DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၇၀၀၀ ကျော် ပျက်စီး
DVB
·
August 27, 2019
ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၇၀၀၀ ကျော် ပျက်စီး
Donate to DVB

ကရင်ပြည်နယ်အတွင်းမှာ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီး မိုးစပါးဧက ၇၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သြဂုတ် ၂၆ ရက်နေ့ထိ ကောက်ခံရရှိထားတဲ့ စာရင်းတွေအရ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မိုးစပါးစိုက်ပျိုးဖို့ ဧက ၄၀၀,၀၀၀ ကျော်လျာထားပြီး စိုက်ပျိုးပြီး မိုးစပါးဧက ၂၆၀,၀၀၀ ကျော်မှာ သြဂုတ်လဆန်းပိုင်းကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု၊ တောင်ကျချောင်းရေနဲ့မြစ်ရေတက်လာမှုကြောင့် မိုးစပါးဧက ၂၃၀၀၀ ကျော်ရေလွှမ်းမိုးခံခဲ့ရတာပါ။

ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က “ရေလွှမ်းမိုးတဲ့ကာလ တပတ် ၁၀ ရက်လောက်ဆိုရင် သိပ်ထိခိုက်ပျက်စီးဖို့ အခြေအနေမရှိဘူး။ အခုက နှစ်ပတ်လောက်ဖြစ်သွားတဲ့အခြေအနေမှာ ကြာတော့ စိုက်ခင်းတွေပြန်ပေါ်လာတဲ့ အနေအထားမှာ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

လယ်သမားတွေအနေနဲ့ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပြန်လည်စိုက်ပျိုးဖို့ ငွေကြေးအပြင် လုပ်သားရှားပါးတဲ့ အခက်အခဲတွေရှိနေပြီး ပြန်လည်စိုက်ပျိုးမယ့် မိုးစပါးခင်းတွေ ထပ်မံရေကြီးနစ်မြုပ်မှာကို စိုးရိမ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဘားအံမြို့နယ်၊ ဖာလင်ကျေးရွာ၊ ဦးစောအောင်သန်းခင်က “တခါကုန်တာထက် နှစ်ခါ ကုန်တော့ ပိုဆိုးတာပေါ့။ စစိုက်တာ ကျပ် သုံးလေးသိန်းကုန်တာပေါ့။ ဒီလိုရေကြီးတာ မိုးလေဝသ သတိပေးတာတော့ မှန်တယ်။ ဒါပေမယ့် ကိုယ်က ဒီမှာစိုက်ထားပြီးမှ ရေကလာတော့ သေပြီပေါ့”လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ဖာလင်ကျေးရွာ၊ ဒေါ်နန်းအေးတင်က “စိုက်ထားတာလည်း ကုန်ပြီ။ နောက်ထပ်သေတာက ကြံဖန်ပြီးလုပ်ရတာပေါ့။ သူများဆီသွားယူပြီး စိုက်ပေါ့။ မစိုက်ရင်မစား ရတော့ဘူးပေါ့။ အဆင်မပြေလည်း ပြေသလောက် လုပ်ရတာပေါ့”လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ၄ ကြိမ်ကျော်လွန်ရောက်ရှိခဲ့တဲ့အပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စိုက်ပျိုးပြီးမိုးစပါးခင်း တွေ လေးကြိမ်တိုင် ရေကြီးနှစ်မြုပ်ခဲ့တဲ့အတွက် အခုနှစ်မှာလည်း ပြန်လည်စိုက်ပျိုးပြီးတာနဲ့ ရေနစ်မြုပ်မှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။

အခြားသီးနှံအနေနဲ့ မြဝတီမြို့နယ်မှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးပြီးဧက ၅၀၀၀၀ ကျော်မှာ ပျက်စီးမှုဧက ၄၆၀ ကျော်၊ ဖူးစားပြောင်းစိုက်ပျိုးပြီးဧက ၄၇၀ ကျော်မှာ ၅ ဧကပျက်စီးခဲ့ပါတယ်။

ပြည်နယ်အစိုးရနဲ့ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်ရဲ့ ညွှန်ကြားချက်တွေနဲ့ ဆင်းသုခမျိုးစပါး တင်း ၄၀၀၀၊ ရက် ၉၀ တင်း ၁၀၀၀၊ လုံးသွယ်မွှေးမျိုးစပါး တင်း ၁၀၀ စုစုပေါင်းတင်း ၅၁၀၀ သက်ဆိုင်ရာမြို့နယ်အလိုက် ဖြန့်ဝေထားပြီးဖြစ်သလို လိုအပ်တဲ့ဓာတ်မြေသြဇာတွေထည့်သွင်းနိုင်ဖို့ ဓာတ်မြေသြဇာအိတ် ၁၀၀၀၀ ကိုလည်း အရန်သင့်စုဆောင်းထားပြီးဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်




ကရင္ျပည္နယ္အတြင္း ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ မိုးစပါးဧက ၇၀၀၀ ေက်ာ္ ပ်က္စီး
DVB

ကရင္ျပည္နယ္အတြင္းမွာ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ စိုက္ပ်ိဳးၿပီး မိုးစပါးဧက ၇၀၀၀ ေက်ာ္ ပ်က္စီးခဲ့တယ္လို႔ ၾသဂုတ္ ၂၆ ရက္ေန႔ထိ ေကာက္ခံရရွိထားတဲ့ စာရင္းေတြအရ ကရင္ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ဦးသန္းထိုက္က ဒီဗြီဘီကို ေျပာပါတယ္။

