနဲ့ မဆုံးဖြတ်ဘဲ အောက်ခြေစည်းကမ်း သတ်မှတ်ချက်နဲ့ပဲ  ဆုံးဖြတ်ပေးလိုက်တာကြောင့် တယောက်ကို ဘတ် ၅၀၀၀ ဒဏ်ကြေးသွင်းပြီး မနေ့ညနေက အားလုံးပြန်လွတ်လာပါပြီခင်ဗျ ။ ဒါပေမယ့် ကလေးတွေကို စာသင်လို့တော့မရဘူး ၊ အလည်အပတ်ပရမယ်”

အလုပ်သမားဝန်ကြီးဌာနဥပဒေနဲ့ ပြစ်ဒဏ်ချမယ်ဆိုရင် ဆရာဆရာမတွေဟာ တရားရုံးတက်ရမှာဖြစ်ပြီး ငွေဒဏ်အနည်းဆုံး ဘတ်ငွေ ၅၀၀၀ ကနေ  ၅၀၀၀၀ အထိ ကျခံရမှာဖြစ်ကာ ပြည်နှင်ဒဏ်ပါပေးခံရမှာဖြစ်ပါတယ်။

အခုလို ဆရာ/ဆရာမတွေ ပြန်လွတ်လာပေမယ့် စာသင်ခွင့်မရှိတော့တာကြောင့် ရနောင်းဌာနီကျောင်းက ကျောင်းသူကျောင်းသားပေါင်း ၁၀၀၀ ကျော် ဆရာမဲ့ဖြစ်သွားကြောင်း ၊ ကျောင်းဝင်စစ်ခံရကတည်းက ရနောင်းဌာနီကျောင်းနဲ့တကွ ရနောင်းခရိုင်ရှိ နားလည်မှုနဲ့ ဖွင့်ထားတဲ့ ရွှေ့ပြောင်းလုပ်သားကျောင်း ၊ learning Center တွေ စုစုပေါင်း ၁၀ ကျောင်းလောက်ပိတ်ထားရဆဲဖြစ်ပါတယ်။

ကျောင်းတွေပြန်ဖွင့်နိုင်ဖို့၊ ဆရာဆရာမတွေ ခန့်ထားနိုင်ဖို့ လောလောဆယ် ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့၊ ရနောင်းခရိုင်ရှိ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ညွှန်ကြားချက်အရ ရောက်ရှိလာတဲ့ အလုပ်သမားသံအရာရှိ၊ လူမှုဖွံ့ဖြိုးရေး အဖွဲ့တွေက သက်ဆိုင်ရာထိုင်းအာဏာပိုင်၊ ပညာရေးဌာန တို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆောင်ရွက်နေကြပါတယ်။ 

ရနောင်းမြို့က ရနောင်းဌာနီကျောင်းဟာ မြန်မာရွှေ့ပြောင်းလုပ်သားရင်သွေးငယ်တို့ ပညာရေးအတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဖွင့်လှစ်ထားခဲ့ပေမယ့် ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ တရားဝင်မှတ်ပုံတင်လို့ မရသေးပါဘူး။ 

ပြီးခဲ့တဲ့ စနေနေ့ကတော့ ထိုင်းအာဏာပိုင်တွေက အဆိုပါကျောင်းကို ရှောင်တခင်ဝင်ရောက် စစ်ဆေးပြီး ဥပဒေနဲ့ မညီတဲ့ ဆရာဆရာမတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။




ရေနာင္းတြင္ ဖမ္းဆီးခံထားရသည့္ ဆရာဆရာမမ်ား ျပန္လည္လြတ္ေျမာက္
နန္းျမနဒီ

ထိုင္းေတာင္ပိုင္း၊ ရေနာင္းၿမိဳ႕ရွိ ရေနာင္းဌာနီေက်ာင္းမွာ ထိုင္း ဥပေဒနဲ႔ညီၫႊတ္မႈမရွိဘဲ ပညာသင္ေပးေနလို႔ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံက ဆရာဆရာမ ၃၂ ဦး မေန႔ညေနက ျပန္လြတ္လာၾကၿပီ ျဖစ္ပါတယ္။

အဆိုပါ ဆရာဆရာမေတြဟာ ခြင့္ျပဳခ်က္မရတဲ့ ေက်ာင္းဆရာအလုပ္ကို ဝင္ေရာက္လုပ္ကိုင္ေနတာေၾကာင့္ ရေနာင္းခ႐ိုင္အလုပ္သမား႐ုံးက ဒဏ္ေငြ ဘတ္ ၅၀၀၀ စီ တပ္ၿပီး မေန႔ညေန ၅ နာရီခြဲေလာက္က ျပန္လႊတ္ေပးလိုက္တာလို႔ ထိုင္းေတာင္ပိုင္း ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း၊ ေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာမွ ကိုမင္းဦးက ဒီဗြီဘီကို ေျပာပါတယ္ ။

