DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းနှင့်ဗဟန်းမြို့နယ်၌ WY စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ဖမ်းဆီးရမိ
DVB
·
August 26, 2019
စမ်းချောင်းနှင့်ဗဟန်းမြို့နယ်၌ WY စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ဖမ်းဆီးရမိ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်မှာ စိတ်ကြွဆေးပြားပေါင်း ၁၆၉၂၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းအရ သိရပါတယ်။ 

ဩဂုတ် ၂၅ ရက် ၁၂အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ မြန်မာပလာဇာရှေ့မှာ လမ်းလျှောက်လာသူ ထွဋ်အောင်လွင်(၂၈)နှစ်နဲ့ ကြည်ခိုင်(၄၀)နှစ်တို့ကို စစ်ဆေးရာမှာ  WY စိတ်ကြွ ဆေးပြား ၄၀၀ ပြား၊ ဖုန်း ၂ လုံးတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့ ၂ ဦးကို စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်နေ မအေးအေးဝင်း(ခ)စုလှိုင် (၂၈နှစ်)ရဲ့ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာမှာ ရှိုးကေ့စ်ထဲမှာ ပလပ်စတစ်ပုံးနဲ့ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁၆၈၈၀၀ ပြား၊ ဖုန်း ၁ လုံး၊ ငွေ ၆၇၀၀၀ ကျပ်နှင့်အတူ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ 

အဆိုပါ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ထွဋ်အောင်လွင်၊ ကြည်ခိုင်နဲ့ မအေးအေးဝင်း(ခ)စုလှိုင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။ 




စမ္းေခ်ာင္းႏွင့္ဗဟန္းၿမိဳ႕နယ္၌ WY စိတ္ႂကြေဆးျပား ၁ သိန္းခြဲေက်ာ္ ဖမ္းဆီးရမိ
DVB
ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္နဲ႔ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပားေပါင္း ၁၆၉၂၀၀ ျပား ဖမ္းဆီးရမိခဲ့တယ္လို႔ ျပည္ထဲေရးသတင္းအရ သိရပါတယ္။

ဩဂုတ္ ၂၅ ရက္ ၁၂အခ်ိန္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြဟာ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံရပ္ကြက္၊ ျမန္မာပလာဇာေရွ႕မွာ လမ္းေလွ်ာက္လာသူ ထြဋ္ေအာင္လြင္(၂၈)ႏွစ္နဲ႔ ၾကည္ခိုင္(၄၀)ႏွစ္တို႔ကို စစ္ေဆးရာမွာ WY စိတ္ႂကြ ေဆးျပား ၄၀၀ ျပား၊ ဖုန္း ၂ လုံးတို႔ႏွင့္အတူ သိမ္းဆည္းရမိခဲ့ပါတယ္။

သူတို႔ ၂ ဦးကို စစ္ေဆးေပၚေပါက္ခ်က္အရ မြန္းလြဲ ၃ နာရီခြဲအခ်ိန္မွာ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေျမာက္ရပ္ကြက္ေန မေအးေအးဝင္း(ခ)စုလႈိင္ (၂၈ႏွစ္)ရဲ႕ ေနအိမ္သို႔ ဝင္ေရာက္ ရွာေဖြရာမွာ ရႈိးေက့စ္ထဲမွာ ပလပ္စတစ္ပုံးနဲ႔ထည့္ထားတဲ့ WY စိတ္ႂကြေဆးျပား ၁၆၈၈၀၀ ျပား၊ ဖုန္း ၁ လုံး၊ ေငြ ၆၇၀၀၀ က်ပ္ႏွင့္အတူ ထပ္မံသိမ္းဆည္းရမိခဲ့တယ္လို႔ဆိုပါတယ္။

အဆိုပါ မူးယစ္ေဆးဝါးေတြ လက္ဝယ္ေတြ႕ရွိမႈနဲ႔ ပတ္သက္ၿပီး ထြဋ္ေအာင္လြင္၊ ၾကည္ခိုင္နဲ႔ မေအးေအးဝင္း(ခ)စုလႈိင္တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013