DVB Logo
Home
မြန်မာသတင်း
ဘာသာရေးအသင်းအဖွဲ့များကို ယခင်ကလည်း အလှူငွေပေးအပ်ခဲ့ဖူးဟု တပ်မတော်ပြော 
DVB
·
August 26, 2019
ဘာသာရေးအသင်းအဖွဲ့များကို ယခင်ကလည်း အလှူငွေပေးအပ်ခဲ့ဖူးဟု တပ်မတော်ပြော 
Donate to DVB

အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့တွေကို အလှူငွေ အထောက်အပံ့တွေ  ပေးတာက အခုမှပေးတာမဟုတ်ဘဲ အရင်ကလည်း ပေးခဲ့တာတွေရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ဘူးသီးတောင်၊ မောင်တောမှာ  ပဋိပက္ခဖြစ်ပွားပြီးချိန်မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့အဲဒီမှာရှိနေတဲ့ တိုင်းရင်းသားတွေ၊ နေရပ်စွန့်ခွာသူတွေ ကိုသာ ထောက်ပံ့မှုတွေပေးခဲ့တာ မဟုတ်သလို အဲဒီဒေသရှိ  မွတ်ဆလင်အသိုင်းအဝိုင်းကိုလည်း ထောက်ပံ့ပေးခဲ့တဲ့အပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့တွေကလည်း ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၅ ရက်က နေပြည်တော်၊ ပျဉ်းမနားမြို့မှာရှိတဲ့ ခရစ်ယာန်ဘာသာရေးအသင်းနဲ့ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့တွေကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေနဲ့ စေတနာရှင်ပြည်သူတွေက အလှူငွေပေးအပ်တာက စည်းလုံးညီညွတ်ရေးအရ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်မှုအဓိက လိုအပ်နေတဲ့အချိန်ဖြစ်သလို နိုင်ငံရေးအရ စည်းလုံးညီညွတ်မှု၊ လူမှုရေးအရစည်းလုံးညီညွတ်မှု ဘာသာရေးအရ စည်းလုံးညီညွတ်မှုတွေ လိုအပ်နေတဲ့အချိန်ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

သြဂုတ် ၂၅ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော်အကြီးအကဲတွေက နေပြည်တော် ပျဉ်းမနားမြို့မှာရှိတဲ့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်မှာ ဆရာတော် သံဃာတော်တွေကို လှူဖွယ်ဝတ္တုတွေဆပ်ကပ်ခဲ့ပါတယ်။ 

ဒါ့အပြင် ပျဉ်းမနားရှိ ခရစ်ယာန်ဘုရားကျောင်း (၁၀) ကျောင်းနဲ့ အစ္စလာမ် အာရဗီ အထက်တန်းကျောင်း ဗလီ ၁၃ ခုတို့ကိုလဲ အလှူငွေတွေနဲ့ ဆန်၊ ဆီ၊ ဆားတွေကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။




ဘာသာေရးအသင္းအဖြဲ႕မ်ားကို ယခင္ကလည္း အလႉေငြေပးအပ္ခဲ့ဖူးဟု တပ္မေတာ္ေျပာ
ေအာင္သူ
အစၥလာမ္နဲ႔ ခရစ္ယာန္ဘာသာေရးအသင္းအဖြဲ႕ေတြကို အလႉေငြ အေထာက္အပံ့ေတြ ေပးတာက အခုမွေပးတာမဟုတ္ဘဲ အရင္ကလည္း ေပးခဲ့တာေတြရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ဘူးသီးေတာင္၊ ေမာင္ေတာမွာ ပဋိပကၡျဖစ္ပြားၿပီးခ်ိန္မွာလည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔အဲဒီမွာရွိေနတဲ့ တိုင္းရင္းသားေတြ၊ ေနရပ္စြန႔္ခြာသူေတြ ကိုသာ ေထာက္ပံ့မႈေတြေပးခဲ့တာ မဟုတ္သလို အဲဒီေဒသရွိ မြတ္ဆလင္အသိုင္းအဝိုင္းကိုလည္း ေထာက္ပံ့ေပးခဲ့တဲ့အျပင္ နယ္လွည့္ေဆးကုသေရးအဖြဲ႕ေတြကလည္း ေဆးကုသေပးခဲ့တယ္လို႔ ဆိုပါတယ္။

ၾသဂုတ္ ၂၅ ရက္က ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕မွာရွိတဲ့ ခရစ္ယာန္ဘာသာေရးအသင္းနဲ႔ အစၥလာမ္ဘာသာေရးအသင္းအဖြဲ႕ေတြကို တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုေတြနဲ႔ ေစတနာရွင္ျပည္သူေတြက အလႉေငြေပးအပ္တာက စည္းလုံးညီၫြတ္ေရးအရ လုပ္ေဆာင္သင့္တဲ့ လုပ္ငန္းကို ေဆာင္႐ြက္ျခင္းသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိျမန္မာႏိုင္ငံဟာ စည္းလုံးညီၫြတ္မႈအဓိက လိုအပ္ေနတဲ့အခ်ိန္ျဖစ္သလို ႏိုင္ငံေရးအရ စည္းလုံးညီၫြတ္မႈ၊ လူမႈေရးအရစည္းလုံးညီၫြတ္မႈ ဘာသာေရးအရ စည္းလုံးညီၫြတ္မႈေတြ လိုအပ္ေနတဲ့အခ်ိန္ျဖစ္တယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ၾသဂုတ္ ၂၅ ရက္က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔တပ္မေတာ္အႀကီးအကဲေတြက ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕မွာရွိတဲ့ မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္မွာ ဆရာေတာ္ သံဃာေတာ္ေတြကို လႉဖြယ္ဝတၱဳေတြဆပ္ကပ္ခဲ့ပါတယ္။

ဒါ့အျပင္ ပ်ဥ္းမနားရွိ ခရစ္ယာန္ဘုရားေက်ာင္း (၁၀) ေက်ာင္းနဲ႔ အစၥလာမ္ အာရဗီ အထက္တန္းေက်ာင္း ဗလီ ၁၃ ခုတို႔ကိုလဲ အလႉေငြေတြနဲ႔ ဆန္၊ ဆီ၊ ဆားေတြကိုလည္း ေပးအပ္လႉဒါန္းခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013