“အလုပ္သမားဥပေဒမွာ ဝန္ႀကီးဌာနကျပ႒ာန္းထားတဲ့ ေဖာေရာေဘာ ဆိုတဲ့ ဥပေဒနဲ႔ အလုပ္သမားဝန္ႀကီး ဌာနလက္ေအာက္ခံ အလုပ္သမားစီမံခန႔္ခြဲေရး စည္းကမ္းသတ္မွတ္ခ်က္ ေဖာေရာေကာ ဆိုတာရွိတယ္။ ဆရာ ဆရာမေတြကိစၥမွာ သက္ညႇာစြာနဲ႔ ေဖာေရာေဘာဥပေဒနဲ႔ မဆုံးျဖတ္ဘဲ ေအာက္ေျခစည္းကမ္း သတ္မွတ္ခ်က္နဲ႔ပဲ ဆုံးျဖတ္ေပးလိုက္တာေၾကာင့္ တေယာက္ကို ဘတ္ ၅၀၀၀ ဒဏ္ေၾကးသြင္းၿပီး မေန႔ညေနက အားလုံးျပန္လြတ္လာပါၿပီခင္ဗ် ။ ဒါေပမယ့္ ကေလးေတြကို စာသင္လို႔ေတာ့မရဘူး ၊ အလည္အပတ္ပရမယ္”

အလုပ္သမားဝန္ႀကီးဌာနဥပေဒနဲ႔ ျပစ္ဒဏ္ခ်မယ္ဆိုရင္ ဆရာဆရာမေတြဟာ တရား႐ုံးတက္ရမွာျဖစ္ၿပီး ေငြဒဏ္အနည္းဆုံး ဘတ္ေငြ ၅၀၀၀ ကေန ၅၀၀၀၀ အထိ က်ခံရမွာျဖစ္ကာ ျပည္ႏွင္ဒဏ္ပါေပးခံရမွာျဖစ္ပါတယ္။

အခုလို ဆရာ/ဆရာမေတြ ျပန္လြတ္လာေပမယ့္ စာသင္ခြင့္မရွိေတာ့တာေၾကာင့္ ရေနာင္းဌာနီေက်ာင္းက ေက်ာင္းသူေက်ာင္းသားေပါင္း ၁၀၀၀ ေက်ာ္ ဆရာမဲ့ျဖစ္သြားေၾကာင္း ၊ ေက်ာင္းဝင္စစ္ခံရကတည္းက ရေနာင္းဌာနီေက်ာင္းနဲ႔တကြ ရေနာင္းခ႐ိုင္ရွိ နားလည္မႈနဲ႔ ဖြင့္ထားတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေက်ာင္း ၊ learning Center ေတြ စုစုေပါင္း ၁၀ ေက်ာင္းေလာက္ပိတ္ထားရဆဲျဖစ္ပါတယ္။

ေက်ာင္းေတြျပန္ဖြင့္ႏိုင္ဖို႔၊ ဆရာဆရာမေတြ ခန႔္ထားႏိုင္ဖို႔ ေလာေလာဆယ္ ထိုင္းေတာင္ပိုင္း ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း FED အဖြဲ႕၊ ရေနာင္းခ႐ိုင္ရွိ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ အဖြဲ႕အစည္း၊ ထိုင္းႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံး ၫႊန္ၾကားခ်က္အရ ေရာက္ရွိလာတဲ့ အလုပ္သမားသံအရာရွိ၊ လူမႈဖြံ႕ၿဖိဳးေရး အဖြဲ႕ေတြက သက္ဆိုင္ရာထိုင္းအာဏာပိုင္၊ ပညာေရးဌာန တို႔နဲ႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ ေဆာင္႐ြက္ေနၾကပါတယ္။

ရေနာင္းၿမိဳ႕က ရေနာင္းဌာနီေက်ာင္းဟာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားရင္ေသြးငယ္တို႔ ပညာေရးအတြက္ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ကတည္းက ဖြင့္လွစ္ထားခဲ့ေပမယ့္ ထိုင္းႏိုင္ငံ ဥပေဒနဲ႔အညီ တရားဝင္မွတ္ပုံတင္လို႔ မရေသးပါဘူး။

ၿပီးခဲ့တဲ့ စေနေန႔ကေတာ့ ထိုင္းအာဏာပိုင္ေတြက အဆိုပါေက်ာင္းကို ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးၿပီး ဥပေဒနဲ႔ မညီတဲ့ ဆရာဆရာမေတြကို ဖမ္းဆီး ေခၚေဆာင္သြားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013