ကရင္ျပည္နယ္အတြင္းမွာ မိုးစပါးစိုက္ပ်ိဳးဖို႔ ဧက ၄၀၀,၀၀၀ ေက်ာ္လ်ာထားၿပီး စိုက္ပ်ိဳးၿပီး မိုးစပါးဧက ၂၆၀,၀၀၀ ေက်ာ္မွာ ၾသဂုတ္လဆန္းပိုင္းကစတင္ၿပီး မိုးသည္းထန္စြာ ႐ြာသြန္းမႈ၊ ေတာင္က်ေခ်ာင္းေရနဲ႔ျမစ္ေရတက္လာမႈေၾကာင့္ မိုးစပါးဧက ၂၃၀၀၀ ေက်ာ္ေရလႊမ္းမိုးခံခဲ့ရတာပါ။

ျပည္နယ္ဦးစီးမႉး ဦးသန္းထိုက္က “ေရလႊမ္းမိုးတဲ့ကာလ တပတ္ ၁၀ ရက္ေလာက္ဆိုရင္ သိပ္ထိခိုက္ပ်က္စီးဖို႔ အေျခအေနမရွိဘူး။ အခုက ႏွစ္ပတ္ေလာက္ျဖစ္သြားတဲ့အေျခအေနမွာ ၾကာေတာ့ စိုက္ခင္းေတြျပန္ေပၚလာတဲ့ အေနအထားမွာ ပ်က္စီးသြားတယ္”လို႔ ေျပာပါတယ္။

လယ္သမားေတြအေနနဲ႔ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ မိုးစပါးျပန္လည္စိုက္ပ်ိဳးဖို႔ ေငြေၾကးအျပင္ လုပ္သားရွားပါးတဲ့ အခက္အခဲေတြရွိေနၿပီး ျပန္လည္စိုက္ပ်ိဳးမယ့္ မိုးစပါးခင္းေတြ ထပ္မံေရႀကီးနစ္ျမဳပ္မွာကို စိုးရိမ္ေနတယ္လို႔ လယ္သမားေတြက ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ ဖာလင္ေက်း႐ြာ၊ ဦးေစာေအာင္သန္းခင္က “တခါကုန္တာထက္ ႏွစ္ခါ ကုန္ေတာ့ ပိုဆိုးတာေပါ့။ စစိုက္တာ က်ပ္ သုံးေလးသိန္းကုန္တာေပါ့။ ဒီလိုေရႀကီးတာ မိုးေလဝသ သတိေပးတာေတာ့ မွန္တယ္။ ဒါေပမယ့္ ကိုယ္က ဒီမွာစိုက္ထားၿပီးမွ ေရကလာေတာ့ ေသၿပီေပါ့”လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ ဖာလင္ေက်း႐ြာ၊ ေဒၚနန္းေအးတင္က “စိုက္ထားတာလည္း ကုန္ၿပီ။ ေနာက္ထပ္ေသတာက ႀကံဖန္ၿပီးလုပ္ရတာေပါ့။ သူမ်ားဆီသြားယူၿပီး စိုက္ေပါ့။ မစိုက္ရင္မစား ရေတာ့ဘူးေပါ့။ အဆင္မေျပလည္း ေျပသေလာက္ လုပ္ရတာေပါ့”လို႔ ေျပာပါတယ္။

၂၀၁၈ ခုႏွစ္က ကရင္ျပည္နယ္အတြင္း သံလြင္ျမစ္ေရဟာ စိုးရိမ္ေရအမွတ္ကို ၄ ႀကိမ္ေက်ာ္လြန္ေရာက္ရွိခဲ့တဲ့အျပင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ စိုက္ပ်ိဳးၿပီးမိုးစပါးခင္း ေတြ ေလးႀကိမ္တိုင္ ေရႀကီးႏွစ္ျမဳပ္ခဲ့တဲ့အတြက္ အခုႏွစ္မွာလည္း ျပန္လည္စိုက္ပ်ိဳးၿပီးတာနဲ႔ ေရနစ္ျမဳပ္မွာကို လယ္သမားေတြက စိုးရိမ္ေနၾကပါတယ္။

အျခားသီးႏွံအေနနဲ႔ ျမဝတီၿမိဳ႕နယ္မွာ အေစ့ထုတ္ေျပာင္းစိုက္ပ်ိဳးၿပီးဧက ၅၀၀၀၀ ေက်ာ္မွာ ပ်က္စီးမႈဧက ၄၆၀ ေက်ာ္၊ ဖူးစားေျပာင္းစိုက္ပ်ိဳးၿပီးဧက ၄၇၀ ေက်ာ္မွာ ၅ ဧကပ်က္စီးခဲ့ပါတယ္။

ျပည္နယ္အစိုးရနဲ႔ စိုက္ပ်ိဳးေရးဦးစီးဌာန႐ုံးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔ ဆင္းသုခမ်ိဳးစပါး တင္း ၄၀၀၀၊ ရက္ ၉၀ တင္း ၁၀၀၀၊ လုံးသြယ္ေမႊးမ်ိဳးစပါး တင္း ၁၀၀ စုစုေပါင္းတင္း ၅၁၀၀ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ျဖန႔္ေဝထားၿပီးျဖစ္သလို လိုအပ္တဲ့ဓာတ္ေျမၾသဇာေတြထည့္သြင္းႏိုင္ဖို႔ ဓာတ္ေျမၾသဇာအိတ္ ၁၀၀၀၀ ကိုလည္း အရန္သင့္စုေဆာင္းထားၿပီးျဖစ္တယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။
သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013