DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် လမ်းသွားလမ်းလာများအား အုပ်စုဖွဲ့ရိုက်နှိက်သည့် လူငယ်အဖွဲ့ကို ဖမ်းဆီး
DVB
·
August 27, 2019
ပုသိမ်မြို့တွင် လမ်းသွားလမ်းလာများအား အုပ်စုဖွဲ့ရိုက်နှိက်သည့် လူငယ်အဖွဲ့ကို ဖမ်းဆီး
1 / 7
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့လယ်ကောင် မြကျွန်းသာအိမ်ရာအနီးမှာ သြဂုတ် ၂၅ ရက် ညနေပိုင်းက လမ်းသွားလမ်းလာတွေကို တုတ်၊ ဓားလက်နက်တွေနဲ့ အုပ်စုဖွဲ့ ရိုက်နှက်တဲ့ လူငယ်အဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မြကျွန်းသာအိမ်ရာအနီးမှာ အရက်သောက်ထားတဲ့ မင်းကို၊ ဝိုင်းချစ်နဲ့ ထွေးကိုပါ လူငယ် ၁၀ ဦးက ဆိုင်ကယ်တွေနဲ့ ဘုရားရှိခိုးကျောင်းက ပြန်လာသူ ၆ ဦးကို လည်းကောင်း၊ ဆိုင်ကယ်စီးသင်ဖို့ လာရောက်တဲ့ လူ ၄ ဦးကိုလည်းကောင်း တုတ်၊ ဓား၊ အုတ်နီခဲတွေနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ကျူးလွန်ခဲ့တဲ့ လူငယ် ၁၀ ဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့သူအားလုံးဟာ လူငယ်တွေဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးသုံးဦး ပါဝင်တဲ့အကြောင်းနဲ့  မူးယစ်ဆေးသုံးစွဲထားခြင်းရှိမရှိကို ဆက်လက်စစ်ဆေးသွားမယ်လို့ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

ခုလိုတိုက်ခိုက်ခံရသူတွေထဲက  ၇ ဦးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီး  ၁ ဦးကတော့ ဓားဒဏ်ရာတွေနဲ့ ဆေးရုံမှာ အရေးပေါ် တက်ရောက်ကုသနေရပါတယ်။

အရင်က အဲ့ဒီလမ်းကိုအမြဲတမ်းသွားနေကြဖြစ်ပေမယ့် အခင်းဖြစ်တဲ့နေမှာတော့ တိုက်ခိုက်တဲ့သူတွေက လိုက်လံပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေရတဲ့ စမျိုးဝေယံထက်ကပြောပါတယ်။

ကျူးလွန်ခဲ့တဲ့ လူငယ် ၁၀ ဦးကို ဘုရားကျောင်းက ပြန်လာသူတွေကို တိုက်ခိုက်ခဲ့မှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅၊ ၃၂၃၊ ၂၉၄၊ ၄၄၀၊ ၁၁၄ တွေနဲ့လည်းကောင်း ဆိုင်ကယ်စီးလာသင်သူတွေကို တိုက်ခိုက်ခဲ့မှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆၊ ၃၃၆၊ ၃၅၄၊ ၃၂၃၊ ၅၀၆၊ ၁၁၄ တွေနဲ့လည်းကောင်း ပုသိမ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

သတင်း -မြမင်းဦး(ပုသိမ်)၊ သော်ဇင်မျိုး




ပုသိမ္ၿမိဳ႕တြင္ လမ္းသြားလမ္းလာမ်ားအား အုပ္စုဖြဲ႕႐ိုက္ႏွိက္သည့္ လူငယ္အဖြဲ႕ကို ဖမ္းဆီး
DVB

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕လယ္ေကာင္ ျမကြၽန္းသာအိမ္ရာအနီးမွာ ၾသဂုတ္ ၂၅ ရက္ ညေနပိုင္းက လမ္းသြားလမ္းလာေတြကို တုတ္၊ ဓားလက္နက္ေတြနဲ႔ အုပ္စုဖြဲ႕ ႐ိုက္ႏွက္တဲ့ လူငယ္အဖြဲ႕ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။

ျမကြၽန္းသာအိမ္ရာအနီးမွာ အရက္ေသာက္ထားတဲ့ မင္းကို၊ ဝိုင္းခ်စ္နဲ႔ ေထြးကိုပါ လူငယ္ ၁၀ ဦးက ဆိုင္ကယ္ေတြနဲ႔ ဘုရားရွိခိုးေက်ာင္းက ျပန္လာသူ ၆ ဦးကို လည္းေကာင္း၊ ဆိုင္ကယ္စီးသင္ဖို႔ လာေရာက္တဲ့ လူ ၄ ဦးကိုလည္းေကာင္း တုတ္၊ ဓား၊ အုတ္နီခဲေတြနဲ႔ အုပ္စုဖြဲ႕ တိုက္ခိုက္ခဲ့တာ ျဖစ္တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ကေန သိရပါတယ္။

က်ဴးလြန္ခဲ့တဲ့ လူငယ္ ၁၀ ဦးကို ဖမ္းဆီးရမိၿပီျဖစ္တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႈး႐ုံးမွ ဒုရဲမႉးႀကီးထြန္းေ႐ႊက ေျပာပါတယ္။

တိုက္ခိုက္ခဲ့တဲ့သူအားလုံးဟာ လူငယ္ေတြျဖစ္ၿပီး အသက္မျပည့္ေသးတဲ့ ကေလးသုံးဦး ပါဝင္တဲ့အေၾကာင္းနဲ႔ မူးယစ္ေဆးသုံးစြဲထားျခင္းရွိမရွိကို ဆက္လက္စစ္ေဆးသြားမယ္လို႔ ဒုရဲမႉးႀကီးထြန္းေ႐ႊက ေျပာပါတယ္။

ခုလိုတိုက္ခိုက္ခံရသူေတြထဲက ၇ ဦးမွာ မစိုးရိမ္ရတဲ့ ဒဏ္ရာရရွိခဲ့ၿပီး ၁ ဦးကေတာ့ ဓားဒဏ္ရာေတြနဲ႔ ေဆး႐ုံမွာ အေရးေပၚ တက္ေရာက္ကုသေနရပါတယ္။

အရင္က အဲ့ဒီလမ္းကိုအၿမဲတမ္းသြားေနၾကျဖစ္ေပမယ့္ အခင္းျဖစ္တဲ့ေနမွာေတာ့ တိုက္ခိုက္တဲ့သူေတြက လိုက္လံၿပီး အေၾကာင္းမဲ့ တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ တိုက္ခိုက္မႈေၾကာင့္ ေဆးကုသမႈခံယူေနရတဲ့ စမ်ိဳးေဝယံထက္ကေျပာပါတယ္။

က်ဴးလြန္ခဲ့တဲ့ လူငယ္ ၁၀ ဦးကို ဘုရားေက်ာင္းက ျပန္လာသူေတြကို တိုက္ခိုက္ခဲ့မႈအတြက္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၅၊ ၃၂၃၊ ၂၉၄၊ ၄၄၀၊ ၁၁၄ ေတြနဲ႔လည္းေကာင္း ဆိုင္ကယ္စီးလာသင္သူေတြကို တိုက္ခိုက္ခဲ့မႈအတြက္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆၊ ၃၃၆၊ ၃၅၄၊ ၃၂၃၊ ၅၀၆၊ ၁၁၄ ေတြနဲ႔လည္းေကာင္း ပုသိမ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားပါတယ္။
သတင္း -ျမမင္းဦး(ပုသိမ္)၊ ေသာ္ဇင္မ်ိဳး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013