DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၁ ပါးအပါအဝင် ၄ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာ
DVB
·
August 26, 2019
အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၁ ပါးအပါအဝင် ၄ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ မနေ့က ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာတော် တပါးအပါအဝင်  ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၅ ရက် ညနေပိုင်းက ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၁၇၀/၆-၇ ကြားမှာ ဖြိုးသူဟိန်း (ခ) ဘိုဘို မောင်းနှင်ပြီး လူ ၅ ဦး လိုက်ပါလာတဲ့ Surf ယာဉ်ဟာ ဝဲနောက်ဘီးပြုတ်ထွက်ပြီး လမ်းယာဘက်ခြမ်း တိမ်းမှောက်သွားခဲ့တာပါ။

ယာဉ်တိမ်းမှောက်တာကြောင့် ဖြိုးသူဟိန်းနဲ့ သံဃာတပါးအပါအဝင် ၄ ဦး ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူ ၂ ဦးထဲက ဦးဇင်းတပါး စိုးရိမ်ရပြီး ဆွာပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကုသထားတယ်လို့ သိရပါတယ်။ 

ယာဉ်မောင်း ဖြိုးသူဟိန်း (သေဆုံး)ကို သာဂရအမြန်လမ်းမကြီးရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။




အျမန္လမ္းတြင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ သံဃာ ၁ ပါးအပါအဝင္ ၄ ဦးေသဆုံး၊ ၂ ဦး ဒဏ္ရာ
DVB

ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္မွာ မေန႔က ယာဥ္တိမ္းေမွာက္မႈေၾကာင့္ သံဃာေတာ္ တပါးအပါအဝင္ ၄ ဦးေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

ဩဂုတ္ ၂၅ ရက္ ညေနပိုင္းက ေရတာရွည္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးမိုင္တိုင္ ၁၇၀/၆-၇ ၾကားမွာ ၿဖိဳးသူဟိန္း (ခ) ဘိုဘို ေမာင္းႏွင္ၿပီး လူ ၅ ဦး လိုက္ပါလာတဲ့ Surf ယာဥ္ဟာ ဝဲေနာက္ဘီးျပဳတ္ထြက္ၿပီး လမ္းယာဘက္ျခမ္း တိမ္းေမွာက္သြားခဲ့တာပါ။

ယာဥ္တိမ္းေမွာက္တာေၾကာင့္ ၿဖိဳးသူဟိန္းနဲ႔ သံဃာတပါးအပါအဝင္ ၄ ဦး ဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ပါတယ္။

ဒဏ္ရာရသူ ၂ ဦးထဲက ဦးဇင္းတပါး စိုးရိမ္ရၿပီး ဆြာျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့ကုသထားတယ္လို႔ သိရပါတယ္။

ယာဥ္ေမာင္း ၿဖိဳးသူဟိန္း (ေသဆုံး)ကို သာဂရအျမန္လမ္းမႀကီးရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ျပင္းထန္/ သာမန္နာက်င္ေစမႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013